Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဖားကန့်တွင် တိမ်းရှောင်နေသော NLDပါတီဝင်အမျိုးသမီးတစ်ဦး သတင်းပေးတိုင်ကြားမှုကြောင့် မတရားဖမ်းဆီးခံရ

တန့်ဆည်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD) ပါတီဝင် ဒေါ်မာမာအေးကို ဖားကန့်မြို့နယ်၊ဖားပြင်ကျေးရွာတွင် စစ်ကောင်စီတပ်က မတ်လ ၆ရက် ညတွင် ဖမ်းဆီးသွားခြင်းဟု ဆိုသည်။

ဖားကန့်တွင် တိမ်းရှောင်နေသော NLDပါတီဝင်အမျိုးသမီးတစ်ဦး သတင်းပေးတိုင်ကြားမှုကြောင့် မတရားဖမ်းဆီးခံရ
ဖားကန့်တွင် တိမ်းရှောင်နေသော NLDပါတီဝင်အမျိုးသမီးတစ်ဦး သတင်းပေးတိုင်ကြားမှုကြောင့် မတရားဖမ်းဆီးခံရ

ကချင်ပြည်နယ် ဖားကန့်မြို့သို့ လာရောက်တိမ်းရှောင် နေသော တန့်ဆည်မြို့မှ NLD ပါတီဝင်အမျိုးသမီးတစ်ဦး သတင်းပေးတိုင်ကြားမှုကြောင့် စစ်ကောင်စီ ၏ မတရားဖမ်းဆီးခြင်းခံလိုက်ရကြောင်း ဖားကန့်ဒေသခံများက ပြောသည်။

တန့်ဆည်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD) ပါတီဝင် ဒေါ်မာမာအေးကို ဖားကန့်မြို့နယ်၊ဖားပြင်ကျေးရွာတွင် စစ်ကောင်စီတပ်က မတ်လ ၆ရက် ညတွင် ဖမ်းဆီးသွားခြင်းဟု ဆိုသည်။

” ဒေါ်မာမာအေးက သူ့ညီမအိမ်မှာလာရှောင်နေတာ။ ၆ရက်နေ့က ဖမ်းသွားတယ်။ ဖားကန့်ဗျူဟာစစ်ကြောရေးမှာလို့ကြားတယ်။ အောက်ပိုင်းခဏလာရှောင်နေတာကို ဖမ်းတယ်ဆိုတာ ဒလန် သတင်းပေးတာဗျ။ ဒလန်ကြောင့်ဖြစ်တာ” ဟု ဖားကန့်မြို့ ဒေသခံတစ်ဦးက ပြောသည်။

ဒေါ်မာမာအေးသည် အသက် (၄၀)ခန့် အမျိုးသမီးတစ်ဦးဖြစ်ပြီး ဖမ်းဆီးခံရပြီး ငါးရက်ကြာသည်အထိ အဆက်အသွယ်မရသေးသလို စစ်ကောင်စီလက်ထဲတွင် ဖမ်းဆီးခံထားရသည့် အခြေအနေအပေါ် စိုးရိမ်နေကြောင်း ဖားကန့်ဒေသခံ တော်လှန်ရေးအင်အားစုများက ပြောသည်။

စစ်တပ်က နိုင်ငံတော်အာဏာကိုသိမ်းယူပြီးချိန်မှစ၍ ဇန်နဝါရီ ၅ရက်အထိ ဥပဒေမဲ့ မတရားဖမ်းဆီးထိမ်းသိမ်းခံထားရသူ စုစုပေါင်း ၁၂,၆၇၀ ဦး ရှိရာ ၃,၇၅၈ ဦး ပြန်လည်လွတ်မြောက်လာပြီး ၉,၈၁၂ ဦးကျန်ရှိရာတွင် လွှတ်တော်ကိုယ်စားလှယ် ၈၀ ဦး အပါအဝင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင် ၁,၂၃၂ ဦးပါ‌ဝင်ကြောင်း၊ ဖမ်းဆီးထားစဉ်အတွင်းနှင့် အကြောင်းမဲ့ သတ်ဖြတ်ခံရသူ ၃,၃၄၆ ဦးရှိရာတွင် လွှတ်တော်ကိုယ်စားလှယ် နှစ် ဦးပါဝင်ခဲ့ပြီး အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီဝင် ၈၄ ဦး ပါဝင်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ ဗဟိုအလုပ်ကော်မတီက ဇန်နဝါရီ ၂၉ရက်တွင် ထုတ်ပြန်ထားသည်။

ထို့အပြင် နေအိမ်အပါအဝင် ပိုင်ဆိုင်မှုများ ချိပ်ပိတ်သိမ်းဆည်းခံရသူ ၆၀၅ ဦးရှိရာတွင် လွှတ် တော်ကိုယ်စားလှယ် ၂၀၆ ဦး၏ ပိုင်ဆိုင်မှုများပါဝင်ခဲ့ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင် ၃၇၁ ဦးတို့၏ ပိုင်ဆိုင်မှုလည်း ပါဝင်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။

You May Also Like

သတင်း

ဆိပ်မူရပ်ကွက် ဘွန်ဘရာကုန်းတွင်နေထိုင်သော ကျော်ငြိမ်းဆိုသူသည် နတ်မှော်ကျေးရွာလမ်းပေါ်တွင် ဖမ်းဆီးခရခြင်း ဖြစ်သည်။

သတင်း

ပြည်ပနိုင်ငံရောက် ပန်ဆယ်လိုက ၎င်းဖွင့်လှစ်လိုက်သည့် ဆိုင်တွင် ဇလုံကြီးဟင်းအနှစ်ထုပ်ရရှိနိုင်ကြောင်း ပုံတွဲတင်ခဲ့ရာမှတဆင့် ဇလုံကြီး Boycott ကိစ္စလူမှုကွန်ရက်တွင် ဝေဖန်မှုများရှိခဲ့သည်။

သတင်း

ဖားကန့်မြို့ မှော်ဝမ်းရပ်ကွက်ရှိ ရှု​ဒေါင်းသစ်လက်ဖက်ရည်ဆိုင်အတွင်းသို့ စစ်ကောင်စီတပ်က ယမန်နေ့(မတ်လ ၇ရက်)ည ၈နာရီခန့်တွင် ဝင်ရောက်အကြမ်းဖက်ပြီး လက်ဖက်ရည်သောက်နေသော အမျိုးသား ခုနစ်ဦးကို ဖမ်းဆီးသွားခြင်းဟု ဒေသခံများက ပြောသည်။

သတင်း

မတ်လ ၅ရက် ညပိုင်းက ဆိုင်းတောင်ရှိ စစ်ကောင်စီတပ်စွဲရာ နေရာသို့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။