Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ရွှေဘို – မန္တလေးလမ်းပိုင်းတွင် အချိန်မရွေး တိုက်ပွဲဖြစ်ပွားနိုင်၍ လမ်းပိုင်းအား ယာယီပိတ်

အဆိုပါ စစ်ကောင်စီတပ်များမှာ ဝက်လက်မြို့နယ် ရွာသာကြီးကျေးရွာနှင့် ရွှေဘိုမြို့အတွင်းမှထွက်လာသော စစ်ကောင်စီတပ်များဖြစ်ပြီး ရွှေဘို – မန္တလေးလမ်းပိုင်းနေရာများတွင် ကင်းပုန်းဝပ်နေရာယူထားကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

(ရွှေဘို - မန္တလေးလမ်းပိုင်းရှိ ရွာသာကြီးစံပြကျေးရွာအား တွေ့ရစဥ်၊ ဓာတ်ပုံ - CJ)
(ရွှေဘို - မန္တလေးလမ်းပိုင်းရှိ ရွာသာကြီးစံပြကျေးရွာအား တွေ့ရစဥ်၊ ဓာတ်ပုံ - CJ)

စစ်ကိုင်းတိုင်း၊ ရွှေဘို – မန္တလေးလမ်းမကြီးပေါ်တွင် အချိန်မရွေး တိုက်ပွဲဖြစ်ပွားနိုင်၍ ပြည်သူများ ဖြတ်သန်းသွားလာခြင်းမပြုရန် ဒေသတွင်းတော်လှန်ရေးအင်အားစုများက သတိပေးသည်။

ယနေ့ (ဇူလိုင် ၂၀ ရက်) နံနက်ပိုင်းတွင် စစ်ကောင်စီတပ်က ရွှေဘို – မန္တလေးလမ်းပေါ်ရှိ စိုင်နိုင်ကွေ့တွင်လည်းကောင်း၊ ရှားတောရွာနှင့်တဂဏန်းရွာ အနီးတဝိုက်တွင်လည်းကောင်း ရောက်ရှိနေကြောင်း ရွှေဘိုမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောသည်။

ထို့ကြောင့် အရေးပေါ်မြေပြင်စစ်ရေးအခြေအနေအရ အချိန်မရွေး တိုက်ပွဲဖြစ်လာနိုင်၍ ရွှေဘို – မန္တလေးလမ်းပိုင်းအား ယခုအချိန်မှစ၍ လုံးဝ ဖြတ်သန်းသွားလာခြင်းမပြုရန် ရွှေဘိုမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ထုတ်ပြန်ကြေညာသည်။

“လောလောဆယ် မီးရှို့ခြင်းပြုခြင်း၊ သေနတ်ပစ်ခြင်းမရှိဘူး။ ဒီအတိုင်းပဲသွားတာ။ စစ်ကြောင်းကနှစ်ခုဖြစ်နေတယ်။ ရွှေဘိုဘက်ကထွက်လာတာက ရွာသာကြီးကထွက်လာတဲ့ကောင်တွေကို လာကြိုဖို့များတယ်။”ဟု Wetlet Informational Network အဖွဲ့မှ ကိုနဂါးလေးက ပြောသည်။

အဆိုပါ စစ်ကောင်စီတပ်များမှာ ဝက်လက်မြို့နယ် ရွာသာကြီးကျေးရွာနှင့် ရွှေဘိုမြို့အတွင်းမှထွက်လာသော စစ်ကောင်စီတပ်များဖြစ်ပြီး ရွှေဘို – မန္တလေးလမ်းပိုင်းနေရာများတွင် ကင်းပုန်းဝပ်နေရာယူထားကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

ထို့ကြောင့် အရေးပေါ်မဖြစ်မနေ သွားလာသူများအနေဖြင့် ရွှေဘိုမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့နှင့် နီးစပ်ရာတော်လှန်ရေးအဖွဲ့အစည်းများထံ ဆက်သွယ်အသိပေးသွားလာနိုင်ကြောင်း ထုတ်ပြန်ထားသည်။