Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ကနီမြို့နယ်တွင် စစ်တပ်ကစာသင်​​ကျောင်းကို Mi-35 ဖြင့်ပစ်ခတ်၍ က​လေးနှစ်ဦး ဒဏ်ရာရ

စစ်ကောင်စီတပ်သည် မေလ ၂၉ရက်ကလည်း ယင်းမာပင်မြို့နယ်၊ ကပိုင်ရွာကို လေကြောင်းမှ ဂျက်ဖိုက်တာ သုံးစင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဒေသခံများကပြောသည်။

(​မေလအတွင်းကရင်နီပြည်နယ်တိုက်ပွဲများတွင် စစ်​ကောင်စီကာတိုက်ခိုက်​ရေးရဟတ်ယာဥ် အသုံးပြုခဲ့စဥ်။ ဓါတ်ပုံ-KNDF)
(​မေလအတွင်းကရင်နီပြည်နယ်တိုက်ပွဲများတွင် စစ်​ကောင်စီကာတိုက်ခိုက်​ရေးရဟတ်ယာဥ် အသုံးပြုခဲ့စဥ်။ ဓါတ်ပုံ-KNDF)

ကနီမြို့နယ်၊ ပေါက်အင်းမြိုင်ကျေးရွာ စာသင်ကျောင်းကို ယနေ့ (မေလ ၃၁) နံနက် ၁၁နာရီခန့်တွင် စစ်ကောင်စီတပ်က တိုက်ခိုက်ရေးရဟတ်ယာဉ် Mi-35 ဖြင့် ပစ်ခတ်ရာ ကလေးငယ်နှစ်ဦး ဒဏ်ရာရသွားကြောင်းသိရသည်။

“တိုက်ပွဲမရှိဘဲလာပစ်တာ။ ကလေးငယ်နှစ်‌ယောက်ထိထားတယ်လို့ကြားတယ်” ဟု ကနီမြို့အခြေစိုက် ကျောက်လုံးကြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ KLG PDF မှ ပြန်ကြားရေးတာဝန်ခံကပြောသည်။

စစ်ကောင်စီ ၏တိုက်ခိုက်ရေးရဟတ်ယာဉ် Mi-35 တစ်စင်းသည် မုံရွာမြို့ ၊အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှ တက်လာပြီး ပေါက်အင်းမြိုင်ကျေးရွာ စာသင်ကျောင်းနှင့် ပတ်ဝန်းကျင်ကို ပစ်ခတ်သွားခြင်းဖြစ်ကြောင်း ဒေသခံများကပြောသည်။

​က​လေးငယ် နှစ်ဦး၏ ဒဏ်ရာအ​ခြေအ​နေနှင့် အ​သေးစိပ်အချက်အလက်များကို ဖုန်းလိုင်းများဖြတ်ထား၍မသိရ​သေးဘဲ People’s Spring ကစုံစမ်း​နေဆဲဖြစ်ပါသည်။

ပေါက်အင်းမြိုင် ကျေးရွာသည် ကနီမြို့နယ် မုံရွာ-ယာကြီးကာလမ်း မိုင်တိုင် ၂၇ အနီးတွင်းတည်ရှိသည်။

စစ်ကောင်စီတပ်သည် မေလ ၂၉ရက်ကလည်း ယင်းမာပင်မြို့နယ်၊ ကပိုင်ရွာကို လေကြောင်းမှ ဂျက်ဖိုက်တာ သုံးစင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဒေသခံများကပြောသည်။