Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မြင်းမူနယ်တွင် စစ်တပ်က မီးရှို့ဖျက်ဆီးနေ၍ ဒေသခံများ ညတွင်းချင်းထွက်ပြေးနေရ

စစ်ကောင်စီတပ်သည် မြင်းမူနယ်အတွင်းရှိ ကျေးရွာများကို ဇူလိုင် ၆ ရက်မှစတင်ကာစစ်ကြောင်းထိုးပြီး ကျေးရွာ လေးရွာထက်မနည်း မီးရှို့ထားပြီး ဖမ်းဆီးသတ်ဖြတ်ခံရသူများလည်းရှိနေကြောင်း ​ဒေသခံများက ပြောသည်။

(မီးရှို့ဖျက်ဆီးခံနေရသော မူးမန္တလေးကျေးရွာအား တွေ့ရစဥ်။ ဓာတ်ပုံ-စစ်ကိုင်းမြို့နယ် သတင်းမှန်ပြန်ကြားရေး)
(မီးရှို့ဖျက်ဆီးခံနေရသော မူးမန္တလေးကျေးရွာအား တွေ့ရစဥ်။ ဓာတ်ပုံ-စစ်ကိုင်းမြို့နယ် သတင်းမှန်ပြန်ကြားရေး)

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်ရှိ မူးမန္တလေးကျေးရွာအား စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးနေ၍ ဒေသခံများ ညတွင်းချင်းထွက်ပြေးနေရကြောင်း သတင်းရရှိသည်။

ယနေ့ (ဇူလိုင် ၁၇ ရက်) ညနေပိုင်းက မူးမန္တလေးကျေးရွာအနီးတွင် စစ်ကောင်စီတပ်နှင့် ဒေသတွင်း PDFများ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ ထိခိုက်ဒဏ်ရာရသွားသည့် စစ်သားများအား ထီးဆောင်းကျေးရွာသို့ သယ်ဆောင်သွားကြောင်း ဒေသကာကွယ်ရေးရဲဘော်တစ်ဦးက ပြောသည်။

(မီးရှို့ဖျက်ဆီးခံနေရသော မူးမန္တလေးကျေးရွာအား တွေ့ရစဥ်။ ဓာတ်ပုံ-စစ်ကိုင်းမြို့နယ် သတင်းမှန်ပြန်ကြားရေး)
(မီးရှို့ဖျက်ဆီးခံနေရသော မူးမန္တလေးကျေးရွာအား တွေ့ရစဥ်။ ဓာတ်ပုံ-စစ်ကိုင်းမြို့နယ် သတင်းမှန်ပြန်ကြားရေး)

ထို့နောက် ညနေ ၆ နာရီခန့်တွင် စစ်တပ်က မူးမန္တလေးရွာအား လက်နက်ကြီးများဖြင့်ပစ်ခတ်ကာ ဝင်ရောက်ခဲ့ကြောင်း၊ ည ၇ နာရီခန့်တွင် မူးမန္တလေးကျေးရွာအား မီးရှို့ဖျက်ဆီးနေ၍ ထိုကျေးရွာအပါအဝင် အနီးဝန်းကျင်ကျေးရွာများပါ ညတွင်းချင်းတိမ်းရှောင်နေရကြောင်း စစ်ကိုင်းမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောသည်။

Public Service Announcement
Public Service Announcement

“အလ္လကပ္ပနဲ့ညောင်ပင်ကန်ဘက်ကို တစ်ကြောင်းထွက်သွားတယ်။ နောက်တစ်ကြောင်းက မူးမန္တလေးဘက်ကို မီးရှို့နေတယ်။”ဟု ဒေသတွင်းရဲဘော်တစ်ဦးက ပြောသည်။

(မီးရှို့ဖျက်ဆီးခံနေရသော မူးမန္တလေးကျေးရွာအား တွေ့ရစဥ်။ ဓာတ်ပုံ-စစ်ကိုင်းမြို့နယ် သတင်းမှန်ပြန်ကြားရေး)
(မီးရှို့ဖျက်ဆီးခံနေရသော မူးမန္တလေးကျေးရွာအား တွေ့ရစဥ်။ ဓာတ်ပုံ-စစ်ကိုင်းမြို့နယ် သတင်းမှန်ပြန်ကြားရေး)

ယမန်နေ့ (ဇူလိုင် ၁၆ ရက်) ညပိုင်းကလည်း စစ်ကောင်စီတပ်သည် မြင်းမူမြို့နယ်၊ မဲနောကျေးရွာကို မီးရှို့ဖျက်ဆီးခဲ့ရာ နေအိမ် ၁၀၀ခန့် ပျက်စီးဆုံးရှုံးခဲ့ကြောင်း မြင်းမူမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောသည်။

စစ်ကောင်စီတပ်သည် မြင်းမူနယ်အတွင်းရှိ ကျေးရွာများကို ဇူလိုင် ၆ ရက်မှစတင်ကာစစ်ကြောင်းထိုးပြီး ကျေးရွာ လေးရွာထက်မနည်း မီးရှို့ထားပြီး ဖမ်းဆီးသတ်ဖြတ်ခံရသူများလည်းရှိနေကြောင်း ​ဒေသခံများက ပြောသည်။

ထို့အပြင် ဇူလိုင် ၁၃ ရက်ကမူ စစ်ကောင်စီတပ်နှင့် ဒေသတွင်း PDF အဖွဲ့များ ခွက်ခွင်းရွာအနီး တိုက်ပွဲဖြစ်ပွားပြီး စစ်အုပ်စုအထိအခိုက်များကြောင်း တော်လှန်ရေးအင်အားစုများက ပြောသည်။