Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်ကိုင်းတိုင်းရှိ စစ်ဘေးရှောင်ကလေးငယ်များ မိုးရာသီဘောလုံးပြိုင်ပွဲ ကျင်းပ

အဆိုပါ အားကစားပြိုင်ပွဲ ကျင်းပနိုင်ရန် ကူညီပေးကြသည့် ပြည်တွင်း၊ပြည်ပ အလှူရှင်များ၊ ရပ်မိရပ်ဖများ၊ ကူညီလုပ်ဆောင်ပေးကြသူများ၊ မြေပြင်အဖွဲ့သားများ အားလုံးကို ကျေးဇူးတင်ဂုဏ်ပြုကြောင်းလည်း S&C အဖွဲ့က ထုတ်ပြန်ခဲ့သည်။

ဓာတ်ပုံ - S&C မီးဘေး၊စစ်ဘေး၊ပညာရေးကူညီစောင့်ရှောက်ရေးအဖွဲ့
ဓာတ်ပုံ - S&C မီးဘေး၊စစ်ဘေး၊ပညာရေးကူညီစောင့်ရှောက်ရေးအဖွဲ့

စစ်ကိုင်းတိုင်းအတွင်းရှိ စစ်ဘေးရှောင်ကလေးငယ်များအတွက် S&C မီးဘေး၊စစ်ဘေး၊ပညာရေးကူညီစောင့်ရှောက်ရေးအဖွဲ့က ဦးဆောင်၍ မိုးရာသီ ဘောလုံးပြိုင်ပွဲ ယနေ့ (ဇူလိုင် ၁၅) ကျင်းပပြုလုပ်ပေးခဲ့သည်။

ဓာတ်ပုံ - S&C မီးဘေး၊စစ်ဘေး၊ပညာရေးကူညီစောင့်ရှောက်ရေးအဖွဲ့
ဓာတ်ပုံ – S&C မီးဘေး၊စစ်ဘေး၊ပညာရေးကူညီစောင့်ရှောက်ရေးအဖွဲ့

ယင်းပြိုင်ပွဲတွင် ဆုရရှိသည့် ကလေးများအတွက် ပထမဆုအဖြစ် ကျပ် ၃သိန်း၊ ဒုတိယဆု ကျပ်၂သိန်း၊ တတိယဆု ကျပ် ၁သိန်း အပြင်ရွှေ ငွေ၊ ကြေး ဆုတံဆိပ်များ၊ အကောင်းဆုံး အားကစားသမားဆုနှင့် ဂိုးသွင်းအများဆုံး ကစားသမားဆုများလည်း ပေးအပ်ခဲ့ကြောင်း S&C အဖွဲ့က ဖော်ပြထားသည်။

“ယခုအချိန် အညာဒေသမှာ စစ်ရှောင်တွေအတွက် ပျော်ရွှင်စရာပွဲဆိုတာ သိပ်ရှားပါးလှပါတယ်။ အထူးသဖြင့် စစ်ရှောင် ကလေးတွေအတွက် စိတ်အပန်းဖြေ ပျော်ပွဲ၊ရွှင်ပွဲဆိုတာ ပိုလို့တောင်ရှားပါးပါတယ်။ စစ်ဘေးကြောင့် စိတ်ဖိစီးမှုများစွာ ခံစားနေရတဲ့ ကလေးများအတွက် မိုးရာသီ အားကစား ဘောလုံးပြိုင်ပွဲလေး ကျင်းပပေးခဲ့တာ ဖြစ်ပါတယ်”ဟု S&C အဖွဲ့က ဆိုသည်။