Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ကျောက်တံခါးမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် KNLA၊ PDF ပူးပေါင်းတပ်များ နှစ်ရက်ဆက်တိုက်ပွဲဖြစ်

ဇူလိုင် ၅ ရက်နေ့တိုက်ပွဲမှာ နံနက် ၂ နာရီခွဲခန့်မှ မိုးလင်းချိန်အထိ နှစ်ဖက်အပြန်အလှန်ပစ်ခတ်တိုက်ခိုက်ခဲ့ကြပြီး စစ်ကောင်စီတပ်မှ ၁၅ ဦးခန့်သေဆုံးကာ ထိခိုက်ဒဏ်ရာရသူများလည်းရှိကြောင်း ၎င်းတာဝန်ရှိသူက ဆက်ပြောသည်။

(တိုက်ပွဲဖြစ်ပွားပြီးနယ်​မြေရှင်းရာစစ်တပ်ထံမှသိမ်းဆည်းရရှိ​သော ခဲယမ်းအချို့ နှင့် စစ်ကောင်စီတပ်ပြန်ဆုတ်ချိန် ဇူလိုင် ၉ ရက်နံနက်ပိုင်းက စဥ်းအိုးလဟာရွာအား စစ်တပ်က မီးရှို့ဖျက်ဆီးနေစဥ်။ဓါတ်ပုံ-​ပေးပို့)

▪︎စစ်တပ်ဘက်မှ ထိခိုက်သေဆုံးများဟု အထူးစစ် ဆင်ရေးတပ်ရင်းပြော

ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်တွင် ကျေးရွာများသို့ စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်နှင့် KNLA၊ PDF ပူးပေါင်းတပ်များကြား နှစ်ရက်ဆက်တိုက်ပွဲဖြစ်ပြီး စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုများကြောင်း တောင်ပိုင်းစစ်ဒေသခွဲ(၂)၊ အထူးစစ်ဆင် ရေးတပ်ရင်းမှ တာဝန်ရှိသူတစ်ဦးက People’s Spring သတင်းဌာနသို့ ပြောသည်။

ကျောက်တံခါးမြို့နယ် နံဇရွာနှင့် ပေါက်ပင်ကုန်းကျေးရွာများဘက်သို့ ဇူလိုင် ၅ ရက်နှင့် အင်အား ၁၅၀ ဝန်းကျင်ဖြင့် ရောက်ရှိလာသော စစ်ကောင်စီတပ်ကို KNLA နှင့် PDF ပူးပေါင်းတပ်ဖွဲ့များက နှစ်ရက်ဆက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တိုက်ပွဲများအ တွင်း စစ်ကောင်စီဘက်မှ ၂၅ ဦးဝန်းကျင် သေဆုံးကာ ထိခိုက်ဒဏ်ရာရသူအများအပြားရှိခဲ့ကြောင်း သိရသည်။

(တိုက်ပွဲဖြစ်ပွားပြီးနယ်​မြေရှင်းရာစစ်တပ်ထံမှသိမ်းဆည်းရရှိ​သော ခဲယမ်းအချို့ နှင့် စစ်ကောင်စီတပ်ပြန်ဆုတ်ချိန် ဇူလိုင် ၉ ရက်နံနက်ပိုင်းက စဥ်းအိုးလဟာရွာအား စစ်တပ်က မီးရှို့ဖျက်ဆီးနေစဥ်။ဓါတ်ပုံ-​ပေးပို့)
(တိုက်ပွဲဖြစ်ပွားပြီးနယ်​မြေရှင်းရာစစ်တပ်ထံမှသိမ်းဆည်းရရှိ​သော ခဲယမ်းအချို့ နှင့် စစ်ကောင်စီတပ်ပြန်ဆုတ်ချိန် ဇူလိုင် ၉ ရက်နံနက်ပိုင်းက စဥ်းအိုးလဟာရွာအား စစ်တပ်က မီးရှို့ဖျက်ဆီးနေစဥ်။ဓါတ်ပုံ-​ပေးပို့)

“၅ ရက်နေ့မနက် ၂ နာရီခွဲလောက်မှာ စဖြစ်တာပေါ့။ ကျနော်တို့ ဒူတင်ကုန်းတောရကျောင်းဘက်ကနေ ဝင်လာတာ။ အဲဒီနေ့က မိုးလင်းပေါက်အထိပဲဗျ၊ တိုက်ပွဲဖြစ်တာ။ ပွဲကတော့ အေးသွားလိုက် ပြန်ဖြစ်လိုက်ပေါ့။ ကျနော်တို့ဘက်ကတော့ ထိခိုက်မှုမရှိဘူး။ သူတို့ဘက်ကတော့ ထိခိုက်သေဆုံးရှိတယ်”ဟု အထူးစစ်ဆင်ရေးတပ်ရင်းမှ တာဝန်ရှိသူတစ်ဦးက People’s Spring သတင်းဌာနသို့ ပြောသည်။

ဇူလိုင် ၅ ရက်နေ့တိုက်ပွဲမှာ နံနက် ၂ နာရီခွဲခန့်မှ မိုးလင်းချိန်အထိ နှစ်ဖက်အပြန်အလှန်ပစ်ခတ်တိုက်ခိုက်ခဲ့ကြပြီး စစ်ကောင်စီတပ်မှ ၁၅ ဦးခန့်သေဆုံးကာ ထိခိုက်ဒဏ်ရာရသူများလည်းရှိကြောင်း ၎င်းတာဝန်ရှိသူက ဆက်ပြောသည်။

(တိုက်ပွဲဖြစ်ပွားပြီးနယ်​မြေရှင်းရာစစ်တပ်ထံမှသိမ်းဆည်းရရှိ​သော ခဲယမ်းအချို့ နှင့် စစ်ကောင်စီတပ်ပြန်ဆုတ်ချိန် ဇူလိုင် ၉ ရက်နံနက်ပိုင်းက စဥ်းအိုးလဟာရွာအား စစ်တပ်က မီးရှို့ဖျက်ဆီးနေစဥ်။ဓါတ်ပုံ-​ပေးပို့)
(တိုက်ပွဲဖြစ်ပွားပြီးနယ်​မြေရှင်းရာစစ်တပ်ထံမှသိမ်းဆည်းရရှိ​သော ခဲယမ်းအချို့ နှင့် စစ်ကောင်စီတပ်ပြန်ဆုတ်ချိန် ဇူလိုင် ၉ ရက်နံနက်ပိုင်းက စဥ်းအိုးလဟာရွာအား စစ်တပ်က မီးရှို့ဖျက်ဆီးနေစဥ်။ဓါတ်ပုံ-​ပေးပို့)

အလားတူ ဇူလိုင် ၆ ရက်နေ့ ညနေ ၅ နာရီခန့်တွင် စစ်တပ်ဘက်မှ (၃)ဖွဲ့ခွဲကာ နံဇရွာသို့ ထပ်မံစစ် ကြောင်းထိုးလာရာ နံဇနှင့် ပေါက်ပင်ကုန်းကြားတံ တားအနီး တိုက်ပွဲဖြစ်ပြီး ည ၇ နာရီကြော်အထိ နှစ်ဖက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း တောင်ပိုင်းစစ်ဒေသခွဲ(၂)၊ အထူးစစ်ဆင်ရေးတပ်ရင်းထံမှ သိရသည်။

အဆိုပါ ဇူလိုင် ၆ ရက်တိုက်ပွဲတွင် စစ်ကောင်စီတပ်မှ ၁၀ ဦးထက်မနည်းသေဆုံးကာ ဒဏ်ရာရသူများလည်းရှိသဖြင့် ကျောက်တံခါးဆေးရုံသို့ ပြန်သယ်၍ ကုသမှုပေးနေကြောင်း မြေပြင်အတည်ပြုချက်ရထားသည်ဟု အထူးစစ်ဆင်ရေးတပ်ရင်းမှ တာဝန် ရှိသူက ရှင်းပြသည်။

(တိုက်ပွဲဖြစ်ပွားပြီးနယ်​မြေရှင်းရာစစ်တပ်ထံမှသိမ်းဆည်းရရှိ​သော ခဲယမ်းအချို့ နှင့် စစ်ကောင်စီတပ်ပြန်ဆုတ်ချိန် ဇူလိုင် ၉ ရက်နံနက်ပိုင်းက စဥ်းအိုးလဟာရွာအား စစ်တပ်က မီးရှို့ဖျက်ဆီးနေစဥ်။ဓါတ်ပုံ-​ပေးပို့)
(တိုက်ပွဲဖြစ်ပွားပြီးနယ်​မြေရှင်းရာစစ်တပ်ထံမှသိမ်းဆည်းရရှိ​သော ခဲယမ်းအချို့ နှင့် စစ်ကောင်စီတပ်ပြန်ဆုတ်ချိန် ဇူလိုင် ၉ ရက်နံနက်ပိုင်းက စဥ်းအိုးလဟာရွာအား စစ်တပ်က မီးရှို့ဖျက်ဆီးနေစဥ်။ဓါတ်ပုံ-​ပေးပို့)

ယင်းစစ်ကောင်စီတပ်စစ်ကြောင်းသည် တိုက်ခိုက်ခံရပြီး အထိနာသွားသောကြောင့် ယနေ့(ဇူလိုင် ၉)နံ နက်ပိုင်းတွင် နံဇရွာအရှေ့ဘက် စဥ်းအိုးလဟာကျေးရွာသို့ဝင်ရောက်၍ ပြည်သူ့အိုးအိမ်များအား မီးရှို့ဖျက်ဆီးပြီး တပ်ပြန်ဆုတ်နေကြောင်း စုံစမ်းသိရသည်။

အထက်ပါ နံဇရွာနှင့် ပေါက်ပင်ကုန်းအနီးတိုက်ပွဲများတွင် စစ်ကောင်စီတပ်ဘက်မှ စစ်သုံးပစ္စည်းများနှင့် ကျည်ဘောက်အပါအဝင် ကျည်အချို့သိမ်းဆည်းရရှိခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့များထံမှ သိရသည်။