Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

တန့်ဆည်တွင် ခမရ(၃၆၁)တပ်သားများနှင့် ပျူများအား ဒေသကာကွယ်ရေးတပ်များ တိုက်ခိုက်

တန့်ဆည်တွင် စစ်ကောင်စီတပ်က နယ်ခံပျူစောထီးများနှင့်ပူးပေါင်းကာ ကျေးရွာများအား စစ်ကြောင်းထိုးခြင်း၊ မီးရှိို့ဖျက်ဆီးခြင်း၊ ပြည်သူများအား ဖမ်းဆီးနှိပ်စက်သတ်ဖြတ်ခြင်းများ ပြုလုပ်နေသည်။

(Guerrilla Warfare K. P. K အဖွဲ့ဝင်ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ-KPK)
(Guerrilla Warfare K. P. K အဖွဲ့ဝင်ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ-KPK)

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်တွင် ခမရ (၃၆၁)မှ စစ်ကောင်စီတပ်သားနှင့် ပျူစောထီးများအား မိုင်းဆွဲတိုက်ခိုက်ရာ ထိခိုက်မှုများနိုင်ကြောင်း Guerrilla Warfare K. P. Kအဖွဲ့က သတင်းထုတ်ပြန်သည်။

မတ်လ ၁၃ရက်က တန့်ဆည်မြို့မှ ထွက်လာသော ခမရ(၃၆၁)၏ အင်အား ၈၀ခန့်ပါ စစ်ကောင်စီတပ်နှင့် ပျူများအား မွန်းလွဲ ၂နာရီ ၄၀မိနစ်ခန့်တွင် ဆင်ငယ်ကျေးရွာဘုန်းတော်ကြီးကျောင်း အနောက်ဘက်၌ ​အဝေးထိန်းမိုင်း၊ ရှေ့ထွက်မိုင်းများဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း Guerrilla Warfare K. P. Kအဖွဲ့က အသိပေးသည်။

စစ်ကောင်စီတပ်နှင့်ပျူများ အထိအခိုက်များနိုင်ပြီး ရဲဘော်များအထိအခိုက်မရှိပြန်လည် ဆုတ်ခွာနိုင်ခဲ့သည်ဟု ဆိုသည်။

ဖြစ်စဥ်နှင့်ပတ်သက်၍ Guerrilla Warfare K. P. K အဖွဲ့ထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည် ဖြေကြားခြင်း မရှိသေးပေ။

“ ဆင်ငယ်ရွာကိုဝင်ဖို့ကြိုးစားတာ။ တိုက်ခိုက်ခံရပြီး အထိနာတော့ ဆင်ငယ်ရွာ ဘုန်းကြီးကျောင်းထဲဝင်ပြီး ဆေးကုခဲ့ရတယ်လို့ ကြားတယ်” ဟု ဒေသတွင်းတော်လှန်ရေးရဲဘော်တစ်ဦးက ပြောသည်။

အဆိုပါ စစ်ဆင်ရေးအား Guerrilla Warfare K. P. K နှင့် မဟာမိတ်များဖြစ်ကြသော T. S. R၊ M. D. F Taze Tiger ၊ P. L. A နှင့် တိုက်နယ်(ပ.က.ဖ) တို့ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း အသိပေးထားသည်။

တန့်ဆည်တွင် စစ်ကောင်စီတပ်က နယ်ခံပျူစောထီးများနှင့်ပူးပေါင်းကာ ကျေးရွာများအား စစ်ကြောင်းထိုးခြင်း၊ မီးရှိို့ဖျက်ဆီးခြင်း၊ ပြည်သူများအား ဖမ်းဆီးနှိပ်စက်သတ်ဖြတ်ခြင်းများ ပြုလုပ်နေသည်။

You May Also Like

သတင်း

တိုက်ခိုက်မှုကို သာယာဝတီခရိုင် PDF တပ်ရင်း (၃၈၀၁)၊ တပ်ခွဲ - ၂ နတ်စစ်သည်တပ်ရင်း Black Dragon (GBK PDF)၊ တပ်ခွဲ (၅) ဟီးရိုးပျောက်ကြားနှင့် Yoma (GBK PDF) ပူးပေါင်းတပ်ဖွဲ့များက ပူးပေါင်းဖော်ဆောက်ခဲ့ခြင်းဖြစ်သည်။

သတင်း

"ထလရ(၁၆)ဂိတ်ပေါက်ကင်းကို လျက်ဆားကျွေးခဲ့တာပါ။အထိအခိုက်ရှိနိုင်ပေမယ့် Mission ပြီးတာနဲ့ လမ်းပိတ်ချလိုက်လို့ မသိရသေးဘူး" ဟု ၎င်းက ပြောသည်။

သတင်း

မတ်လ ၁၃ရက် ညနေက စစ်ကောင်စီ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုအတွင်း ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့၊ တမူးခရိုင်တပ်ရင်း(၁)မှ ရဲဘော်နှစ်ဦး ဒဏ်ရာရခဲ့ပြီး တစ်ဦးဒဏ်ရာပြင်းထန်၍ ယနေ့ညအထိ ဆေးကုသမှုခံယူနေဆဲဖြစ်ကြောင်း သတင်းရရှိသည်။

သတင်း

မတ်လ၁၂ရက်ကလည်း ဆားလင်းကြီးမြို့ရဲစခန်းအား တစ်ရက်တည်းနှစ်ကြိမ်တိုင် တိုက်ခိုက်ခဲ့ရာ စစ်အုပ်စုထိခိုက်သေဆုံးမှုများနိုင်ကြောင်း Salingyi Special Task Force - SSTFအဖွဲ့က သတင်းထုတ်ပြန်ထားသည်။