Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

PNO/PNA ပြည်သူ့စစ်၏လုပ်ဆောင်ချက် စစ်ကောင်စီ၏ အကြမ်းဖက်မှုများကို အားပေးခွင့်ပြုသည့်လုပ်ရပ်ဟု ပအိုဝ်းအရပ်ဘက်အဖွဲ့များ ထုတ်ပြန်

ပြည်သူများအနေဖြင့် ခိုင်လုံသည့်သတင်းအရင်းအမြစ်များမှ တစ်ဆင့် သတင်းအချက်အလက် များကို စောင့်ကြည့်လေ့လာသုံးသပ်မှုလုပ်ဆောင်ရန်လည်း တိုက်တွန်းထားသည်။

(ပအိုဝ်းစစ်ရှောင်များခိုလှုံနေသည့် နမ်းနိန်းကျေးရွာရှိ ဘုန်ကြီးကျောင်းနှင့် နေအိမ်များအား စစ်ကောင်စီတပ်က မတ်လ ၁၁ရက်တွင် မီးရှို့ဖျက်ဆီးနေစဥ်။ ဓာတ်ပုံ - KNDF)
(ပအိုဝ်းစစ်ရှောင်များခိုလှုံနေသည့် နမ်းနိန်းကျေးရွာရှိ ဘုန်ကြီးကျောင်းနှင့် နေအိမ်များအား စစ်ကောင်စီတပ်က မတ်လ ၁၁ရက်တွင် မီးရှို့ဖျက်ဆီးနေစဥ်။ ဓာတ်ပုံ - KNDF)

▪️နမ်းနိန်းရွာ အစုလိုက်သတ်ဖြတ်မှု ကျူးလွန်သည့် စစ်ကောင်စီအား ပြင်းထန်စွာရှုတ်ချကြောင်း ဖော်ပြ

အကြမ်းဖက်စစ်ကောင်စီ၏ လက်အောက်ခံ ဖြစ်သော PNO/PNA ပြည်သူ့စစ်၏ လုပ်ဆောင်ချက် များသည် အကြမ်းဖက်စစ်ကောင်စီမှ ကျူးလွန်သော စစ်ရာဇဝတ်မှု၊ လူသားဖြစ်မှုကို ဆန့်ကျင်သော ရာဇဝတ်မှုများအား အားပေးအားမြှောက်သည့် လုပ်ရပ်ဖြစ်ပြီး ဆက်လက်ကျူးလွန်ခွင့်ပေးသည့် လုပ်ရပ်များဖြစ်ကြောင်း ပအိုဝ်းအရပ်ဘက်လူမှုအဖွဲ့အစည်းများက သဘောထား ထုတ်ပြန်ခဲ့သည်။

မတ်လ ၁၁ရက်က ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့နယ် ပအိုဝ်းဒေသ နမ်းနိန်းရွာမှ သံဃာတော်သုံးပါးအပါအဝင် အရပ်သားပြည်သူများအပေါ် စစ်ကောင်စီတပ်က အစုလိုက်၊အပြုံလိုက် သတ်ဖြတ်မှုကျူးလွန်ခဲ့သည့် ဖြစ်ရပ်အပေါ် ပအိုဝ်းအရပ်ဘက်အဖွဲ့များက မတ်လ ၁၄ရက်က သဘောထားထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

နမ်းနိန်းရွာ ပြည်သူများ အစုလိုက်၊ အပြုံလိုက် သတ်ဖြတ်ခံရခြင်းနှင့် ရှမ်းပြည်နယ်တောင်ပိုင်း၌ ဖြစ်ပွားလျက်ရှိသည့် စစ်ပွဲသည်အကြမ်းဖက် စစ်တပ်မှ တိုင်းရင်းသားလူမျိုးအချင်းချင်းကြား လူမျိုးရေး ပဋိပက္ခဖြစ်စေရန် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်နေခြင်းဖြစ်ကြောင်း ပအိုဝ်းအရပ်ဘက်အဖွဲ့များက ဆိုသည်။

အကြမ်းဖက် စစ်တပ်၏ လက်အောက်ခံ PNO/PNAသည် လူမှုကွန်ရက်စာမျက်နှာများတွင် လူမျိုးရေး ပဋိပက္ခ ၊ ဘာသာရေးပဋိပက္ခ သွေးထိုးလှုံ့ဆော်သည့် အရေးအသားများကို ပုံစံမျိုးစုံဖြင့် ပြောဆိုနေပြီး ထိုသို့သွေးထိုး လှုံ့ဆော်မှုများသည် စစ်ကောင်စီက အကြမ်းဖက်လုပ်ရပ်များ ဆက်လက် ကျူးလွန်ရန် ခွင့်ပြုသည့် လုပ်ရပ်ဖြစ်သည်ဟု ဖော်ပြခဲ့ခြင်းဖြစ်သည်။

ပြည်သူများအနေဖြင့် ခိုင်လုံသည့်သတင်းအရင်းအမြစ်များမှ တစ်ဆင့် သတင်းအချက်အလက် များကို စောင့်ကြည့်လေ့လာသုံးသပ်မှုလုပ်ဆောင်ရန်လည်း တိုက်တွန်းထားသည်။

PNO/PNAသည် ယနေ့တွင်လည်း တောင်ကြီးမြို့နယ်မှ ကျေးရွာများမှ ပြည်သူများကို တစ်အိမ်တစ်ယောက် မလာမနေရအမိန့်ပေးပြီး စစ်ကောင်စီထောက်ခံကြောင်း ဆန္ဒပြပွဲလုပ်ဆောင်ခဲ့သည်။ အဆိုပါ ဆန္ဒပြပွဲ၌ PDFအလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့ပြီးနမ့်နိန်းရွာ ဖြစ်စဉ်ကို KNDFက လုပ်ဆောင်ခြင်းဖြစ်ကြောင်း လိမ်ညာထားသည့် လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့သည်။

You May Also Like

သတင်း

စစ်ကောင်စီတပ်သည် ယခင်ကလည်း ဒေသအသီးသီးရှိ ပြည်သူလူထုများကို ဖမ်းဆီးသတ်ဖြတ်ခြင်း၊ နေအိမ်များကို မီးရှို့ဖျက်ဆီးခြင်း၊ လူထုကို ပစ်မှတ်ထားပြီး လက်နက်ကြီး တိုက်လေယာဉ်တို့ဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းတို့ ကျူးလွန်ခဲ့သည်။

သတင်း

ယနေ့ (မတ်လ ၁၅ရက်) နံနက် ၆ နာရီခန့်တွင်မုံရွာမြို့နယ်၊ ထနောင်းတောတောင်ရွာကို စစ်ကောင်စီတပ်များက ဝင်ရောက်မွှေနှောက်ခဲ့သည်။ ထို့နောက် နံနက်၉နာရီခန့်တွင် ထနောင်းတောတောင်ရွာရှိ ပြည်သူ့နေအိမ်များကို မီးရှို့ဖျက်ဆီးသွားကြောင်း ဒေသခံများက ပြောသည်။

သတင်း

စစ်ကောင်စီလက်ပါးစေ PNO/PNA ပြည်သူစစ်ကလည်း မတ်လ ၁၄ရက်တွင် သဘောထား ထုတ်ပြန်ခဲ့ရာ နမ့်နိန်းရွာ အစုလိုက်၊အပြုံလိုက် သတ်ဖြတ်မှုကို KNDF အပါအဝင် တော်လှန်ရေးအဖွဲ့များက လုပ်ဆောင်သည်ဟု လိမ်ညာဖော်ပြခဲ့သည်။

သတင်း

ယမန်နေ့ (မတ် ၁၃ ရက်နေ့)ည ၇ နာရီခန့်က နေပြည်တော် လယ်ဝေးမြို့နယ်အခြေစိုက် အောင်နန်းချိုရွာအနီးရှိ အမှတ် (၆၀၄)ခြေမြန်တပ်ရင်းအတွင်းသို့ တာဝေးပစ်လက်နက်ကြီးများဖြင့် ပစ် ခတ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။