Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မလေးရှားစူပါလိဂ်တွင်ဇော်မင်းထွန်းဂိုးသွင်းပြီးလက်သုံးချောင်ထောင်အောင်ပွဲခံ

ဇော်မင်းထွန်းပါဝင်သည့် ပီနန်းအသင်းနှင့် ခီဒအသင်းတို့သည် ယမန်နေ့က မလေးရှား FA Cup ရှုံးထွက်ပွဲစဥ်အဖြစ် ယှဥ်ပြိုင်ခဲ့ရာ အချိန်ပိုအပါအဝင် မိနစ် ၁၂၀အတွင်း တစ်ဖက်နှစ်ဂိုးစီ သရေကျ၍ ပင်နယ်တီအဆုံးအဖြတ် ကန်သွင်းခဲ့ရသည်။

ဓာတ်ပုံ - ပီနန်းအသင်း
ဓာတ်ပုံ - ပီနန်းအသင်း

မလေးရှားစူပါလိဂ်ကလပ် ပီနန်းအသင်းတွင်ကစားနေသည့် မြန်မာနောက်ခံလူ ဇော်မင်းထွန်းသည် ယမန်နေ့က ယှဥ်ပြိုင်သည့် မလေးရှား FA Cup ရှုံးထွက်ပွဲစဥ်တွင် ဂိုးသွင်းယူအပြီး၌ စစ်အာဏာရှင်ဆန့်ကျင်ရေး သင်္ကေတလက်သုံးချောင်းထောင်၍ အောင်ပွဲခံခဲ့သည်။

ဇော်မင်းထွန်းပါဝင်သည့် ပီနန်းအသင်းနှင့် ခီဒအသင်းတို့သည် ယမန်နေ့က မလေးရှား FA Cup ရှုံးထွက်ပွဲစဥ်အဖြစ် ယှဥ်ပြိုင်ခဲ့ရာ အချိန်ပိုအပါအဝင် မိနစ် ၁၂၀အတွင်း တစ်ဖက်နှစ်ဂိုးစီ သရေကျ၍ ပင်နယ်တီအဆုံးအဖြတ် ကန်သွင်းခဲ့ရသည်။

ယင်းပယ်နယ်တီ အဆုံးအဖြတ်၏ ပထမဆုံးပယ်နယ်တီကို ဇော်မင်းထွန်းက တည်တည်ငြိမ်ငြိမ်ဖြင့် အမှားအယွင်းမရှိ ကန်သွင်းယူခဲ့ပြီး စစ်အာဏာရှင် ဆန့်ကျင်ရေး သင်္ကေတလက်သုံးချောင်းထောင်၍ အောင်ပွဲခံခဲ့ခြင်း ဖြစ်သည်။

အဆိုပါပွဲတွင် ပီနန်းအသင်းက ခီဒအသင်းကို ပင်နယ်တီအဆုံးအဖြတ်ဖြင့် အနိုင်ရပြီး နောက်တစ်ဆင့်သို့ တက်ရောက်နိုင်ခဲ့သည်။

မြန်မာ့လက်ရွေးစင်အသင်းခေါင်းဆောင်ဟောင်း ဇော်မင်းထွန်းသည် လက်ရှိတွင် လက်ရွေးစင် ကစားသမားအဖြစ်မှ အနားယူကြောင်း ကြေညာထားသည့် ကစားသမားတစ်ဦးလည်း ဖြစ်သည်။

ဇော်မင်းထွန်း အပါအဝင် မြန်မာ့လက်ရွေးစင် အသင်း၏ နာမည်ကြီး ကစားသမားများ ဖြစ်သည့် အောင်သူ၊ ကျော်ကိုကို၊ ကျော်ဇင်ထက် စသည့် စီနီယာကစားသမားအများစုသည် စစ်အာဏာသိမ်းပြီးနောက်ပိုင်းတွင် လက်ရွေးစင်အဖြစ် ပါဝင်ကစားရန် ငြင်းပယ်ထားခဲ့ကြသည်။

အဓိက ကစားသမားအများစု မပါဝင်သည့် မြန်မာ့လက်ရွေးစင် အသင်းသည် စစ်အာဏာရှင် လက်အောက် ယှဥ်ပြိုင်ကစားသည့် နိုင်ငံတကာပွဲစဥ်တိုင်းတွင် ရှုံးနိမ့်ထားပြီး ဂျပန်အသင်းကို ၁၀ ဂိုး ဂိုးမရှိ၊ ကာဂျစ်စ္စတန် အသင်းကို ၈ ဂိုး ၁ ဂိုးတို့ဖြင့် သမိုင်းတစ်လျှောက် အဆိုးရွားဆုံး ရှုံးပွဲများကိုလည်း ကြုံတွေ့ထားရသည်။

You May Also Like

သတင်း

စစ်တပ်အာဏာသိမ်းမှုနောက်ပိုင်းမြန်မာနိုင်ငံရှိ လူ့အခွင့်အရေးချိုးဖောက်မှုများကို ထိရောက်စွာကိိုင်တွယ်ဖြေရှင်းနိုင်ရနန် အာဆီယံအနေဖြင့် ဘုံဆုံးဖြတ်ချက် အသစ်တစ်ရပ်ကို ထပ်မံချမှတ်ရမည်ဟု မလေးရှားဝန်ကြီးချုပ်က ဖိလစ်ပိုင်သမ္မတ မားကို့စ်ဂျူနီယာနှင့်တွေ့ဆုံစဥ် ပြောကြားခဲ့သည်ဟု သိရသည်။

သတင်း

ဖေဖော်ဝါရီ ၁၀ ရက်မှာ ဝန်ကြီးချုပ် အန်ဝါက အာဆီယံရဲ့ အနာဂတ်နဲ့ ပတ်သက်လို့ ပြောကြားခဲ့တဲ့မိန့်ခွန်းမှာ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ ထည့်သွင်းပြီး သဘောထား မှတ်ချက် ပေးသွားခဲ့ပါတယ်။

သတင်း

မလေးရှားဝန်ကြီးချုပ် Anwar Ibrahim သည် အာဆီယံ၏ အနာဂတ်နှင့်ပတ်သက်၍ ဆက်လက်အကောင်းမြင်သော်လည်း စစ်ကောင်စီသည် မြန်မာပြည်သူများအပေါ် ကျူးလွန်နေသော ရက်စက်ကြမ်းကြုတ်မှုများကို အဆုံးသတ်ရမည်ဟု အလေးပေးတိုက်တွန်းသည်။

သတင်း

မလေးဝန်ကြီးချုပ်ရဲ့တိုက်တွန်းမှုအပေါ် ထိုင်းဝန်ကြီးချုပ်က ပူးတွဲသတင်းစာရှင်းလင်းပွဲမှာ တုံ့ပြန်မှတ်ချက်ပြုတာမျိုးမရှိပါဘူး။