Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မုံရွာ စက်မှုဇုန်လမ်းခွဲရှိ ကင်းပုန်းဝပ်စစ်သား သုံးဦး ပစ်ခတ်ခံရပြီး နှစ်ဦးသေ

မတ်လ ၈ ရက် နံနက်ပိုင်းကလည်း မုံရွာမြို့ ညောင်ပင်စောက်လဝကရုံးတွင် တပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ဒေသတွင်းPDFများက ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်အုပ်စုထိခိုက်သေဆုံးမှုများကြောင်း တော်လှန်ရေးအင်အားစုများက ထုတ်ပြန်ခဲ့သည်။

(ကင်းပုန်းဝပ်​နေ​သော စစ်သားများကို PDF များကပစ်ခတ်တိုက်ခိုက်​နေမှု။ဓါတ်ပုံ- Golden Eagle Force-Monywa-V2)
(ကင်းပုန်းဝပ်​နေ​သော စစ်သားများကို PDF များကပစ်ခတ်တိုက်ခိုက်​နေမှု။ဓါတ်ပုံ- Golden Eagle Force-Monywa-V2)

စစ်ကိုင်းတိုင်း၊ မုံရွာစက်မှုဇုန်လမ်းခွဲတွင် ကင်းပုန်းဝပ်နေသော စစ်ကောင်စီတပ်သား သုံးဦးအား သွားရောက်ပစ်ခတ်တိုက်ခိုက်ရာ နှစ်ဦးသေဆုံးသွားကြောင်း Golden Eagle Force-Monywa-V2 အဖွဲ့ခေါင်းဆောင် ဗိုလ်လင်းယုန်က ပြောကြားသည်။

ယမန်နေ့ (မတ်လ ၉ ရက်) နံနက် ၁၁နာရီဝန်းကျင်က မုံရွာမြို့၊ စက်မှုဇုန်လမ်းခွဲတွင် ကင်းပုန်းဝပ်နေသော စစ်ကောင်စီတပ်သား သုံးဦးအား သွားရောက်ပစ်ခတ်တိုက်ခိုက်ရာ နှစ်ဦးသေဆုံးပြီး တစ်ဦးခြေထောက်ထိမှန်သွားကြောင်းGolden Eagle Force အဖွဲ့ခေါင်းဆောင် ဗိုလ်လင်းယုန်က ပြောသည်။

ခြေထောက်ထိသော စစ်ကောင်စီတပ်သားက PDFရဲဘော်များ၏ကားအား ပြန်လည်ပစ်ခတ် သော်လည်း အထိခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း ၎င်းက ပြောသည်။

“ သတင်းပေးရဲ့မျက်မြင်ကိုယ်တွေ့အရ နှစ်ကောင်သေဆုံးတယ်ဆိုတာ သိခဲ့ရတာပါ။ ရဲဘော်တွေအကုန်ဘေးကင်းကြပါတယ်။ ကျွန်တော်တို့ပစ်ခဲ့တဲ့နေရာကို စကစယာဥ်တန်းဖြတ်တဲ့နေ့တွေမှာပဲ ကင်းပုန်းဝပ်ကြတာပါ။” ဟု Golden Eagleအဖွဲ့ခေါင်းဆောင် ဗိုလ်လင်းယုန်က ပြောသည်။

သေဆုံးထိခိုက်သော စစ်ကောင်စီတပ်သား သုံးဦးအား မုံရွာမြို့အဝင် မအူဂိတ်မှ စစ်အုပ်စုသည် အိမ်စီးကားဖြင့် ရောက်လာပြီး မြို့ထဲသို့ သယ်ဆောင်သွားကြောင်း သိရသည်။

သို့သော်စစ်ကောင်စီတပ်၏ ထိခိုက်သေဆုံးမှုအား သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

အဆိုပါ စစ်ဆင်ရေးကို Golden Eagle Force-Monywa-V2 နှင့်အတူ ပုဏ္ဏကပြောက်ကျားတပ်ဖွဲ့၊ Brothers Revolution Force-Monywa၊ တောကျွဲကြီး ပြောက်ကျားတပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထို့အပြင် ပြည်သူများအနေဖြင့် စစ်ကောင်စီတပ်နှင့်ဝေးရာတွင် ရှောင်ကွင်းသွားလာကြရန်နှင့် တက်နိုင်သရွေ့ ပါဝင်ထောက်ပံ့ပေးကြရန် Golden Eagle Force-Monywa-V2 က မေတ္တာရပ်ခံထားသည်။

မတ်လ ၈ ရက် နံနက်ပိုင်းကလည်း မုံရွာမြို့ ညောင်ပင်စောက်လဝကရုံးတွင် တပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ဒေသတွင်းPDFများက ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်အုပ်စုထိခိုက်သေဆုံးမှုများကြောင်း တော်လှန်ရေးအင်အားစုများက ထုတ်ပြန်ခဲ့သည်။

You May Also Like

သတင်း

မုံရွာ-မန္တလေးလမ်းပိုင်းတွင် စစ်ကောင်စီ၏ ယာဥ်များအား ​ဒေသတွင်း PDFအဖွဲ့များက မကြာခဏတိုက်ခိုက်လျက်ရှိပြီး ပြည်သူများအနေဖြင့် စစ်ကားများအနီး မောင်းနှင်သွားလာခြင်းမပြုရန် သတိပေးထားသည်။

သတင်း

ဖေဖော်ဝါရီ ၂၆ရက် ကလည်း တာတမောစခန်းမှ ရှားတော ဗျူဟာကုန်းသို့ ရီက္ခာပို့ရန် ဆောင်ရွက်နေစဉ် KA နှင့် KNDF ပူးပေါင်းတပ်က ဖြတ်တောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်က ၅ဦးသေဆုံးကာ အချို့ ဒဏ်ရာရခဲ့သည်ဟု အသိပေးသည်။

နိုင်ငံတကာ

ရဲတင်းလှတဲ့ အနုကြမ်းစီးမှုကို ကျူးလွန်တဲ့ အဖွဲ့အစည်းနဲ့ ပတ်သက်လို့တော့ ရဲတပ်ဖွဲ့က စုံစမ်း စစ်ဆေးမှုတွေ ဆက်လက် လုပ်ဆောင်နေဆဲပါ။ တောင်အမေရိက ဒေသတွင်းက ချီလီနိုင်ငံမှာ အုပ်စုဖွဲ့ ကျူးလွန်တဲ့ ရာဇဝတ်မှုတွေဟာ ပိုပြီး စိုးရိမ်စရာ အခြေအနေတွေ ဖြစ်လာပါတယ်။

သတင်း

တမုတ်ချုံရွာအနီးတိုက်ခိုက်မှုတွင် မြိတ်ဘက်မှ တနင်္သာရီဘက်သို့လာသော အင်အား (၁၀၀)ခန့်ပါ စစ်ကောင်စီယာဥ်သုံးစီးကို မတ်လ ၇ ရက် နံနက် ၈ နာရီခန့်တွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း မြိတ် ပ.က.ဖ မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။