Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဆင်ပေါင်ဝဲမြို့နယ်အတွင်း စစ်တပ်က ပြည်သူခြောက်ဦးကိုဓါးစာခံအဖြစ်ဖမ်းဆီး​ပြီးပဲခူးရိုးမဘက်စစ်ကြောင်းထိုးနေ

ဓါးစာခံများအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားခြင်းခံရသောပြည်သူများတွင် ဒေသခံအမျိုးသမီးတစ်ဦးနှင့် အမျိုးသားငါးဦးပါဝင်ပြီးယနေ့မတ် ၈ ရက်မနက်ပိုင်းအထိစစ်ကောင်စီတပ်က ပြန်လွှတ်ပေးခြင်း မရှိသေးပေ။

(စစ်​ကောင်စီတပ်ဖွဲ့ဝင်အချို့ ကချင်ပြည်နယ်တစ်​နေရာတွင်​၂၀၂၁ ခုနှစ်ကတွေ့ရစဥ်။ဓါတ်ပုံ-မြစ်ကြီးနားဂျာနယ်)
(စစ်​ကောင်စီတပ်ဖွဲ့ဝင်အချို့ ကချင်ပြည်နယ်တစ်​နေရာတွင်​၂၀၂၁ ခုနှစ်ကတွေ့ရစဥ်။ဓါတ်ပုံ-မြစ်ကြီးနားဂျာနယ်)

မကွေးတိုင်းအောင်လံခရိုင်ဆင်ပေါင်ဝဲမြို့နယ်တွင်စစ်ကောင်စီတပ်က အမျိုးသမီးတစ်ဦးနှင့် အမျိုးသားငါးဦးကို ဖမ်းဆီးပြီးဓါးစာခံအဖြစ်အသုံးပြု၍ ပဲခူးရိုးမသို့စစ်ကြောင်းထိုးဝင်ရောက်နေကြောင်း ဒေသအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့တစ်ခုက People’s Spring သတင်းဌာနသို့ ပြောသည်။

ဆင်ပေါင်ဝဲမြို့နယ် ကိုးပင် – သာဂရလမ်းပိုင်းရှိ ဘန်ကုန်းကျေးရွာဘက်တွင် စစ်တပ်အင်အား (၇၀) ကျော်၊ ဓနှုံးမြောင်ကျေးရွာဘက်တွင် အင်အား (၄၀)ကျော်၊ ကျင်းအုပ်စု ငါးရံ့ချောင်ကျေးရွာဘက်တွင် အင်အား (၁၀၀)ကျော်နှင့် ဂွေးထောက်စမ်းအုပ်စု ဝန်ကုန်းကျေးရွာဘက်တွင် အင်အား (၈၀)ဖြင့် စစ်ကြောင်းလေးကြောင်းခွဲကာ ပဲခူးရိုးမတောင်ခြေဘက်သို့ စစ်ကြောင်းထိုးနေခြင်းဖြစ်သည်။

“ ဓါးစာခံအဖြစ်အဖမ်းခံထားရတာဖြစ်နိုင်ပါတယ်။လွန်ခဲ့တဲ့သုံးရက်လောက်ကတည်းက အဲဒီ​ဒေသမှာ အမျိုး သမီးတစ်းဦး၊ အမျိုးသားငါးဦး ဖမ်းဆီးခံထားရပါတယ်” ဟုစစ်ကြောင်းများတစ်လျှောက် ဒေသခံပြည်သူခြောက်ဦးဖမ်းဆီးခံရမှုအား ဒေသအခြေစိုက် တော်လှန် ရေးတပ်ဖွဲ့ဝင်တစ်ဦးက People’s Spring သို့ပြောသည်။

အထက်ပါ စစ်ကောင်စီတပ်စစ်ကြောင်းများသည်ယမန်နေ့ မတ် ၇ ရက်တွင် ပဲခူးရိုးမပေါ်သို့ ရောက်ရှိသွားပြီဖြစ်ပြီး စုစုပေါင်း အင်အား (၃၀၀)ဝန်းကျင်ဖြင့် သုံးနေရာခွဲ၍ တပ်ဖြန့်ထားသည်ကို ဒေသခံပြည်သူများထံမှတဆင့် စုံစမ်းသိရကြောင်း ၎င်းတော်လှန်ရေးရဲဘော်က ရှင်းပြည်သည်။

ဓါးစာခံများအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားခြင်းခံရသောပြည်သူများတွင် ဒေသခံအမျိုးသမီးတစ်ဦးနှင့် အမျိုးသားငါးဦးပါဝင်ပြီးယနေ့မတ် ၈ ရက်မနက်ပိုင်းအထိစစ်ကောင်စီတပ်က ပြန်လွှတ်ပေးခြင်း မရှိသေးပေ။

အလားတူ ပဲခူးတိုင်း သာယာဝတီခရိုင် မင်းလှမြို့နယ်ဘက်မှနေ မင်းလှ – မြို့ချောင်းရိုးမဖြတ်လမ်းအတိုင်း ပဲခူးရိုးမပေါ်သို့ စစ်ကောင်စီတပ်များ စစ်ကြောင်းထိုးဝင်ရောက်နေကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ‘ရိုးမ’က အသိပေးထားသည်။

ထိုသို့ ပဲခူးရိုးမပေါ်သို့ ရိုးမဖြတ်လမ်းအတိုင်း စစ်ကားသုံးစီးဖြင့် ဝင်ရောက်လာရာတွင် မတ် ၂ ရက်က မင်းလှ – မြို့ချောင်းလမ်းပေါ် ခါချဥ်တောင်အနီး စစ်ကားတစ်စီးတိမ်းမှောက်ကာ စစ်ကောင်စီတပ်သားငါးဦးသေဆုံးသွားကြောင်း ‘ရိုးမ’တပ်ဖွဲ့က ထုတ်ပြန်ထားသည်။

You May Also Like

သတင်း

မတ်လ ၂ ရက်နေ့က ဆက်ကြေးတောင်းပြီးပြန်လာသော စစ်ကောင်စီတပ်သားနှစ်ဦးနှင့် ပျူစောထီးနှစ်ဦး ပေါင်းလေးဦးကို ကျောက်မပ်တပ်ကျေးရွာနှင့် မြင်းခွာအော်ရွာကြားတွင် LLPDF တပ်ဖွဲ့ဝင်များက လမ်းမှနေ၍ စောင့်ကြိုတိုက်ခိုက်ခဲ့ရာ သုံးဦးသေဆုံးသည့်အပြင် တပ်ကူလာသူများကိုပါ ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

သတင်း

စစ်ကောင်စီတပ်သည် ချင်းပြည်နယ်အတွင်း စစ်ကြောင်းထိုးမှုကို ၂၀၂၂ နှစ် မိုးကုန်ပိုင်းတွင် နောက်ဆုံးပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ထိုနောက်ပိုင်းတွင် ပထမဦးဆုံးအကြိမ်ပြန်လည် စစ်ကြောင်းထိုးလာခြင်းဖြစ်သည်ဟု PDF Zoland တာဝန်ရှိသူကပြောသည်။

သတင်း

ကျောက်ထုမြို့နယ်ရွာတစ်ရွာတွင်ယမန်နေ့( မတ်လ ၆ ရက်) ညနေ ၃နာရီခန့်က စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးရဲဘော်များ တိုက်ပွဲ ဖြစ်ပွားခဲ့စဥ်The Youth Force(​ဆောနှင့်​ကျောက်ထု) မှရဲဘော် ကိုဇင်ဖြိုးလွင် ကျဆုံးခဲ့ခြင်းဖြစ်သည်။

ဆောင်းပါး

ဖေဖော်ဝါရီ ၂၄ရက်က ပင်လောင်းမြို့နယ်၊ ဆောင်းပြောင်းကျေးရွာအဝင်ရှိစစ်ကောင်စီတပ်၏ စစ်ဆေးရေးဂိတ်ကို ကရင်နီကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များကတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်အထိနာပြီးဂိတ်စခန်းအားစွန့် ခွာထွက်ပြေးကြသည်။