Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

“ ညနေခင်းသတင်း”

ဒီနေ့(မတ်လ ၁၁ ရက်)ညနေခင်းသတင်းတွေကိုPeople’s Spring က တင်ဆက်ပေးပါမယ်။

ညနေခင်းသတင်း
ညနေခင်းသတင်း

ညနေခင်းသတင်း

▪︎နိုင်ငံရေး၊ စစ်ရေးပူးပေါင်းဆောင်ရွက်လိုတယ်လို့ MNDAAထံ NUG ကာကွယ်ရေးဝန်ကြီး သဝဏ်လွှာပို့

စစ်အာဏာရှင်စနစ်အမြစ်ပြတ်ချေမှုန်းနိုင်ရေးအတွက် နိုင်ငံရေး၊ စစ်ရေး ကိစ္စရပ်တွေမှာ အတူတကွ ပူးပေါင်းဆောင်ရွက် တိုက်ပွဲဝင်ဖို့ ဆန္ဒပြင်းပြစွာရှိတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဦးရည်မွန်က ကိုးကန့်တပ် MNDAAထံ သဝဏ်လွှာပေးပို့ပါတယ်။ ဒီနေ့ကျရောက်တဲ့ မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော်(MNDAA) တည်ထောင်ခြင်း(၃၄)နှစ်မြောက်နေ့သို့ ကာကွယ်ရေးဝန်ကြီးက သဝဏ်လွှာပေးပို့ခဲ့တာပါ။ အမျိုးသားညီညွတ်ရေးအစိုးရဟာ စစ်အာဏာရှင်စနစ်အပါအဝင် အာဏာရှင်စနစ်မှန်သမျှကို အမြစ်ပြုတ်တိုက်ဖျက်နိုင်ပြီး ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အခွင့်အရေးများကို အပြည့်အဝ အာမခံနိုင်တဲ့ ခိုင်မာတဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို ထူထောင်နိုင်ဖို့ အစဉ်တစိုက် ကြိုးပမ်းနေကာ MNDAA နဲ့ လက်တွဲဆောင်ရွက်လိုတယ်လို့ အသိပေးပါတယ်။ တအာင်းတပ်မတော်(TNLA)နဲ့ ရက္ခိုင့်တပ်တော်(AA)တို့က ညီနောင်မဟာမိတ် အဖွဲ့ နှစ်ဖွဲ့ ဖြစ်တာနဲ့အညီ ညီနောင်မဟာမိတ်စိတ်ဓာတ်နဲ့ ဆက်လက်ရပ်တည် တိုက်ပွဲဝင်သွားမယ်လို့ ပူးတွဲ သဝဏ်လွှာပေးပို့ပါတယ်။

(မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) တပ်မဟာ (၆၁၁) မှ တိုင်းရင်းသား တပ်ဖွဲ့ဝင်များ လေ့ကျင့်မှုသင်တန်းဆင်းပွဲနှင့် လက်နက်များ ပေးအပ်ပွဲ ဇန်နဝါရီ ၁ရက်က ပြုလုပ်နေစဉ်။ ဓာတ်ပုံ - The Kokang & MNDAA)
(မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) တပ်မဟာ (၆၁၁) မှ တိုင်းရင်းသား တပ်ဖွဲ့ဝင်များ လေ့ကျင့်မှုသင်တန်းဆင်းပွဲနှင့် လက်နက်များ ပေးအပ်ပွဲ ဇန်နဝါရီ ၁ရက်က ပြုလုပ်နေစဉ်။ ဓာတ်ပုံ – The Kokang & MNDAA)

▪︎ဒီး​မော့ဆိုအ​ရှေ့ခြမ်းထိုးစစ်ဆင်​လာတဲ့ စစ်တပ်နဲ့တိုက်ပွဲစတင်ဖြစ်ပွားပြီး စစ်သား ၁၆ ဦး​သေ

ကရင်နီပြည်နယ်၊ ဒီးမောဆိုအရှေ့ခြမ်းသို့ ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီတပ်နဲ့ ကရင်နီတပ်​ပေါင်းစုများ မနေ့ကတိုက်ပွဲများ စတင်ဖြစ်ပွားရာ စစ်သား ၁၆ ဦးသေဆုံးတယ်လို့ ကရင်နီစစ်ဖက်ဆိုင်ရာ ဗဟိုသတင်းထုတ်ပြန်ရေးအဖွဲ့ KMIC က ဒီနေ့ ထုတ်ပြန်ပါတယ်။ ဒီးမောဆိုအရှေ့ခြမ်းဒေသအတွင်း စစ်ကြောင်း(၃)ကြောင်းနဲ့ ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီတပ်ကို မနေ့ မနက်ပိုင်းကစလို့ ကရင်နီတပ်မတော် KA၊ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF ပူးပေါင်းတပ်ဖွဲ့တို့ စတင်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဘက်မှ(၁၄)ဦး သေဆုံးခဲ့ပြီး ဒဏ်ရာရသူအချို့ရရှိခဲ့တယ်လို့ KMIC က ဆိုပါတယ်။ မနေ့ကလည်း ဒီးမောဆိုအရှေ့ခြမ်း၊ ဒေါတမြေးရွာ အရှေ့ဖက် တောင်ပေါ်သို့ တက်လာတဲဲ့ စစ်တပ်ကို ပြောက်ကျား ပစ်ခတ်ခဲ့ရာ စစ်ကောင်စီတပ်ဘက်မှ နှစ်ဦးထပ်မံသေဆုံးခဲ့တယ်လို့ အသိပေးပါတယ်။ ဒီနေ့လည်း ကရင်နီပြည်မှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲ ဆက်လက်ပြင်းထန်နေတယ်လို့ သိရပါတယ်။

​ဒေသခံကာကွယ်​ရေးတပ်ဖွဲ့ဝင်များ။ဓါတ်ပုံ-KMIC
​ဒေသခံကာကွယ်​ရေးတပ်ဖွဲ့ဝင်များ။ဓါတ်ပုံ-KMIC

▪︎KNUနယ်မြေမှာ ဖေဖော်ဝါရီအတွင်း တိုက်ပွဲ ၄၀၀ ကျော်ဖြစ်၊ စစ်ကောင်စီတပ် ၃၈၀ ကျော် သေ

ကရင်အမျိုးသားအစည်းအရုံး(KNU) ကော်သူးလေအုပ်ချုပ်နယ်မြေမှာ ဖေဖော်ဝါရီလအတွင်းက တိုက်ပွဲပေါင်း ၄၁၈ ကြိမ်ဖြစ်ပွားခဲ့ပြီး အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်မှ ၃၈၆ ဦး သေဆုံးကာ ၂၆၇ ဦး ဒဏ်ရာရခဲ့တယ်လို့ KNU ဗဟိုက ဒီနေ့ ထုတ်ပြန်ပါတယ်။ တိုက်ပွဲများအတွင်း ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (K.N.L.A)၊ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (K.N.D.O) တပ်ဖွဲ့များဘက်မှ နှစ်ဦးကျဆုံးပြီး ၂၇ ဦး ဒဏ်ရာရခဲ့တယ်လို့ ဖော်ပြပါတယ်။ KNU တပ်မဟာ(၃)နယ်မြေ ညောင်လေးပင် (ခလယ်လွီထူ)ခရိုင်နှင့် ဖာပွန်(မူတြော်)ခရိုင်၊ ဒူးပလာယာခရိုင်တွေမှာ စစ်ကောင်စီတပ်က တိုက်ခိုက်ရေးလေယာဉ်များ အသုံးပြုပြီး ပြည်သူလူထုများ နေထိုင်တဲ့ ကျေးရွာများအတွင်းနဲ့ လုပ်ကိုင်စားသောက်သောလုပ်ငန်းခွင်များအတွင်းသို့ ၂၁ ကြိမ်ခန့် ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။ စစ်ကောင်စီရဲ့ အဲဒီလို လေကြောင်းနဲ့ လက်နက်ကြီး တိုက်ခိုက်မှုတွေကြောင့် အရပ်သားပြည်သူ ၁၁ ဦး အသက်သေဆုံးခဲ့ရပြီး ဦးဇင်း သုံးပါး၊ ကိုရင် နှစ်ပါး အပါအဝင် အပြစ်မဲ့အရပ်သားပြည်သူ စုစုပေါင်း ၄၁ ဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဖော်ပြပါတယ်။

(KNU တပ်သားများ ရှေ့တန်းတစ်နေရာ၌ ပစ်ခတ်နေစဉ်။ ဓာတ်ပုံ - KNU)
(KNU တပ်သားများ ရှေ့တန်းတစ်နေရာ၌ ပစ်ခတ်နေစဉ်။ ဓာတ်ပုံ – KNU)

▪︎တော်လှန်ရေးအတွက် ပြည်ပထောက်ပံ့မှုတွေ လိုအပ်တယ်လို့ CIA သုံးသပ်

အမေရိကန် ဗဟိုထောက်လှမ်းရေး အေဂျင်စီ (CIA)ရဲ့ ၂၀၂၃ ခုနှစ်အတွက် နိုင်ငံတကာရေးရာ အကဲဖြတ် အစီရင်ခံစာမှာ မြန်မာ့တော်လှန်ရေး အောင်မြင်ဖို့အတွက် ပြည်ပ အထောက်အပံ့တွေ မဖြစ်မနေ လိုအပ်လိမ့်မယ်လို့ သုံးသပ် ဖော်ပြထားပါတယ်။ စစ်တပ်က အာဏာသိမ်းခဲ့တဲ့နောက်ပိုင်း စစ်အာဏာရှင်တွေနဲ့ ဒီမိုကရေစီကို လိုလားတဲ့ အတိုက်အခံ အင်အားစုတွေကြား လက်နက်ကိုင် ပဋိပက္ခတွေ အရှိန်မြင့်လာပြီး လက်ရှိ ၂ နှစ်ကျော် ကြာလာတဲ့ထိ ဘယ်ဖက်ကမှ အချိန်တို ကာလအတွင်း အနိုင်ရမယ့် လက္ခဏာမျိုး မတွေ့သေးဘူးလို့ CIAက ဆိုပါတယ်။ နောက်ပြီး နှစ်ဖက်စလုံးက သူတို့ရဲ့ ရှင်သန် ရပ်တည်ရေးကို အထူးအလေးထား ဆုပ်ကိုင်ထားရတာကြောင့် အလျှော့ပေးမယ့် အလားအလာ မရှိကြဘူးလို့လည်း CIAက ဆက်လက် သုံးသပ်ထားပါတယ်။ ​တော်လှန်​ရေးအဖွဲ့​တွေက ပြတ်သားတဲ့ အနိုင်ရလဒ် ပေါ်လွင်လာဖို့ဆိုရင် တပ်ထဲမှာ အကြီးစား သဘောထား ကွဲလွဲမှု ဖြစ်တာမျိုး၊ ဒါမှမဟုတ် ထင်ရှားတဲ့ ပြည်ပ အထောက်အပံ့တွေ ကြားဝင်လာတာမျိုး အပြောင်းအလဲကြီးတွေ လိုအပ်လိမ့်မယ်လို့လည်း ဆိုထားပါတယ်။ ဒီအပြောင်းအလဲတွေ ရှိလာမှသာ စစ်အာဏာရှင် ဆန့်ကျင်ရေး အင်အားစုတွေအတွက် စစ်ရေးအရ အနိုင်ရတာ၊ ဒါမှမဟုတ် မူဝါဒရေးရာ သဘောတူညီမှုတစ်ရပ် ဖော်ဆောင်နိုင်တာမျိုး အခြေအနေကောင်းတွေဆီ တွန်းအားပေးနိုင်မယ်လို့ CIA အစီရင်ခံစာကဆိုပါတယ်။

▪︎နွားထိုးကြီး၊ တောင်သာနဲ့ မတ္တရာတို့ရှိ စစ်ကောင်စီတပ်ကို ဒရုန်းနဲ့တိုက်ခိုက်

မန္တလေးတိုင်း၊ နွားထိုးကြီး၊ တောင်သာနဲ့ မတ္တရာမြို့နယ်တို့မှာ စစ်ကောင်စီတပ်စွဲရာစခန်း၊ စစ်ဆေးရေးဂိတ်နဲ့ စစ်ကောင်စီစစ်ကြောင်းကို ဒရုန်းနဲ့ ဗုံးချတိုက်ခိုက်ခဲ့တယ်လို့ ဒေသတွင်းတော်လှန်ရေးအင်အားစုများက ပြောပါတယ်။ မတ်လ ၈ ရက်က တောင်သာမြို့နယ်၊ ငွေသောင်ကျေးရွာရတပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားများကို ဒရုန်းနဲ့ ဗုံးသီး နှစ်လုံးချ တိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုရှိနိိုင်တယ်လို့ NPDF ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။ အဲဒီ ညနေပိုင်းမှာပဲ နွားထိုးကြီးမြို့နယ်၊ မင်း‌ရွာအတွင်းအထိုင်ချတပ်စွဲထားတဲ့ စစ်ကောင်စီစခန်းကို ဒရုန်းနဲ့ ဗုံးသီးတစ်လုံးချ တိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုရှိနိုင်တယ်လို့ ဆိုပါတယ်။ မနေ့ မနက်ပိုင်းကလည်း မင်းရွာရှိ စစ်ကောင်စီတပ် စစ်ကြောင်းထွက်လာတာကို ဒရုန်းနဲ့ ဗုံးသီးတစ်လုံးချ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား နှစ်ဦး ပွဲချင်းပြီး သေဆုံးကာ ထိခိုက်ဒဏ်ရာရသူများပြားတယ်လို့ NPDF က အသိပေးပါတယ်။ အလားတူ မတ္တရာမြို့နယ်၊ တောပုကျေးရွာအဝင်မှာ စစ်ဆေးမတရားငွေတောင်းခံနေတဲ့ စစ်ကောင်စီအဖွဲ့ကို ဒရုန်းလေးစီးနဲ့ ဗုံးချတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား လေးဦး ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ ယူနီကွန်းပြောက်ကျားတပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

▪︎ဆင်ပေါင်ဝဲမှာ စစ်ကောင်စီတပ် ပြည်သူများကို ဖမ်းဆီးတဲ့အပြင် ရွှေထည်ပစ္စည်းများပါလုယူနေ ဒေသခံများပြော

မကွေးတိုင်း အောင်လံခရိုင် ဆင်ပေါင်ဝဲမြို့နယ်မှာ စစ်ကောင်စီတပ်က ကျေးရွာများသို့ဝင်ရောက်ကာ တစ်အိမ်တက်ဆင်း လိုက်လံစစ်ဆေးမှုများလုပ်ဆောင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ မနေ့က အင်အား(၇၀)ခန့်ပါ စစ်ကောင်စီတပ်စစ်ကြောင်းဟာ လဲဇင်ကျေးရွာသို့ဝင်ရောက်ပြီး ရွာခံ အမျိုးသား ၆ ဦးကို မတရားဖမ်းဆီးသွားပြီး တစ်အိမ်တက်ဆင်း PDF ရှိ၊ မရှိစစ်ဆေးတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ နောက်ပြီး လဲဇင်ကျေးရွာရှိ နေအိမ်တစ်အိမ်မှ နွားနှစ်ကောင်ကို ရိက္ခာအဖြစ်ယူဆောင်သွားကာ ရွှေတစ်ကျပ်သားနဲ့ငွေကျပ်ငါးသိန်းကိုပါ လုယူသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

▪︎ကျောက်မှော်ရွာမီးရှို့ဖျက်ဆီးခဲ့တဲ့ စစ်ကောင်စီတပ်က ဒေသခံလူငယ်သုံးဦးကို ရိုက်နှက်ဖမ်းဆီးသွား

စစ်ကိုင်းတိုင်း ထီးချိုင့်မြို့နယ် ကျောက်မှော်ကျေးရွာကို မီးရှို့ဖျက်ဆီးခဲ့တဲ့ စစ်ကောင်စီတပ်က ဒေသခံလူငယ်သုံးဦးကို ရိုက်နှက်ဖမ်းဆီးခေါ်ဆောင်သွားရာ သုံးရက်မြောက်နေ့အထိ ပြန်လွတ်မလာသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။ ဖမ်းဆီးခံလိုက်ရတဲ့ လူငယ်သုံးဦးအတွက် ဒေသခံများက စိတ်ပူနေကြပြီး စစ်ကောင်စီစစ်ကြောင်းကတော့ မနေ့ညနေက ကျေးရွာမှထွက်ခွာသွားပြီလို့ သိရပါတယ်။ စစ်ကောင်စီတပ်ဟာ ကျောက်မှော်ကျေးရွာအနောက်ပိုင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့စခန်းကို မတ်လ ၉ ရက် မနက်အစောပိုင်းမှာ စီးနင်းတိုက်ခိုက်ပြီးနောက် နေအိမ် ၆၀၀ ခန့်ရှိတဲ့ ကျောက်‌မှော်ရွာကို မီးရှို့ဖျက်ဆီးခဲ့ပါတယ်။

(မီးရှို့ခံခဲ့ရသည့် ကျောက်မှော်ရွာမှ နေအိမ်များကို ၂၀၂၃ မတ်လ ၉ ရက်နေ့က တွေ့ရစဉ်။ ဓာတ်ပုံ - Tigying Revolution)
(မီးရှို့ခံခဲ့ရသည့် ကျောက်မှော်ရွာမှ နေအိမ်များကို ၂၀၂၃ မတ်လ ၉ ရက်နေ့က တွေ့ရစဉ်။ ဓာတ်ပုံ – Tigying Revolution)

▪︎မြင်းခြံမှာ စစ်ကောင်စီတပ်က စိတ်ကျန်းမာရေးမကောင်းသူနှစ်ဦးကို ပစ်ခတ်ရာ တစ်ဦးသေဆုံး

မန္တလေးတိုင်း၊ မြင်းခြံမြို့မှာ စစ်ကောင်စီတပ်က စိတ်ကျန်းမာရေးမကောင်းသူနှစ်ဦးကို ပစ်ခတ်ခဲ့ရာ တစ်ဦးသေဆုံးခဲ့တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်များက ပြောပါတယ်။ မတ်လ ၉ ရက် ညပိုင်းက မြင်းခြံမြို့ နာရီစင်အနီးတွင် စိတ်ကျန်းမာရေးမကောင်းတဲ့ အမျိုးသား နှစ်ဦးကို အ.ထ.က(၁) ကျောင်းရှေ့မှာ ကင်းပုန်းဝပ်နေတဲ့ စစ်ကောင်စီတပ်များက ပစ်ခတ်ခဲ့ရာ တစ်ဦးသေဆုံးပြီး ကျန်တစ်ဦးလည်းဖမ်းဆီးခံခဲ့ရတယ်လို့ မြို့ခံတွေက ပြောပါတယ်။ ဒါပေမဲ့ ဖမ်းဆီးခံရသူမှာ စစ်ကောင်စီတပ်ရဲ့ သေနတ်ဒင်နဲ့ ဦးခေါင်းကို ထုနှက်ရိုက်နှက်ခြင်းခံရပြီး ဆေးရုံသို့ပို့ဆောင်ခဲ့ရကာ ဆေးရုံတင်ထားစဥ် ထွက်ပြေးလွတ်မြောက်သွားတယ်လို့ သိရပါတယ်။

Facebook

You May Also Like