Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

သံတောင်မြို့မှာ တိုက်ပွဲဖြစ်

လက်နက်ကြီးကျည်ကျ လို့ သံတောင်မြို့ ရပ်ကွက်ထဲက နေအိမ်အချို့ ထိမှန်ပျက်စီးသလို ငွေတောင်ကလေးကျေးရွာက ဆေးပေးခန်းလည်း ပျက်စီးခဲ့ရတယ်လို့ သံတောင်မြို့က သတင်းရင်းမြစ်ကဆိုပါတယ်။

သံတောင်မြို့မှာ တိုက်ပွဲဖြစ်
သံတောင်မြို့မှာ တိုက်ပွဲဖြစ်

ပဲခူးတိုင်းနဲ့ ထိစပ်နေတဲ့ ကရင်ပြည်နယ်ထဲက သံတောင်မြို့မှာ မနေ့ မေလ ၂၉ ရက်က စစ်ကောင်စီတပ်နဲ့ KNU တပ်မဟာ (၂) လက်အောက်ခံတပ်တွေကြားတိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

ညနေ ၄ နာရီအချိန်မှာ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားကာ စစ်ကောင်စီဘက်ကပစ်ခတ်တဲ့ လက်နက်ကြီးကျည်ဟာ မြို့တွင်းကို ကျရောက်ပေါက်ကွဲပြီး နေအိမ်တွေထိခိုက်ပျက်စီးမှုရှိတယ်လို့သံတောင်မြို့ကသတင်းရင်းမြစ်က ပြောပါတယ်။

ဒါအပြင် ဒီနေ့မနက်ပိုင်းအထိ စစ်ကောင်စီဘက်က လက်နက်ကြီးနဲ့ ပစ်ခတ်မှုတွေရှိနေဆဲလို့သိရပါတယ်။

သံတောင်မြို့မှာ တိုက်ပွဲဖြစ်
သံတောင်မြို့မှာ တိုက်ပွဲဖြစ်

လက်နက်ကြီးကျည်ကျ လို့ သံတောင်မြို့ ရပ်ကွက်ထဲက နေအိမ်အချို့ ထိမှန်ပျက်စီးသလို ငွေတောင်ကလေးကျေးရွာက ဆေးပေးခန်းလည်း ပျက်စီးခဲ့ရတယ်လို့ သံတောင်မြို့က သတင်းရင်းမြစ်ကဆိုပါတယ်။

သံတောင်မြို့မှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကစတင်ပြီး စစ်ကောင်စီတပ်နဲ့ KNU တပ်မဟာ (၂) တို့ကြာ းစစ်ရေးတင်းမာနေတာပါ။

သံတောင်မြို့ဟာ တောင်ပေါ်အပန်းဖြေစခန်းဖြစ်သလို ပဲခူးတိုင်း၊တောင်ငူမြို့ကနေ ၂၈ မိုင်ခန့်သာကွာဝေးပါတယ်။