Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မန္တလေး ပြည်ကြီးတံခွန်သပိတ် ဆရာတော် ဖမ်းခံရ

မြင်းမူမြို့နယ်ထဲက လက္ကပင်ရွာကို စစ်အုပ်စုကဝင်စီးချိန်မှာ ဖမ်းခံရတာဖြစ်ပြီး ဖမ်းခံရတဲ့ ဆရာတော်နဲ့အဆက်အသွယ်ပြတ်တောက်နေတယ်လို့သိရပါတယ်။

မန္တလေး ပြည်ကြီးတံခွန်သပိတ် ဆရာတော် ဖမ်းခံရ
မန္တလေး ပြည်ကြီးတံခွန်သပိတ် ဆရာတော် ဖမ်းခံရ

မန္တလေးမြို့ ပြည်ကြီးတံခွန် သပိတ်အင်အားစုရဲ့ ဦးဆောင်ဆရာတော်ဖြစ်သူ ဦးအဂ္ဂဝံသ ဟာ ပြီးခဲ့တဲ့ ရက်ပိုင်းက စစ်ကိုင်းတိုင်း မြင်းမူနယ်မှာ ဖမ်းခံရတယ်လို့ စုံစမ်းသိရပါတယ်။

စစ်ကိုင်းတိုင်း မြင်းမူမြို့နယ်ထဲ မတ် ၅ရက်က ဖမ်းခံရတာလို့ နီးစပ်သူတွေထံ ကသိရတာပါ။

မြင်းမူမြို့နယ်ထဲက လက္ကပင်ရွာကို စစ်အုပ်စုကဝင်စီးချိန်မှာ ဖမ်းခံရတာဖြစ်ပြီး ဖမ်းခံရတဲ့ ဆရာတော်နဲ့အဆက်အသွယ်ပြတ်တောက်နေတယ်လို့သိရပါတယ်။

ဆရာတော်ဟာ မန္တလေးကနေ တိမ်းရှောင်ပြီး စစ်ကိုင်းမှာ ရှိနေချိန်အဖမ်းခံရတာလည်းဖြစ်ပါတယ်။

မန္တလေးမြို့မှာရှိတဲ့ သပိတ်အင်အားစုက ဆရာတော်တွေ ၊ လူငယ်တွေဟာလည်း စစ်ကောင်စီတပ်ရဲ့ဖမ်းဆီးတာကိုခံထားရပါတယ်။

You May Also Like

သတင်း

စစ်ကောင်စီက အာဏာသိမ်းပြီး (၂)နှစ်အတွင်း ဥပဒေမဲ့လုပ်ရက်များပိုမိုသောင်းကျန်းလာကာ မန္တလေးမြို့တွင်း လူစည်ကားနေရာများမပါမကျန်၊ နေ့ခင်းကြောင်းတောင်ပင် ဓားပြတိုက်လုယက်မှုများ မကြာခဏ ဖြစ်ပွားနေသည်။

သတင်း

မုံရွာ-မန္တလေးလမ်းပိုင်းတွင် စစ်ကောင်စီ၏ ယာဥ်များအား ​ဒေသတွင်း PDFအဖွဲ့များက မကြာခဏတိုက်ခိုက်လျက်ရှိပြီး ပြည်သူများအနေဖြင့် စစ်ကားများအနီး မောင်းနှင်သွားလာခြင်းမပြုရန် သတိပေးထားသည်။

သတင်း

မတ်လ ၇ ရက် ဖြစ်စဉ်ဟာ ချမ်းအေးသာစံမြို့နယ် ၊ကန်တော်ကြီးပတ်လမ်း အနီးမှာ ဆိုင်ကယ်စီးအမျိုးသား ဓားနဲ့ခုတ်ခံရပြီး ဆိုင်ကယ်လုခံရတာဖြစ်ပါတယ်။

သတင်း

တက္ကသိုလ်ဝင်တန်းစာမေးပွဲကို မတ်လ ၈ မှ ၁၇ ရက် အထိပြုလုပ်မည်ဖြစ်သောကြောင့် ယင်းရက်အတွင်း မန္တလေးမြို့၌ စစ်​ကောင်စီပစ်မှတ်များကိုတိုက်ခိုက်မှုများ ပြုလုပ်မည်မဟုတ်ကြောင်း မြနန္ဒာစစ်ဆင်ရေးက သတင်းထုတ်ပြန်ထားသည်။