Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

နွားထိုးကြီးတွင် စစ်ကြောင်းထိုးလာသည့်စစ်တပ် တိုက်ခိုက်ခံရ

စစ်ကောင်စီတပ်သည် နွားထိုးကြီးမြို့နယ်အတွင်း ဧပြီလလယ်ကတည်းက စစ်ကြောင်းထိုးနေခြင်းဖြစ်ပြီး ဒေသခံပြည်သူများအားဖမ်းဆီးသတ်ဖြတ်မှုများ ပြုလုပ်နေသည်။

(၂၀၂၂ ဧပြီအတွင်းက နွားထိုးကြီး - တောင်သာလမ်းတွင် အဝေးပြေးကား များအား နွားထိုးကြီး PDF အဖွဲ့တစ်ဖွဲ့က စစ်ဆေးနေစဥ်၊ ဓာတ်ပုံ - နွားထိုးကြီး PDF)
(၂၀၂၂ ဧပြီအတွင်းက နွားထိုးကြီး - တောင်သာလမ်းတွင် အဝေးပြေးကား များအား နွားထိုးကြီး PDF အဖွဲ့တစ်ဖွဲ့က စစ်ဆေးနေစဥ်၊ ဓာတ်ပုံ - နွားထိုးကြီး PDF)

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်တွင် စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်အား မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား နှစ်ဦးသေဆုံးကြောင်း မြင်းခြံခရိုင်အမှတ် – ၄ တပ်ရင်း Natogyi People Defence Force အဖွဲ့က ပြောသည်။

ယမန်နေ့ (ဇူလိုင်လ ၂၀ ရက်) နံနက် ၁၁ နာရီဝန်းကျင်က မြင်းခြံမြို့နယ်နှင့် နွားထိုးကြီးမြို့နယ်အစပ်ရှိ စင်္ကြာတောင်အနီး စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်အား မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား နှစ်ဦးသေဆုံးသည်ကို မျက်မြင်တွေ့ခဲ့ကြောင်း နွားထိုးကြီး PDF အဖွဲ့က ပြောသည်။

“အင်အားက ၄၀ဝန်းကျင်လောက်ရှိတယ်။ ၈ လုံးပဒေသာမိုင်းဆင်တယ်။ နှစ်ယောက်ပဲမိုင်းကွင်းထဲဝင်လို့ အဲ နှစ်ယောက် ပွဲချင်းပြီးသေဆုံးတယ်။”ဟု နွားထိုးကြီး PDF အဖွဲ့ တာဝန်ရှိသူကပြောသည်။

သေဆုံးစစ်သားနှစ်ဦး၏ ရုပ်လောင်းအား အနီးရှိ ကျေးရွာမှ ဆိုင်ကယ်များယူပြီး သယ်ဆောင်သွားသည်ဟု ဆိုသည်။

စစ်ကောင်စီတပ်သည် နွားထိုးကြီးမြို့နယ်အတွင်း ဧပြီလလယ်ကတည်းက စစ်ကြောင်းထိုးနေခြင်းဖြစ်ပြီး ဒေသခံပြည်သူများအားဖမ်းဆီးသတ်ဖြတ်မှုများ ပြုလုပ်နေသည်။