Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

သူနာပြုဆရာမအားဖမ်းဆီးအကြမ်းဖက်သတ်ဖြတ်ခဲ့သည့်စစ်အုပ်စုမှပျူ​ခေါင်း​ဆောင်အိမ်ကိုPDFများတိုက်ခိုက်

အုတ်ဖိုမြို့နယ် ထန်းပင်ကုန်းကျေးရွာရှိ မျိုးဝင်း၏ နေအိမ်တွင်စစ်ကောင်စီတပ်က တပ်စွဲ၍ နေထိုင်ခြင်းဖြစ်ပြီး မတ်လ ၈ ရက် နံနက် ၂ နာရီကျော်တွင်သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ ၊ တပ်ခွဲ ၄ နှင့် တပ်ခွဲ ၅ တို့ ပူးပေါင်း ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းကရှင်းပြသည်။

(စစ်​ကောင်စီတပ်နှင့်ပျူများ၏ ဖမ်းဆီးနှိပ်စက် ၊အဓမ္မပြုကျင့်သတ်ဖြတ်ခံခဲ့ရ​သောသူနာပြုဆရာမ)
(စစ်​ကောင်စီတပ်နှင့်ပျူများ၏ ဖမ်းဆီးနှိပ်စက် ၊အဓမ္မပြုကျင့်သတ်ဖြတ်ခံခဲ့ရ​သောသူနာပြုဆရာမ)

စစ်​ကောင်စီတပ်က ဖမ်းဆီးနှိပ်စက်ပြီး အဓ္ဓပြုကျင့်၍သတ်ဖြတ်ခံခဲ့ရသော အုတ်ဖိုမြို့နယ်မှ CDM သူနာပြုဆရာမကိုကျူးလွန်ရာတွင်ပါဝင်ခဲ့သည့် ပျူစောထီးခေါင်းဆောင် ၏ အိမ်ကို ၄၀ မမ ဖြင့် တိုက်ခိုက်ခဲ့ကြောင်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ ၊ တပ်ခွဲ ၄ မှ တာဝန်ရှိသူတစ်ဦးကပြောသည်။

“ ဆရာမလေး ကိုမုဒိမ်းကျင့်သတ်ရာမှာ ပါဝင်ခဲ့တဲ့ ပျူခေါင်းဆောင် မျိုးဝင်းအိမ်ပါ။အိမ်ထဲကို ၄၀မမ ၅လုံးပစ်ထည့်နိုင်ခဲ့တယ်” ဟု တာဝန်ရှိသူကPeople’s Spring သတင်းဌာနသို့ပြောသည်။

အုတ်ဖိုမြို့နယ် ထန်းပင်ကုန်းကျေးရွာရှိ မျိုးဝင်း၏ နေအိမ်တွင်စစ်ကောင်စီတပ်က တပ်စွဲ၍ နေထိုင်ခြင်းဖြစ်ပြီး မတ်လ ၈ ရက် နံနက် ၂ နာရီကျော်တွင်သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ ၊ တပ်ခွဲ ၄ နှင့် တပ်ခွဲ ၅ တို့ ပူးပေါင်း ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းကရှင်းပြသည်။

Public Service Announcement
Public Service Announcement

“ ထိခိုက်မှုကတော့ မနက် ၂နာရီ ၁၅ ဖြစ်တဲ့အတွက် အတိကျမသိရဘူး” ဟု အထက်ပါတာဝန်ရှိသူကပြောသည်။

၄၀ မမဖြင့်ပစ်ခတ်တိုက်ခိုက်ပြီး​နောက်စစ်ကောင်စီတပ်ဘက်မှ ပြန်လှန်ပစ်ခတ်ရာတွင် ၎င်းတို့အဖွဲ့ထုတ်လုပ်ထားသည့် လက်လုပ် လက်နက်များဖြင့်ပြန်လည်ပစ်ခတ်ခဲ့ပြီး အဖွဲ့သားအားလုံး ဘေးကင်းစွာ ဆုတ်ခွာလာနိုင်ခဲ့ကြောင်း အထက်ပါတာဝန်ရှိသူကပြောသည်။

“ ကျွန်တော်တို့မှာ နိုင်ချင်တဲ့စိတ်ကသူတို့ယှဉ်ရဘူး။လက်လုပ် ၄၀မမ တွေနဲ့ တိုက်ခိုက်ရတာပါ။မောင်းပြန်လိုအပ်ချက်တွေ ရှိပါတယ်” ဟု၎င်းကဆိုသည်။

ပျူစောထီးမျိုးဝင်းသည် စစ်အုပ်စုအာဏာသိမ်းစကာလကတည်းကစစ်တပ်လက်ကိုင်တုတ်အနေဖြင့် လုပ်ဆောင်နေခြင်းဖြစ်ပြီး CDM သူနာပြုဆရာမကို မုဒိမ်းကျင့်သတ်ဖြတ်ခဲ့ရာတွင်လည်း ပါဝင်ကျူးလွန်ခဲ့သူဖြစ်သည်ဟုသာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ ၊ တပ်ခွဲ ၄ မှ​ပြောသည်။

CDM သူနာပြုဆရာမသည် ဖေဖော်ဝါရီလဆန်းတွင် စစ်ကောင်စီတပ်၏ဖမ်းဆီးခြင်းကိုခံခဲ့ရပြီးရုပ်အလောင်းကို ဖေဖော်ဝါရီ ၁၆ ရက်တွင်မှ ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်သည်။

You May Also Like

သတင်း

ဖေဖော်ဝါရီ ၂၆ရက် ကလည်း တာတမောစခန်းမှ ရှားတော ဗျူဟာကုန်းသို့ ရီက္ခာပို့ရန် ဆောင်ရွက်နေစဉ် KA နှင့် KNDF ပူးပေါင်းတပ်က ဖြတ်တောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်က ၅ဦးသေဆုံးကာ အချို့ ဒဏ်ရာရခဲ့သည်ဟု အသိပေးသည်။

သတင်း

စစ်ကောင်စီတပ်နှင့်ပျူများသည် မတ်လ ၂ ရက်နှင့် ၃ ရက်က ဖလားရရွာ၊ ကံကြီးရွာနှင့် ပုဏ္ဏားကြီးရွာတို့မှ စစ်​ဘေး​​ရှောင် တဲ ၂၂ လုံးအား မီးရှို့ဖျက်ဆီးကာ နွား ၃၆ ကောင်ထက်မနည်း အတင်းအဓမ္မ လုယူ​သွားခဲ့သည်။

နိုင်ငံတကာ

မြောက်ပိုင်းမှာရှိတဲ့ ခါကစ်ဗ်ကနေ တောင်ပိုင်း အိုဒက်ဆာထိ၊ အရှေ့ဖျား စစ်မြေပြင်ကနေ ယူကရိန်း အနောက်ဖက်ပိုင်းမှာရှိတဲ့ ဇိုင်တိုမာ မြို့အထိ မတ် ၈ ရက်က ရုရှားရဲ့ လေကြောင်း တိုက်ခိုက်မှုတွေ ဒဏ်ကို ခံစားခဲ့ရတယ်လို့ ဆိုပါတယ်။

သတင်း

တမုတ်ချုံရွာအနီးတိုက်ခိုက်မှုတွင် မြိတ်ဘက်မှ တနင်္သာရီဘက်သို့လာသော အင်အား (၁၀၀)ခန့်ပါ စစ်ကောင်စီယာဥ်သုံးစီးကို မတ်လ ၇ ရက် နံနက် ၈ နာရီခန့်တွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း မြိတ် ပ.က.ဖ မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။