Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

နွေဦးဘဏ်ဖြင့် စစ်ကောင်စီကိုဘဏ္ဍာရေးတိုက်စစ်ဖွင့်မည်ဟု NUGပြော

SDBဘဏ်သည် စစ်ကောင်စီထံစီးဝင်နေသည့် နိုင်ငံခြားငွေကြေးများကို ဟန့်တားနိုင်ရန်နှင့် တော်လှန်ရေးရန်ပုံငွေထောက်ပံ့ပေးနိုင်ရန်ဖြစ်ပြီး စစ်ကောင်စီကို ဘဏ္ဍာ​ရေးအရတိုက်စစ်ဖွင့်လှစ်ခြင်းဖြစ်သည်ဟု NUGကြားကာလဗဟိုဘဏ်ဗဟိုဘဏ်ခေါင်းဆောင်များကဆိုသည်။

(​NUG ၏ နွေဦးဘဏ် အမှတ်တံဆိပ်)
(​NUG ၏ နွေဦးဘဏ် အမှတ်တံဆိပ်)

▪︎နွေဦးဘဏ်ကို ဇူလိုင် ၂၂ ရက်စတင်မိတ်ဆက်မည်

နွေဦးဖွံဖြိုးရေးဘဏ်(Spring Development Bank)ကို ဇူလိုင် ၂၂ ရက်တွင် စတင်မိတ်ဆက်မည်ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဗဟိုဘဏ်က ယနေ့ပြုလုပ်သည့်သတင်းစာရှင်းလင်းပွဲတွင်ပြောကြားလိုက်သည်။

SDBဘဏ်သည် စစ်ကောင်စီထံစီးဝင်နေသည့် နိုင်ငံခြားငွေကြေးများကို ဟန့်တားနိုင်ရန်နှင့် တော်လှန်ရေးရန်ပုံငွေထောက်ပံ့ပေးနိုင်ရန်ဖြစ်ပြီး စစ်ကောင်စီကို ဘဏ္ဍာ​ရေးအရတိုက်စစ်ဖွင့်လှစ်ခြင်းဖြစ်သည်ဟု NUGကြားကာလဗဟိုဘဏ်ဗဟိုဘဏ်ခေါင်းဆောင်များကဆိုသည်။

“ဘဏ်စနစ်တခုလုံး အသုံးပြုနိုင်အောင် စီစဉ်ထားတာပါ။ ဒါတွေအားလုံးက တော်လှန်ရေးကို ဦးတည်တဲ့၊ ရည်ရွယ်တဲ့ ဘဏ္ဍာရေးတိုက်စစ်ဆောင်ရွက်နေတာဟာဖြစ်ပါတယ်။ ဘဏ္ဍာရေးလမ်းကြောင်းကနေ တိုက်စစ်ဖွင့်တဲ့ အနေထားဖြစ်လို့ ပူးပေါင်းပါဝင်ကြဖို့ တိုက်တွန်းပါတယ်”ဟု NUGကြားကာလဗဟိုဘဏ်ဒုတိယဥက္ကဌနှင့်စီမံကိန်း၊ ဘဏ္ဍာရေးနှင့်ရင်းနှီးမြှပ်နှံမှုဒုဝန်ကြီးဦးမင်းဇေယျာဦးကပြောသည်။

နွေဦးဘဏ်ကို ပြည်တွင်း၌ လုံခြုံစွာအသုံးပြုနိုင်ရန်လည်း စီစဉ်ထားသည်ဟု ၎င်းကဆိုသည်။

နွေဦးဘဏ်သည်စစ်ကောင်စီထံဝင်ရောက်သည့် ငွေကြေးကိုဖြတ်တောက်ရန်နှင့်တော်လှန်ရေးကို ရန်ပုံငွေထောက်ပံ့ရန်အတွက်ဖြစ်သည်ဟု ကြားကာလဗဟိုဘဏ်၊ဥက္ကဌ ဦးတင်ထွန်းနိုင်ကလည်းပြောသည်။

အဆိုပါဘဏ်ကို ဇူလိုင် ၂၂ ရက်တွင် စတင်မိတ်ဆက်ပြီး ဩဂုတ်လကုန်ပိုင်းတွင် အပြည့်အဝသုံးဆွဲနိုင်မည်ဟု နွေဦးဖွံဖြိုးဘဏ်စီမံခန့်ခွဲမှု အလုပ်အမှုဆောင်အရာရှိ ဦးကယ်လ်ဗင်ကလည်းပြောသည်။

စတင်ဖွင့်လှစ်ရာတွင် ပြည်တွင်းကျပ်ငွေ၊ အမေရိကန်ဒေါ်လာ၊ စင်ကာပူဒေါ်လာ၊ ထိုင်းဘတ်ငွေစသည့် ငွေကြေးလေးမျိုးဖြင့်ဝန်ဆောင်မှုပေးမည်ဖြစ်သည်။ ထိုပြင်ဘဏ်ကတဆင့်ရွှေစုခြင်းတို့ကိုလည်း ဆောင်ရွက်နိုင်မည်ဟု ၎င်းကဆက်ပြောသည်။

ငွေသွင်း၊ငွေထုတ်ခြင်းကို သက်ဆိုင်ရာဘဏ်ကိုယ်စားလှယ်များ၊ Cryptocurrency စသည်တို့ဖြင့်ဆောင်ရွက်နိုင်မည်ဟုလည်း ၎င်းကဆိုသည်။

ဘဏ်ဖွင့်လှစ်ပြီး ၆လအတွင်း သုံးဆွဲသူ ၁ သိန်းရရှိရန်နှင့် နောက်ထပ် ၆လအတွင်း သုံးစွဲသူ ၅ သိန်းအထိ တိုးမြှင့်လာရန်လည်းရည်ရွယ်ထားသည်ဟု ဦးကယ်လ်ဗင်ကရှင်းပြသည်။

နောက်ပိုင်းတွင် အခြားနိုင်ငံခြားငွေများဖြင့် ဘဏ်ဝန်ဆောင်မှုများကို တိုးဖြင့်သွားပြီး Debit Cardများ၊ NUGကရောင်းချသည့် ငွေတိုက်စာချုပ်များနှင့်အခြား ထုတ်ကုန်များကိုလည်းဝယ်ယူနိုင်မည်ဟုဆိုသည်။ ထိုပြင် နွေဦးဘဏ်ကိုအသုံးပြုပြီး ပြည်တွင်းကို ငွေလွှဲနိုင်ရန်လည်း စီစဉ်သွားမည်ဟုဆိုထားသည်။

နွေဦးဘဏ်ကို တည်ထောင်ရာတွင် မတည်ရင်းနှီးရင်းငွေသည် ဒေါ်လာ ၅ သိန်းဖြစ်ပြီး ဘဏ်အစုရှယ်တစ်စုကို ဒေါ်လာ ၀.၀၀၀၁ ( ၀.၃၁ ကျပ်) ဖြင့် အစုရှယ်ယာပေါင်း တစ်ရာဘီလီယံ ရောင်းချရန်သတ်မှတ်ထားသည်။

အာဏာသိမ်းစစ်​ကောင်စီလက်ထက်တွင် ပြည်တွင်ဘဏ်လုပ်ငန်းများမှာ စစ်​ကောင်စီအလိုကျ လိုက်ပါလုပ်​ဆောင်ရင်း ၊ဘဏ်ဝန်​ဆောင်မှု အသုံးပြုသူများအ​ပေါ် ဝန်​ဆောင်မှု​ညံ့ဖျင်းလာ၍ ဘဏ်လုပ်ငန်းများကျဆင်းလာသည်။ထို့အပြင် အ​မေရိကန်အစိုးရက စစ်​ကောင်စီထိန်းချုပ်ထား​​သော MFTB နှင့် MICB တို့ကို အ​ရေးယူဒဏ်ခပ်လိုက်သဖြင့် စစ်​ကောင်စီအတွက် ​အ​မေရီကန်ဒေါ်လာရရန်ပိုမိုခက်ခဲလာပြီး ၊စင်ကာပူဘဏ် ၃ ဘဏ်တွင် ​ဒေါ်လာ ၄ ဘီလီယံ​ကျော်ပိတ်မိ​နေသည်။ထိုအပြင် ဗြိတိန်က MOGE ကိုအ​ရေးယူဒဏ်ခပ်ပိတ်ဆို့​ထားသော​ကြောင့် ​ရွှေသဘာဝဓါတ်​ငွေ့စီမံကိန်းမှတရုတ်သို့​ရောင်းချထား​သော​ဓါတ်​ငွေ့များကို​စတာလင်​ပေါင်ဖြင့် စာချုပ်ထား၍ ​ငွေများပိတ်မိ​နေ​သေးသည်လည်းရှိ​နေသည်။ထို​ကြောင့် နိုင်ငံတစ်ဝန်း စစ်မျက်နှာပိုမိုကျယ်ပြန့်လာ​သောစစ်​ကောင်စီ အတွက် လက်နက်၊ခဲယမ်းနှင့် ​လေယာဥ်ဆီဝယ်ယူရန် ​ဒေါ်လာလိုအပ်ချက် ပိုမိုမြင့်မား​နေပြီး ပြည်တွင်း၌ လုပ်ငန်းမျိုးစုံမှ ​ဒေါ်လာများရသ​လောက်လိုက်သိမ်း​နေသည်။