Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

KNU သထုံခရိုင်တွင် စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်၍ ကလေးငယ်နှစ်ဦး အသက်ဆုံးရှုံး၊ ကလေးငယ်နှင့် အမျိုးသမီးတစ်ဦး ဒဏ်ရာရ

ခလရ (၂၄) တပ်သည် သထုံ-ဖားအံ အမြန်ကားလမ်းမကြီးဘေး ဒူးရင်းဆိပ်ရွာအနီးတွင် တည်ရှိသည့် တပ်ရင်းစခန်းဖြစ်ပြီး ၎င်းတို့ပစ်ခတ်သော လက်နက်ကြီးကြောင့် ကျုံမိန်ရွာနေ ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု ထုတ်ပြန်သည်။

(စစ်ကောင်စီတပ် ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည် သစ်ပင်တစ်ပင်အား ထိမှန်ထားစဥ်။ ဓာတ်ပုံ - KNU)
(စစ်ကောင်စီတပ် ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည် သစ်ပင်တစ်ပင်အား ထိမှန်ထားစဥ်။ ဓာတ်ပုံ - KNU)

▪️ညောင်လေးပင်ခရိုင်၌လည်း ဒေသခံသုံးဦး ဒဏ်ရာရ

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၁)နယ်မြေ သထုံခရိုင်(ဒူးသထူခရိုင်)တွင် စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်၍ ကလေးငယ် နှစ်ဦး အသက်ဆုံးရှုံးခဲ့ရကြောင်း KNUက ယနေ့ ထုတ်ပြန်သည်။

ယမန်နေ့(မတ်လ ၈ရက်)နံနက်ပိုင်းက အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်၏ ခလရ – ၂၄ တပ်ရင်းမှ ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်လိုက်သော လက်နက်ကြီး နှစ်လုံးသည် သထုံမြို့နယ်၊ ကျုံမှိန်ကျေးရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့ခြင်းဖြစ်သည်။

ယင်းသို့ ပေါက်ကွဲမှုကြောင့် အသက် (၉)နှစ်အရွယ် ကလေးငယ်နှင့် အသက်(၄၆)နှစ်အရွယ် အမျိုးသမီးတစ်ဦးတို့ ဒဏ်ရာရခဲ့ပြီး အသက်(၇)နှစ်အရွယ်နှင့် အသက်(၁၄)နှစ်အရွယ် ကလေးငယ်တို့ အသက်ဆုံးရှုံးခဲ့ရသည်ဟု ဖော်ပြထားသည်။ ထို့ပြင် နွားအချို့လည်း ထိခိုက်သေဆုံးခဲ့သည်ဟု ဆိုသည်။

ခလရ (၂၄) တပ်သည် သထုံ-ဖားအံ အမြန်ကားလမ်းမကြီးဘေး ဒူးရင်းဆိပ်ရွာအနီးတွင် တည်ရှိသည့် တပ်ရင်းစခန်းဖြစ်ပြီး ၎င်းတို့ပစ်ခတ်သော လက်နက်ကြီးကြောင့် ကျုံမိန်ရွာနေ ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု ထုတ်ပြန်သည်။

Public Service Announcement
Public Service Announcement

ညောင်လေးပင်ခရိုင် တပ်မဟာ(၃)နယ်မြေတွင်လည်း စစ်ကောင်စီတပ် လက်နက်ကြီး ပစ်ခတ်၍ ကျေးရွာနေ ပြည်သူ သုံးဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်း KNUက ထုတ်ပြန်သည်။

မတ်လ ၇ရက်က အင်အား ၃၀၀ခန့်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ညောင်လေးပင်ခရိုင် ပုဇွန်မြောင်းရွာ၌ ချထားခဲ့ကြောင်း အဆိုပါ စစ်ကောင်စီတပ်သည် မတ်လ ၈ရက် နံနက်မှစ၍ ဆောထိ(ရွှေကျင်)မြို့နယ်ရှိ ကျေးရွာများသို့ လက်နက်ကြီးဖြင့် ၂၄ကြိမ်ထက်မနည်း ပစ်ခတ်ခဲ့ရာ ဝိုင်ကျွန်းကျေးရွာတွင်းသို့ ကျရောက်ပေါက်ကွဲပြီး ဒေသခံများ ထိမှန်ဒဏ်ရာရခဲ့သည်ဟု ဆိုသည်။

ဒဏ်ရာရသူများမှာ ဝိုင်ကျွန်းရွာခံ အသက်(၅၃)နှစ်အရွယ် အမျိုးသားတစ်ဦး၊ သိုက်တူးကုန်းရွာ ခံ (၁၉)နှစ်အရွယ် လူငယ်တစ်ဦးနှင့် အသက် (၃၇)နှစ်အရွယ် အမျိုးသားတစ်ဦးတို့ ဖြစ်ပြီး သိုက်တူးကုန်းရွာ လက်နက်ကြီး ပေါက်ကွဲမှု ဖြစ်စဉ်၌ ဒဏ်ရာရသူများကို ဆေးကုသပေးလျက်ရှိကြောင်း KNUက အသိပေးထားသည်။

You May Also Like

သတင်း

မတ်လ ၉ရက်တွင် ပလက်၀မြို့နယ် ကိန်းကန်းကုန်းရွာနှင့် စခီဟာကျေးရွာအကြားရှိ လာကီချောင်းတစ်နေရာတွင် တိုက်ပွဲ နှစ်ကြိမ်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ နံနက် ၁၁နာရီခန့်တွင် မိနစ် ၄၀ ကျော်ကြာ တိုက်ပွဲဖြစ်ခဲ့ပြီး နေ့လည်ပိုင်းတွင် မိစနစ် ၂၀ခန့် တိုက်ပွဲဖြစ်ခဲ့သည်။

သတင်း

ဆိပ်မူရပ်ကွက် ဘွန်ဘရာကုန်းတွင်နေထိုင်သော ကျော်ငြိမ်းဆိုသူသည် နတ်မှော်ကျေးရွာလမ်းပေါ်တွင် ဖမ်းဆီးခရခြင်း ဖြစ်သည်။

သတင်း

KNU ဥက္ကဋ္ဌ ယာဉ်တန်းမိုင်းဆွဲခံရသည်ဆိုသည့် သတင်းမှာ မှားယွင်းကြောင်း၊ မိုင်းခွဲမှုကို မည်သည့်အဖွဲ့က ဆောင်ရွက်သည်ကို မသိရသေးကြောင်း ၎င်းကဆက်​ပြောသည်။

သတင်း

လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲမှုကြောင့် သိုက်တူးကုန်းမှ ပြည်သူနှစ်ဦး၊ ဝိုင်းကျေးရွာမှ တစ်ဦးနှင့် ကွင်းဒလရွာမှ ပြည်သူတစ်ဦး လက်နက်ကြီးစထိမှန်ကာ ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ဒေသခံများက ပြောသည်။