Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မုံရွာ – မန္တလေးလမ်းပိုင်း၌ စစ်ကောင်စီယာဥ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရ

ယမန်နေ့ (မေလ၂၇ရက်) နံနက်ပိုင်းက မုံရွာမှ စစ်ကိုင်းမြို့ဘက်သို့ ထွက်ခွာလာသော စစ်ကားလေးစီးအနက် နှစ်စီးအား နံနက် ၆နာရီခန့်တွင် မြင်းမူမြို့နှင့် ထီးဆောင်းကျေးရွာကြား၌ ပဒေသာမိုင်း သုံးလုံးဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း DK PDF-MMU အဖွဲ့က အသိပေးထုတ်ပြန်သည်။

(စစ်ကောင်စီယာဥ် ဖြတ်သန်းသွားလာနေသည်ကို တွေ့ရစဥ်)
(စစ်ကောင်စီယာဥ် ဖြတ်သန်းသွားလာနေသည်ကို တွေ့ရစဥ်)

မုံရွာ – မန္တလေးလမ်းပိုင်းတစ်နေရာတွင် စစ်ကောင်စီယာဥ်နှစ်စီးအား မိုင်းဆွဲတိုက်ခိုက်ရာ နှစ်စီးလုံး ထိခိုက်ပျက်စီးမှုရှိကြောင်း Dog Killers People’s Defence Force Myinmu အဖွဲ့၏ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ယမန်နေ့ (မေလ၂၇ရက်) နံနက်ပိုင်းက မုံရွာမှ စစ်ကိုင်းမြို့ဘက်သို့ ထွက်ခွာလာသော စစ်ကားလေးစီးအနက် နှစ်စီးအား နံနက် ၆နာရီခန့်တွင် မြင်းမူမြို့နှင့် ထီးဆောင်းကျေးရွာကြား၌ ပဒေသာမိုင်း သုံးလုံးဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း DK PDF-MMU အဖွဲ့က အသိပေးထုတ်ပြန်သည်။

ထိုသို့ တိုက်ခိုက်မှုကြောင့် စစ်ကားနှစ်စီးမှာ ထိခိုက်ပျက်စီးသွားပြီး ထီဆောင်းစခန်း၌ ထားခဲ့ပြီးနောက် ညောင်ပင်ဝန်းစခန်းသို့ ခြေလျင်ထွက်ခွာသွားကြောင်း DK PDF-MMU အဖွဲ့ကဆိုသည်။

“ကားနှစ်စီးပေါ်မှာတော့ အင်အားအများကြီးပါတယ်။ တစ်စီးကို ၂၅နဲ့ ၃၀ လောက်တော့ပါတယ်။ ကားက နှစ်စီးလုံးနောက်ဘီးပွင့် သွားတယ်။ ထီးဆောင်းကိုခြံကို ကားနှစ်စီးလုံးထားပြီးခြေလျင် လျှောက်သွားတယ်။ ကားနှစ်စီးလုံးမောင်းမရတော့ဘဲ တွန်းပြီး ထီးဆောင်းထဲထားသွားတယ်”ဟု DK PDF-MMU အဖွဲ့၏ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ထိခိုက်မှုရှိသော စစ်ကောင်စီတပ်က လက်နက်ငယ်ဖြင့် အဆက်မပြတ်ပြန်လှန်ပစ်ခတ်ခဲ့သော်လည်း တော်လှန်ရေးရဲဘော်များ အထိခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း အထက်ပါတာဝန်ခံက ဆိုသည်။

“မုံရွာဘက်ကနေလည်း တောက်လျှောက်ဆွဲလိုက်တယ် ကြားတယ်။ လမ်းကြောရှိလို့လား မသိဘူး။ လမ်းကြောတောက်လျှောက်ကတော့ အလ္လကပ္ပကနေ ညောင်ပင်ဝန်းထိ ကင်းပုန်းတောက်လျှောက်ဝပ်ထားတယ်။”ဟု မြင်းမူဒေသခံတစ်ဦးက ပြောသည်။

ယင်းတိုက်ခိုက်မှုကို(PAFD)၊Dog Killers People’s Defence Force Myinmu DK PDF-MMU၊.People’s Knight Defense Force Myinmu(PKDF.MMU)..မြင်းမူမြို့တိုက်နယ်အနောက်ခြမ်း ပ က ဖ၊D.B.B.F.MMUစသည့်မဟာမိတ်အဖွဲ့များမှပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း အသိပေးထားသည်။

ထို့အပြင် Dog Killers People’s Defence Force Myinmu အဖွဲ့သည် ဒရုန်းသုံးဗုံးသီးနှင့် တာဝေးပစ် (၆၀) မမများ ထုတ်လုပ်ရန် ရန်ပုံငွေများလိုအပ်နေ၍ ပါဝင်ထည့်ဝင်နိုင်ကြောင်း အကူအညီတောင်းခံထားသည်။