Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မန္တလေးမြို့ဇလုံကြီးဟင်းအနှစ်ထုပ်လုပ်ငန်းရှင်ကို စစ်ကောင်စီက မတရားဖမ်းဆီး

ပြည်ပနိုင်ငံရောက် ပန်ဆယ်လိုက ၎င်းဖွင့်လှစ်လိုက်သည့် ဆိုင်တွင် ဇလုံကြီးဟင်းအနှစ်ထုပ်ရရှိနိုင်ကြောင်း ပုံတွဲတင်ခဲ့ရာမှတဆင့် ဇလုံကြီး Boycott ကိစ္စလူမှုကွန်ရက်တွင် ဝေဖန်မှုများရှိခဲ့သည်။

မန္တလေးမြို့ဇလုံကြီးဟင်းအနှစ်ထုပ်လုပ်ငန်းရှင်ကို စစ်ကောင်စီက မတရားဖမ်းဆီး
မန္တလေးမြို့ဇလုံကြီးဟင်းအနှစ်ထုပ်လုပ်ငန်းရှင်ကို စစ်ကောင်စီက မတရားဖမ်းဆီး

မန္တလေးမြို့ရှိ ဇလုံကြီးဟင်းအနှစ်ထုပ်လုပ်ငန်းစစ်ကောင်စီတပ်က ယနေ့နံနက်ပိုင်းတွင် ဝင်ရောက်စီးနင်းပြီး ပိုင်ရှင်ဖြစ်သူအား မတရားဖမ်းဆီးသွားကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

ယနေ့ (မတ်လ ၉ ရက်) နံနက် ၁၁ နာရီခန့်က မန္တလေးမြို့ ၆၆ လမ်း၊ ၃၁ လမ်းနှင့် ၃၂ လမ်းကြားရှိ ဇလုံကြီးဟင်းအနှစ်ထုပ်ရောင်းသော ဆိုင်ပိုင်ရှင်အား စစ်ကောင်စီတပ်သားများက လာရောက်ဖမ်းဆီးသွားကြောင်း MDY Revolutionက ဖော်ပြသည်။

ပြည်ပနိုင်ငံရောက် ပန်ဆယ်လိုက ၎င်းဖွင့်လှစ်လိုက်သည့် ဆိုင်တွင် ဇလုံကြီးဟင်းအနှစ်ထုပ်ရရှိနိုင်ကြောင်း ပုံတွဲတင်ခဲ့ရာမှတဆင့် ဇလုံကြီး Boycott ကိစ္စလူမှုကွန်ရက်တွင် ဝေဖန်မှုများရှိခဲ့သည်။

သို့သော် Boycott လုပ်သည့် ဇလုံကြီးမှာ ယခုဟင်းအနှစ်ထုပ်လုပ်ငန်းမဟုတ်ဘဲ မန္တလေးရှိ အခြားသော ဇလုံကြီးထမင်းဆိုင်ဖြစ်ကာ စစ်ကောင်စီထောက်ခံသူဖြစ်၍ Boycottအလုပ်ခံရခြင်းဖြစ်ကြောင်း မြို့ခံများက ပြောသည်။

အဆိုပါ ဇလုံကြီးဟင်းအနှစ်ထုပ်လုပ်ငန်းကလည်း ယမန်နေ့က Facebook စာမျက်နှာမှတဆင့် ပြန်လည်ရှင်းလင်းခဲ့သည်။

“ ယခုဖြစ်ပွါးနေတဲ့ ကျွန်တော်တို့ ဇလုံကြီးကို Boycott တဲ့ကိစ္စလေးနဲ့ပတ်သတ်ပြီး ရှင်းပြပေးချင်လို့ပါ။ ဖြစ်ခဲ့တဲ့ကိစ္စကတော့ ကျွန်တော်တို့ရဲ့ ဇလုံကြီး ဝန်ထမ်းတစ်ဦးကနေ ငွေကြေးကိစ္စအကျင့်ပျက်ချစားမှုကြောင့် လုပ်ငန်းကအလုပ်ဖြုတ်လိုက်တဲ့ အချိန်မှာ Personal မကျေနပ်ချက်ကြောင့် နိုင်ငံရေးကိုခုတုန်းလုပ်ပြီး နာမည်ဖျက်ခံလိုက်ရတာပါခင်ဗျာ။ ကျွန်တော်တို့ ဇလုံကြီးကတော့ ဘာနဲ့မှသက်ဆိုင်ခြင်းမရှိဘဲ တစ်နိုင်တစ်ပိုင်မိသားစုစီးပွါးရေးလေးပါခင်ဗျ။” ဟု ရေးသားထားသည်။

စစ်ကောင်စီထောက်ခံသူများက လူမှုကွန်ရက်တွင် ဇလုံကြီးအနှစ်ထုပ်သည် PDF ထောက်ပို့ဟု စွပ်စွဲပြီးနောက် ယနေ့နံနက်ပိုင်းတွင် လာရောက်ဖမ်းဆီးသွားဖြစ်သည်။

“ အာချောင်သူတွေကြောင့် လုပ်ငန်းငယ်လေးတစ်ခုအဖမ်းခံလိုက်ရတာ။ ဘာမှမဆိုင်ဘဲ။” မန္တလေးမြို့ခံတစ်ဦးက ပြောသည်။

ဇလုံကြီးဟင်းအနှစ်ထုပ်လုပ်ငန်းသည် ပြီးခဲ့သည့်နှစ်ပိုင်းအတွင်းက စတင်နာမည်ရလာခဲ့ခြင်းဖြစ်ပြီး ပြည်ပရောက်မြန်မာများ ဝယ်ယူစားသုံးလေ့ရှိသည်။

You May Also Like

သတင်း

လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲမှုကြောင့် သိုက်တူးကုန်းမှ ပြည်သူနှစ်ဦး၊ ဝိုင်းကျေးရွာမှ တစ်ဦးနှင့် ကွင်းဒလရွာမှ ပြည်သူတစ်ဦး လက်နက်ကြီးစထိမှန်ကာ ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ဒေသခံများက ပြောသည်။

သတင်း

တမုတ်ချုံရွာအနီးတိုက်ခိုက်မှုတွင် မြိတ်ဘက်မှ တနင်္သာရီဘက်သို့လာသော အင်အား (၁၀၀)ခန့်ပါ စစ်ကောင်စီယာဥ်သုံးစီးကို မတ်လ ၇ ရက် နံနက် ၈ နာရီခန့်တွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း မြိတ် ပ.က.ဖ မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

သတင်း

အာဏာသိမ်းစစ်ကောင်စီက ၎င်းတို့အာဏာတည်မြဲရေးအတွက် အယောင်ပြပြုလုပ်ရန်စီစဉ်နေသည့် ရွေးကောက်ပွဲအား တော်လှန်ရေးရဲဘော် များနှင့် တော်လှန်ရေးအင်အားစုများက အပြင်းအထန်ကန့်ကွက်ထားသည်။

သတင်း

ဥရောပသမဂ္ဂသည် မြန်မာစစ်တပ်၊ စစ်ကောင်စီနှင့် ၎င်းတို့နှင့်ပတ်သက်ဆက်နွှယ်သူ လူပုဂ္ဂိုလ် (၉၃) ဦးနှင့် အဖွဲ့အစည်း (၁၈) ခုကို ပိတ်ဆို့အရေးယူထားသည်။