Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

နွားထိုးကြီး ထွေအုပ်ရုံးနဲ့ လျှပ်စစ်ရုံး တိုက်ခိုက်ခံရပြီး ၁ဦးသေဆုံး၊ ၃ဦးဒဏ်ရာရ

မနက် ၁၀ နာရီ ခွဲဝန်းကျင်မှာ ထွေအုပ်ရုံးရှေ့လမ်းပေါ်နဲ့ ရုံးဝန်းထဲကို ဗုံး ၂ လုံးကျသလို ၊ လျှပ်စစ်ရုံးမှာ ခြံစည်းရိုးအစပ်ကို ဗုံးကျတာလို့သိရပါတယ်။

ဒေသကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ ဒရုန်းနဲ့ ဗုံးချ တိုက်ခိုက်မှုတစ်ခုကိုတွေ့ရစဉ်
ဒေသကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ ဒရုန်းနဲ့ ဗုံးချ တိုက်ခိုက်မှုတစ်ခုကိုတွေ့ရစဉ်

မန္တလေးတိုင်း နွားထိုးကြီးမြို့နယ်ထဲက လျှပ်စစ်ရုံးနဲ့ ထွေအုပ် ရုံးတို့ မနေ့ မတ်လ ၁၃ ရက်မနက်ပိုင်းက ဒရုန်းနဲ့ ဗုံးချခံလိုက်ရပြီး ၁ ဦး သေဆုံးကာ ၄ ဦး ဒဏ်ရာရသွားပါတယ်။

မနက် ၁၀ နာရီ ခွဲဝန်းကျင်မှာ ထွေအုပ်ရုံးရှေ့လမ်းပေါ်နဲ့ ရုံးဝန်းထဲကို ဗုံး ၂ လုံးကျသလို ၊ လျှပ်စစ်ရုံးမှာ ခြံစည်းရိုးအစပ်ကို ဗုံးကျတာလို့သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကြောင့် သေဆုံးသူဟာ ထွေအုပ်ရုံးက ယာဉ်မောင်းအမျိုးသားဖြစ်ပြီး ထိခိုက်ဒဏ်ရာရတဲ့ ကျန် ၃ ဦးမှာ ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ၊ ထွေအုပ်အကြီးတန်း စာရေးနဲ့ လျှပ်စစ်ရုံး စာရေးတို့ဖြစ်ပါတယ်။

စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်အရ နွားထိုးကြီးမြို့နယ် ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲထွန်းအောင်ဟာ ယာဘက် နားထင် ကို ဗုံးစ ဖောက်ဝင် ဒဏ်ရာရပြီး စိုးရိမ်ရတယ်လို့သိရပါတယ်။

You May Also Like

သတင်း

မတ်လ၁၂ရက်ကလည်း ဆားလင်းကြီးမြို့ရဲစခန်းအား တစ်ရက်တည်းနှစ်ကြိမ်တိုင် တိုက်ခိုက်ခဲ့ရာ စစ်အုပ်စုထိခိုက်သေဆုံးမှုများနိုင်ကြောင်း Salingyi Special Task Force - SSTFအဖွဲ့က သတင်းထုတ်ပြန်ထားသည်။

သတင်း

မိုင်းကွဲမှုကြောင့် စစ်ကောင်စီတပ်မှာ အနီးဝန်းကျင်ရှိ တောအတွင်း ပြေးဝင်သွားခဲ့ရာ ၎င်းနေရာများသို့ M9 နှစ်လုံး၊ (၄၀)မမ နှစ်လုံးဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

သတင်း

မတ်လ ၁၂ ရက်က တပ်မ(၆၆)သည် စစ်ရှောင်စခန်းသို့ စစ်ကြောင်းထိုးရောက်ရှိလာပြီး သက်ကြီးရွယ်အိုနှင့် ကလေးအချို့ကို ဖမ်းဆီးထား​ခဲ့ခြင်းဟု ဆိုသည်။

သတင်း

တိုက်ပွဲတွင် စစ်ကောင်စီဘက်က လေးဦးသေဆုံးပြီး ခြောက်ဦးဒဏ်ရာရရှိကြောင်း၊ 27 Revolution Forcesအဖွဲ့က ရဲဘော်တစ်ဦး မစိုးရိမ်ရဒဏ်ရာရခဲ့ကြောင်း NRDFက အသိပေးသည်။