Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းရန် နိုင်ငံရေး၊ စစ်ရေးပူးပေါင်းဆောင်ရွက်လိုကြောင်း NUG ကာကွယ်ရေးဝန်ကြီး MNDAAထံ သဝဏ်လွှာပို့

ယနေ့ကျရောက်သည့် မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) တည်ထောင်ခြင်း (၃၄)နှစ်မြောက်နေ့သို့ ကာကွယ် ရေးဝန်ကြီးက သဝဏ်လွှာပေးပို့ခဲ့ခြင်းဖြစ်သည်။

(မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) တပ်မဟာ (၆၁၁) မှ တိုင်းရင်းသား တပ်ဖွဲ့ဝင်များ လေ့ကျင့်မှုသင်တန်းဆင်းပွဲနှင့် လက်နက်များ ပေးအပ်ပွဲ ဇန်နဝါရီ ၁ရက်က ပြုလုပ်နေစဉ်။ ဓာတ်ပုံ - The Kokang & MNDAA)
(မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) တပ်မဟာ (၆၁၁) မှ တိုင်းရင်းသား တပ်ဖွဲ့ဝင်များ လေ့ကျင့်မှုသင်တန်းဆင်းပွဲနှင့် လက်နက်များ ပေးအပ်ပွဲ ဇန်နဝါရီ ၁ရက်က ပြုလုပ်နေစဉ်။ ဓာတ်ပုံ - The Kokang & MNDAA)

စစ်အာဏာရှင်စနစ်အမြစ်ပြတ်ချေမှုန်း နိုင်ရေးအတွက် နိုင်ငံရေး၊ စစ်ရေး ကိစ္စရပ်များတွင် အတူတကွ ပူးပေါင်းဆောင်ရွက် တိုက်ပွဲဝင်ရန် ဆန္ဒပြင်းပြစွာရှိပါကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က ကိုးကန့်တပ် MNDAAထံ သဝဏ်လွှာပေးပို့လိုက်သည်။

ယနေ့ကျရောက်သည့် မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) တည်ထောင်ခြင်း (၃၄)နှစ်မြောက်နေ့သို့ ကာကွယ် ရေးဝန်ကြီးက သဝဏ်လွှာပေးပို့ခဲ့ခြင်းဖြစ်သည်။

၁၉၈၉ မှ စတင်တည်ထောင်ခဲ့သည့် MNDAA အနေဖြင့် တော်လှန်ရေး သက်တမ်း (၃၄)နှစ်အတွင်း အခက်အခဲများစွာအကြား မားမားမတ်မတ် ရပ်တည်နိုင်ခဲ့၍ လေးစားတန်ဖိုးထားကြောင်း NUG ကာကွယ်ရေးဝန်ကြီးက ဆိုသည်။

အဆိုပါကာလအတွင်း ကိုးကန့်ဒေသနှင့်ကိုးကန့် လူထုအတွက် အသက်ပေးလှူ သွားခဲ့ကြသည့် မိတ်ဆွေ ရဲဘော်ရဲဘက်များနှင့် ၎င်းတို့၏ ဂုဏ်ရောင်ပြောင်စွာ ကြိုးပမ်းဆောင်ရွက်ခဲ့မှုများကိုလည်း ဂုဏ်ပြုဦးညွှတ်သည်ဟု ဖော်ပြထားသည်။

ထိုကဲ့သို့ မြင့်မြတ်စွာ အသက်ပေးလှူခဲ့ကြသည့် ကိုးကန့် ရဲဘော်ရဲဘက်များနှင့် ပြည်ထောင်စု တဝှမ်းမှ ရဲဘော်ရဲဘက်များ၏ မျှော်ရည်ချက်များ ဖြစ်သော အမျိုးသား တန်းတူရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရရှိရေးနှင့်ဒီမိုကရေစီရေး တို့မှာလည်း စစ်အာဏာရှင် အစဉ်အဆက်နှင့် စစ်အာဏာရှင်စနစ်တို့ကြောင့် ယနေ့ထက်တိုင် ပိုင်ဆိုင်နိုင်ခွင့် မရရှိသေးကြောင်း သဝဏ်လွှာ၌ ပါရှိသည်။

ထို့ကြောင့် အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် စစ်အာဏာရှင်စနစ်အပါအဝင် အာဏာရှင်စနစ်မှန်သမျှကို အမြစ်ပြုတ် တိုက်ဖျက်နိုင်ပြီး ဒီမိုကရေစီရေး၊ အမျိုးသား တန်းတူရေးနှင့်ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အခွင့်အရေးများကို အပြည့်အဝ အာမခံနိုင်သော ခိုင်မာသည့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကို ထူထောင်နိုင်ရန် အစဉ်တစိုက် ကြိုးပမ်းလျက် ရှိပြီး MNDAA နှင့် လက်တွဲဆောင်ရွက်လိုကြောင်း အသိပေးထားသည်။

You May Also Like

သတင်း

မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်ဟု ခေါ်ဆိုသည့် MNDAA၏ ယနေ့ကျရောက်သည့် (၃၄)နှစ်မြောက် တပ်မတော်နေ့ အခမ်းအနားသို့ TNLAနှင့် AAက သဝဏ်လွှာပေးပို့ခဲ့ခြင်းဖြစ်သည်။

သတင်း

အမျိုးသားညီညွတ်ရေးအစိိုးရအဖွဲ့နှင့် ဥရောပသမဂ္ဂအထူးကိုယ်စားလှယ်တို့အကြား ပုံမှန်ဆက်သွယ်မှုများ ဆက်လက်လုပ်ဆောင်သွားမည်ဟု သိရသည်။

သတင်း

NUG ကာကွယ်ရေး၏ တိုက်ပွဲသတင်းထုတ်ပြန်ချက်အရ တိုက်ပွဲ စုစုပေါင်း ၂,၅၀၀ နီးပါးအနက် ထိတွေ့တိုက်ပွဲ ၁၅၀၀ ကျော်၊ စစ်ကောင်စီတပ်က လေကြောင်း တိုက်ခိုက်မှု ၁၀၀ ကြိမ်၊ စခန်းသိမ်းတိုက်ပွဲ ၁၅၆ကြိမ်၊ မိုင်းဆွဲတိုက်ခိုက်မှု ၆၇၀ ကျော် ဖြစ်သည်။

သတင်း

၂၀၂၁ ဖေဖော်ဝါရီ စစ်တပ်အာဏာသိမ်းမှုနောက်ပိုင်း နိုင်ငံတစ်ဝန်း၌ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု အနည်းဆုံး ၃၂ မှုရှိကြောင်း NUG က မှတ်တမ်းတင်ပြုစုထားပြီး မြေပြင်တွင် ယင်းအရေအတွက်ထက် များပြားနိုင်ကြောင်း ဝန်ကြီးဦးအောင်မျိုးမင်းက သတင်းစာ ရှင်းလင်းပွဲ၍ ပြောသည်။