Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဖာပွန်ခရိုင်ထဲက ရဲစခန်းနှင့် BGF တပ်ရင်းဝင်တိုက်ခဲ့သည့်အခြေအနေ KNU ထုတ်ပြန်

ပြီးခဲ့သည့် မတ်လ(၅)ရက်က ဖာပွန်ခရိုင်၊ ကမမောင်းမြို့၊ ကတိုင်တိကျေးရွာရှိ ကတိုင်တိနယ်မြေရဲစခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၅)တပ်ဖွဲ့ဝင်များမှ ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း KNU က ထုတ်ပြန်ထားသည်။

ဖာပွန်ခရိုင်ထဲက ရဲစခန်းနှင့် BGF တပ်ရင်းဝင်တိုက်ခဲ့သည့်အခြေအနေ KNU ထုတ်ပြန်
ဖာပွန်ခရိုင်ထဲက ရဲစခန်းနှင့် BGF တပ်ရင်းဝင်တိုက်ခဲ့သည့်အခြေအနေ KNU ထုတ်ပြန်

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်အတွင်းရှိ စစ်ကောင်စီ ရဲစခန်းနှင့် နယ်ခြားစောင့်တပ်(BGF)တပ်ရင်းကို ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ရာတွင် စခန်းမှူးတစ်ဦးအပါအဝင် (၅)ဦး သေဆုံးခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် မတ်လ(၅)ရက်က ဖာပွန်ခရိုင်၊ ကမမောင်းမြို့၊ ကတိုင်တိကျေးရွာရှိ ကတိုင်တိနယ်မြေရဲစခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၅)တပ်ဖွဲ့ဝင်များမှ ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း KNU က ထုတ်ပြန်ထားသည်။

ကတိုင်တိရဲစခန်းအား ဝင်ရောက်တိုက်ခိုက်ရာတွင် စခန်းမှူးတစ်ဦးအပါအဝင် ရဲမေတစ်ဦး သေဆုံးခဲ့သည်ဟု ထုတ်ပြန်ချက်ကဆိုသည်။

ယင်းနေ့တွင်ပင် ကမမောင်း-ဖာပွန်ကားလမ်းပေါ်ရှိ နယ်ခြားစောင့်တပ်(BGF) တပ်ရင်း(၁၀၁၃)ကိုKNLA တပ်မဟာ(၅)တပ်ဖွဲ့ဝင်များ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး BGF တပ်ဖွဲ့ဝင် (၃)ဦး သေဆုံးပြီး (၆)ဦး ဒဏ်ရာရရှိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

မတ်လ ၈ ရက်တွင်တော့ ကတိုင်တိအခြေစိုက် စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်တပ်(BGF) တပ်ရင်းက ကေအဲန်ယူ-မူတြော်ခရိုင်၊ ဒွယ်လိုးမြို့နယ်၊ လေးဖိုးထာ့ကျေးရွာအုပ်စု၊ ပိုဂါကျေးရွာအတွင်းသို့ လက်နက်ကြီးပစ်ခတ်ခဲ့သောကြောင့် ကလေးတစ်ဦးအပါအဝင် ရွာသားနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ထုတ်ပြန်သည်။

ကေအဲန်ယူ-မူတြော်ခရိုင် တပ်မဟာ(၅)နယ်မြေအတွင်းတွင် စစ်ကောင်စီတပ်နှင့် KNLA တပ်ဖွဲ့ဝင်များအကြား တိုက်ပွဲအဆက်မပြတ်ဖြစ်ပွားနေပြီး စစ်တပ်က လက်နက်ကြီးနှင့်ပစ်ခတ်သဖြင့် ရွာသားများ ထိခိုက်သေဆုံးဒဏ်ရာရရှိမှုများလည်းရှိနေသည်။

You May Also Like

သတင်း

ခလရ (၂၄) တပ်သည် သထုံ-ဖားအံ အမြန်ကားလမ်းမကြီးဘေး ဒူးရင်းဆိပ်ရွာအနီးတွင် တည်ရှိသည့် တပ်ရင်းစခန်းဖြစ်ပြီး ၎င်းတို့ပစ်ခတ်သော လက်နက်ကြီးကြောင့် ကျုံမိန်ရွာနေ ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု ထုတ်ပြန်သည်။

သတင်း

KNU ဥက္ကဋ္ဌ ယာဉ်တန်းမိုင်းဆွဲခံရသည်ဆိုသည့် သတင်းမှာ မှားယွင်းကြောင်း၊ မိုင်းခွဲမှုကို မည်သည့်အဖွဲ့က ဆောင်ရွက်သည်ကို မသိရသေးကြောင်း ၎င်းကဆက်​ပြောသည်။

သတင်း

ပြီးခဲ့သည့် ဖေဖေါ်ဝါရီလ(၂၇)ရက် က စစ်တောင်းမြစ်အနောက်ဘက်ကမ်းမှနေ၍ စစ်တပ်ကလက်နက်ကြီး(၆)ချက်ခန့် ပစ်ခတ်ခဲ့ရာ ကျေးရွာအတွင်း နေအိမ် ၂ လုံးမီးလောင်ဆုံးရှုံးခဲ့သည်။

သတင်း

စစ်ကောင်စီတပ်မှ သေဆုံးသူများအနက်တစ်ပွင့်ဗိုလ်တစ်ဦး၊တပ်ကြပ်ကြီးတစ်ဦးနှင့်ဒု-တပ်ကြပ်တစ်ဦးပါဝင်ကြောင်း အတည်ပြု သိရှိရသည်ဟု ဖော်ပြသည်။