Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ချင်းတောင်တက်လာသည့် စစ်ယာဉ်တန်း ယနေ့တစ်ရက်တည်း ၁၀ကြိမ် မိုင်းဆွဲတိုက်ခိုက်ခံရ

ယမန်နေ့ မိုင်းဆွဲတိုက်ခိုက်မှုတွင် စစ်ကောင်စီဘက်မှ ခြောက်ဦး သေဆုံးပြီး ၂၁ဦးဒဏ်ရာရရှိခဲ့ကြောင်း CDF က ထုတ်ပြန်ခဲ့သော်လည်း လူထုနွေဦးအနေဖြင့်သီးခြားအတည်မပြုချက်မရပေ။

(ချင်းဒေသကာကွယ်ရေးတပ်(CDF) CDM-SIYINမှ ရဲဘော်များအား တွေ့ရစဥ်။ ဓာတ်ပုံ - CDF SIYIN)
(ချင်းဒေသကာကွယ်ရေးတပ်(CDF) CDM-SIYINမှ ရဲဘော်များအား တွေ့ရစဥ်။ ဓာတ်ပုံ - CDF SIYIN)

▪️စစ်ကောင်စီတပ်သေဆုံးထိခိုက်များဟု CDF အသိပေး

ချင်းတောင်သို့ တက်လာသည့် စစ်ကောင်စီတပ်ယာဥ်တန်းကို ယနေ့တစ်ရက်တည်း ၁၀ကြိမ်မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း ချင်းဒေသကာကွယ်ရေးတပ်(CDF) CDM-SIYINက အသိပေးထုတ်ပြန်သည်။

စစ်ကိုင်းတိုင်း ကလေးမြို့မှ ချင်းပြည်နယ် ဟားခါးစစ်ဗျူဟာသို့ တင့်ကားပါ စစ်ကောင်စီယာဉ်တန်းကို CDF SIYINက ယမန်နေ့(မတ်လ ၁၀ရက်)ကတည်းက မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ယနေ့တွင် ထပ်မံတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

မတ်လ ၁၁ရက် နံနက် ၈နာရီခွဲမှ ညနေ ၄နာရီအထိ ၁၀ကြိမ် မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုများကြောင်း CDF SIYINက ထုတ်ပြန်ခဲ့ပြီး ပြည်သူ့ရဲဘော်များ အထိအခိုက်မရှိဟု အသိပေးထားသည်။

Public Service Announcement
Public Service Announcement

ယမန်နေ့ မိုင်းဆွဲတိုက်ခိုက်မှုတွင် စစ်ကောင်စီဘက်မှ ခြောက်ဦး သေဆုံးပြီး ၂၁ဦးဒဏ်ရာရရှိခဲ့ကြောင်း CDF က ထုတ်ပြန်ခဲ့သော်လည်း လူထုနွေဦးအနေဖြင့်သီးခြားအတည်မပြုချက်မရပေ။

အဆိုပါဒေသ စစ်ဆင်ရေးသို့ ကလေး- ကဘော်- ဂန့်ဂေါ(CDF-KKG) တပ်ရင်း(၇)မှ စစ်ကူလာရောက်သည်ဟု အသိပေးထားသည်။

ကလေး – တီးတိန်လမ်းမကို ပြန်လည်အသုံးပြုနိုင်ကြောင်းနှင့် ပူးပေါင်းကူညီကြသော ခရီးသွားပြည်သူများအပေါ်အထူးကျေးဇူးတင်ကြောင်း CDF SIYINက ထုတ်ပြန်သည်။

စစ်ကောင်စီယာဉ်တန်းသည် ကလေး – ဖလမ်းမှတဆင့် ဟားခါးအထိ ရိက္ခာပို့သွားမည်ဖြစ်ရာ လမ်းခရီးတွင် ချင်းတပ်ဖွဲ့များက တိုက်ခိုက်သွားမည်ဖြစ်ပြီး တိုက်ပွဲများ ပြင်းထန်နိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောကြားထားသည်။

(ချင်းဒေသကာကွယ်ရေးတပ်(CDF) CDM-SIYINမှ ရဲဘော်များအား တွေ့ရစဥ်။ ဓာတ်ပုံ – CDF SIYIN )

Facebook

You May Also Like

သတင်း

မြစ်ကြီးနားမြို့မှ စစ်ယာဉ် လေးစီးဖြင့် အင်အား ၇၀ကျော်ပါ ယာဉ်တန်းသည် လက်နက်ခဲယမ်းများ ရိက္ခာများ ဖြည့်တင်းကာ KIA နယ်မြေဘက် စစ်ရေးလှုပ်ရှားလာ၍ ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု အသိပေးထားသည်။

သတင်း

ထီးချိုင့်-ကသာလမ်းပိုင်းကျောက်ကြမ်းလမ်းအတိုင်း မောင်းနှင်လာသည့် စစ်ကောင်စီယာဉ်တန်းကို ယမန်နေ့(မတ်လ ၁၀ရက်)ညနေတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက မိုင်းဆွဲတိုက်ခိုက်ခြင်းဖြစ်သည်။

သတင်း

ဟားခါးအထိ ရိက္ခာပို့မည့် ယာဉ်တန်းဖြစ်၍ အဆိုပါယာဉ်တန်းကို တိုက်ခိုက်မှုများ လုပ်ဆောင်သွားမည်ဖြစ်ရာ တိုက်ပွဲများပြင်းထန်နိုင်ကြောင်း ဆလိုင်းထက်နီက ပြောသည်။

သတင်း

မုံရွာ-မန္တလေးလမ်းပိုင်းတွင် စစ်ကောင်စီ၏ ယာဥ်များအား ​ဒေသတွင်း PDFအဖွဲ့များက မကြာခဏတိုက်ခိုက်လျက်ရှိပြီး ပြည်သူများအနေဖြင့် စစ်ကားများအနီး မောင်းနှင်သွားလာခြင်းမပြုရန် သတိပေးထားသည်။