Connect with us
close

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

၁၀ လလောက် အကြာမှာ ကင်းလှည့်လုပ်ငန်းတွေ ပြန်စလာတဲ့ အီရန် ဘာသာရေး ရဲတပ်ဖွဲ့

အီရန်ရဲ့ ရှေ့နေချုပ်ကလည်း ဘာသာရေး ရဲတပ်ဖွဲ့ကို အပြီးတိုင် ဖျက်သိမ်းဖို့ထိ ဖြစ်နိုင်ခြေရှိကြောင်း ပြောကြားခဲ့ဖူးပါတယ်။ ဒါပေမဲ့ တစ်ဖက်မှာလည်း အယူသီးသူတွေက ဘာသာရေး ရဲတပ်ဖွဲ့ကို မဖျက်သိမ်းဖို့၊ ရံဖန်ရံခါ ကင်းလှည့်မှုတွေ လုပ်ဆောင်ဖို့ အစိုးရကို တိုက်တွန်း ဖိအားပေးနေပါတယ်။

၁၀ လလောက် အကြာမှာ ကင်းလှည့်လုပ်ငန်းတွေ ပြန်စလာတဲ့ အီရန် ဘာသာရေး ရဲတပ်ဖွဲ့
၁၀ လလောက် အကြာမှာ ကင်းလှည့်လုပ်ငန်းတွေ ပြန်စလာတဲ့ အီရန် ဘာသာရေး ရဲတပ်ဖွဲ့

ပြည်တွင်းမှာ အလုံးအရင်း အုံကြွ ဆန္ဒပြမှုတွေ ဖြစ်ပေါ်စေခဲ့တဲ့နောက် လအတော်ကြာ ငြိမ်သက်သွားခဲ့တဲ့ အီရန် ဘာသာရေး ရဲတပ်ဖွဲ့ဟာ ကင်းလှည့်မှုတွေ ပြန်လည် စတင်နေပြီ ဖြစ်ပါတယ်။

ကျင့်ဝတ်ရေးရာ ရဲတွေလို့လည်း ခေါ်လေ့ရှိတဲ့ ဘာသာရေး ရဲတွေဟာ အီရန်က လမ်းတွေပေါ် ပြန်ရောက်လာပြီး ဘာသာရေးအရ သတ်မှတ်ချက်နဲ့အညီ ခေါင်းမြီးခြုံ အဝတ် ဝတ်မထားတဲ့ အမျိုးသမီးတွေ ရှိမရှိ ဆိုတာကို လှည့်လည် ကြည့်ရှုနေကြောင်း အစိုးရ မီဒီယာတွေကလည်း အတည်ပြုခဲ့ပါတယ်။

လွန်ခဲ့တဲ့ ၁၀ လလောက်က အီရန် ဘာသာရေး ရဲတပ်ဖွဲ့တွေက ခေါင်းမြီးမခြုံတဲ့ မာရှာ အမီနီဆိုတဲ့ မိန်းကလေးငယ်ကို ဖမ်းဆီးပြီး ရိုက်နှက်ဆုံးမရာက လက်လွန် သေဆုံးသွားတဲ့နောက် အီရန်မှာ အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ နေရာအနှံ့ ပေါ်ပေါက်ခဲ့ပါတယ်။ အမီနီ သေဆုံးပြီးတဲ့နောက် ဘာသာရေး ရဲတပ်ဖွဲ့တွေဟာ အီရန်ရဲ့ လမ်းတွေပေါ်ကနေ လုံးဝဥဿုံ ပျောက်ကွယ်နေခဲ့ပါတယ်။

အီရန်ရဲ့ ရှေ့နေချုပ်ကလည်း ဘာသာရေး ရဲတပ်ဖွဲ့ကို အပြီးတိုင် ဖျက်သိမ်းဖို့ထိ ဖြစ်နိုင်ခြေရှိကြောင်း ပြောကြားခဲ့ဖူးပါတယ်။ ဒါပေမဲ့ တစ်ဖက်မှာလည်း အယူသီးသူတွေက ဘာသာရေး ရဲတပ်ဖွဲ့ကို မဖျက်သိမ်းဖို့၊ ရံဖန်ရံခါ ကင်းလှည့်မှုတွေ လုပ်ဆောင်ဖို့ အစိုးရကို တိုက်တွန်း ဖိအားပေးနေပါတယ်။

ရှီးဟိုက် မွတ်ဆလင် အများစု နေထိုင်ရာ အီရန်မှာ ဘာသာရေး အခြေခံ စည်းမျဉ်း ဥပဒေတွေကို ကျင့်သုံးပြီး အမျိုးသမီးတွေဟာ အိမ်အပြင်ထွက် လှုပ်ရှား သွားလာတဲ့အခါ မျက်နှာနဲ့ ဦးခေါင်းကို အဝတ်နဲ့ ဖုံးကွယ်ပြီး ခန္ဓာကိုယ် တစ်ခုလုံး လုံခြုံနေတဲ့ အဝတ်မျိုးတွေ ဝတ်ရမယ်လို့ ပြဋ္ဌာန်းထားပါတယ်။

ပြီးခဲ့တဲ့နှစ် စက်တင်ဘာလတုန်းက အသက် ၂၂ နှစ်အရွယ် မိန်းကလေးငယ် အမီနီဟာ ခေါင်းမြီးခြုံ အဝတ်ကို စနစ်တကျ မဝတ်လို့ဆိုပြီး မြို့တော် တဟီရန်မှာ ဘာသာရေးရဲတွေ ဖမ်းဆီးတာ ခံခဲ့ရပါတယ်။ သူ့ကို ရဲတွေက ပညာပေးဖို့ လိုတယ်ဆိုပြီး ထိန်းသိမ်းရေး စင်တာ တစ်ခုဆီ ခေါ်ဆောင်သွားရာက လက်လွန်ခြေလွန် ဖြစ်သွားတာပါ။ အမီနီကို ဆေးရုံ တင်ပို့ပေမယ့် အသက်မကယ်နိုင်တော့ပါဘူး။ ဘာသာရေး ရဲတွေက အမီနီရဲ့ ရောဂါအခံ တစ်ခုခုကြောင့် သေသွားတာပါလို့ ငြင်းဆိုပေမယ့် မိန်းကလေးဟာ နံပတ်တုတ်နဲ့ အရိုက်ခံရတဲ့အပြင် ခေါင်းကိုဆွဲပြီး ရဲကားတစ်စီးနဲ့ ဆောင့်တာကိုပါ ခံစားခဲ့ရကြောင်း သတင်းတွေက ဖော်ပြပါတယ်။

ဒီဖြစ်စဉ်အတွက် ဒေါသထွက်ခဲ့ကြတဲ့ အီရန် နိုင်ငံသားတွေ သန်းနဲ့ချီပြီး အုံကြွ ဆန္ဒပြခဲ့ပေမယ့် အီရန် အစိုးရက ရက်စက်ကြမ်းတမ်းတဲ့ နည်းလမ်းတွေနဲ့ တုံ့ပြန် ဖြိုခွင်းခဲ့ပါတယ်။ အဆုံးမှာတော့ ဆန္ဒပြပွဲတွေ ချုပ်ငြိမ်း ရပ်တန့်သွားပြီး အစိုးရရဲ့ သေဒဏ် စီရင်မှုတွေ အပါအဝင် ဆန္ဒပြပြည်သူ ၆၀၀ နီးပါး သတ်ဖြတ်ခြင်း ခံခဲ့ရပါတယ်။