Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ထားဝယ်မြစ်ဝတွင်လက်နက်ခဲယမ်းများသယ်​ဆောင်လာ​သောစစ်တပ်နှင့်ပျူစက်​လှေ တိမ်း​မှောက်

စစ်ကောင်စီနှင့် ပျူစောထီးပူးပေါင်းတပ်ဖွဲ့ အင်အား (၃၀)ဝန်းကျင်လိုက်ပါလာသည့် စက်လှေတစ်စီးသည် လောင်းလုံးမြို့နယ် သပြေရှောင်ကျေးရွာအနီး ထားဝယ်မြစ်ဝတွင်ဇူလိုင်လ ၁၆ ရက်ည ၇နာရီခန့်၌ နစ်မြုပ်သွားခြင်းဖြစ်​ကြောင်း​ဒေသခံများက​ပြောသည်။

(တနသာ်ရီတိုင်းအတွင်း ဇူလိုင်လအတွင်းစစ်​ကြောင်းထိုးလာ​သော စစ်​ကောင်စီစစ်​ကြောင်းတစ်ခု ။ဓါတ်ပုံ-စစ်​ကောင်စီ​ထောက်ခံသူများ၏ လူမှုကွန်ယက်မှ)
(တနသာ်ရီတိုင်းအတွင်း ဇူလိုင်လအတွင်းစစ်​ကြောင်းထိုးလာ​သော စစ်​ကောင်စီစစ်​ကြောင်းတစ်ခု ။ဓါတ်ပုံ-စစ်​ကောင်စီ​ထောက်ခံသူများ၏ လူမှုကွန်ယက်မှ)

▪︎ရုပ်အ​လောင်းများ​မျော​နေ​ကြောင်း​ဒေသခံအချို့​ပြော

တနင်္သာရီတိုင်း၊ လောင်းလုံးနှင့် ထားဝယ်မြို့နယ်ကြား ထားဝယ်မြစ်ဝတွင် ယမန်နေ့( ဇူလိုင်လ ၁၆ရက်)ည‌နေက လက်နက်ခဲယမ်းအများအပြားတင်ဆောင်လာသည့်စစ်ကောင်စီစက်လှေတစ်စီးနစ်မြုပ်သွားပြီးယနေ့တွင်သေဆုံးရုပ်အလောင်းများ မျောပါနေကြောင်း ဒေသခံများကပြောသည်။

စစ်ကောင်စီနှင့် ပျူစောထီးပူးပေါင်းတပ်ဖွဲ့ အင်အား (၃၀)ဝန်းကျင်လိုက်ပါလာသည့် စက်လှေတစ်စီးသည် လောင်းလုံးမြို့နယ် သပြေရှောင်ကျေးရွာအနီး ထားဝယ်မြစ်ဝတွင်ဇူလိုင်လ ၁၆ ရက်ည ၇နာရီခန့်၌ နစ်မြုပ်သွားခြင်းဖြစ်​ကြောင်း​ဒေသခံများက​ပြောသည်။

“မနေ့ညနေကတည်းရကြားတယ်။ဒီနေ့(ဇူလိုင် ၁၇ရက်)မနက်အစောကြီးပဲ စစ်တပ်ကကောင်တွေက အောက်ဆီဂျင်ဗူးတွေ၊ ရေငုပ်ဝတ်စုံ‌တွေနဲ့ ရောက်လာတယ်။ ရှာကြတယ်။ မတွေ့ဘူး။အခုညနေတော့ အလောင်းတချို့ ပေါ်လာတယ်လို့ ကြားတယ်။ မြစ်ဆိပ်ကို မဆင်းရဲလို့ အသေးစိတ်မသိဘူး”ဟု ဒေသခံတစ်ဦးကပြောသည်။

စက်လှေပေါ်ပါလာသူ အားလုံးသေဆုံးသည်ဟု သတင်းများထွက်ပေါ်နေကြောင်း ဒေသခံများကပြောသည်။

စစ်ကောင်စီစက်‌လှေပေါ်တွင် လက်နက်ခဲယမ်းများပါဝင်လာကြောင်းနှင့် စက်လှေနစ်မြုပ်သွားသည့်သတင်းလည်း ကြားရကြောင်း တနင်္သာရီစစ်ဒေသခွဲမှ တာဝန်ရှိသူတစ်ဦးက‌ပြောသည်။

“မနေ့ညကမြုပ်တယ်လို့ သိရတယ်။ ဒီနေ့ အလောင်းတွေမျောနေတယ်ကြားတယ်။စက်လှေပေါ်မှာလက်နက်ခဲယမ်းတွေ ပါတယ်လို့လည်း ကြားတယ်”ဟု အထက်ပါတာဝန်ရှိသူက ပြောသည်။

လောင်းလုံးနှင့် ထားဝယ်မြို့နယ် ပတ်ဝန်းကျင်တွင် ဇူလိုင် ၁၆ ရက်ည​​ရော ၊ဇူလိုင် ၁၇ ရက်တွင်ပါမိုးကောင်းနေပြီး စစ်ကောင်စီစက်လှေသည် မိုးသက်လေပြင်းကြောင့် တိမ်းမှောက်သွားခြင်းဖြစ်ကြောင်းဒေသခံများကပြောသည်။

ဘင်္ဂလားပင်လယ်အော်တွင် ယခု ရက်ပိုင်းအတွင်း မုတ်သုန်​လေအားအလွန်ကောင်းနေပြီး တနင်္သာရီတိုင်းတွင် မိုးကြီးနိုင်ကြောင်း စစ်ကောင်စီလက်အောက်ခံမိုးဇလဌာနက ‌ဇူလိုင်လ ၁၆ရက်နှင့် ၁၇ရက်တွင် နှစ်ရက်ဆက်သတိပေးထားသည်ကိုတွေ့ရသည်။