Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မြိုင်နယ်ရှိ ပျူစောထီးရွာအား ပူးပေါင်းအဖွဲ့များ ခြောက်ရက်ဆက်တိုက်ခိုက်

မြိုင်(ပကဖ)အဖွဲ့နှင့် တော်လှန်ရေးအင်အားစုများသည် ဇူလိုင်လကုန်ပိုင်းကလည်း မြိုင်မြို့နယ်ရှိ ယာကြီးပြင်နှင့် ပြင်ထောင်ပျူရွာများကို တိုက်ခိုက်ခဲ့သေးသည်။

(စစ်ကောင်စီတပ်က လေ့ကျင့် လက်နက်တပ်ဆင်ပေးထားသော ပျူစောထီးအဖွဲ့ဝင်များအား တွေ့ရစဥ်။ ဓာတ်ပုံ - CJ)
(စစ်ကောင်စီတပ်က လေ့ကျင့် လက်နက်တပ်ဆင်ပေးထားသော ပျူစောထီးအဖွဲ့ဝင်များအား တွေ့ရစဥ်။ ဓာတ်ပုံ - CJ)

▪︎အမြန်ဆုံးအလင်းဝင်ရန် သတိပေး

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်ရှိ စစ်ကောင်စီတပ်လက်အောက်ခံ သရက်ကွပျူစောထီး ကျေးရွာကို ဒေသတွင်းတော်လှန်ရေးအဖွဲ့များက ခြောက်ရက်ဆက် ပစ်ခတ်တိုက်ခိုက်ပြီး အမြန်ဆုံးအလင်းဝင်ရန် သတိပေးကြောင်း မြိုင်မြို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ခေါင်းဆောင် ဗိုလ်လက်ယျာက ပြောသည်။

သရက်ကွရွာကို သြဂုတ် ၂ ရက်မှ ယနေ့(သြဂုတ် ၇ရက်)အထိ မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း(၃)တပ်ခွဲ-၁ ဝံပုလွေပြောက်ကျားတပ်ဖွဲ့က ဦးဆောင်၍ အဖွဲ့ပေါင်း ၃၀ ကျော်က လက်နက်ကြီး၊ မောင်းသူမဲ့လေယာဉ်ငယ်များဖြင့် အီနာဂါဗုံးသီး ၁၀ လုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဗိုလ်လက်ယျာက ပြောသည်။

“ကျွန်တော်တို့ ၂ ရက်နေ့ကတည်းက ပစ်နေတာ။ လက်နက်ပါရင်လက်ခံမယ်။ လက်နက်မပါရင်လက်မခံဘူးလို့ပြောထားတယ်။”ဟု ဗိုလ်လက်ယျာက ဆိုသည်။

Public Service Announcement
Public Service Announcement

ယနေ့(သြဂုတ် ၇ ရက်) နံနက် ၉နာရီခွဲခန့်ကလည်း သရက်ကွပျူရွာကို ရှော့တိုက်ဒုံးများဖြင့် လာရောက်ပစ်ခတ်သွားကြောင်း အနီးဝန်းကျင်ရှိ ဒေသခံများက ပြောသည်။

“လာလာပစ်တာ ဒီကနေ့နဲ့ဆို ၆ ရက်လောက်ရှိပြီ။”ဟု ဒေသခံတစ်ဦးက ပြောသည်။

လက်နက်ကြီးများနားချိန် လက်နက်ငယ်များဖြင့်ပါ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ပျူများမှာ ပြန်လည်ပစ်ခတ်နိုင်ခြင်းမရှိကြောင်း ​တော်လှန်ရေးရဲဘော်များက ပြောသည်။

ထို့အပြင် သရက်ကွပျူရွာတွင် ရိက္ခာနည်းနေပြီဟု သတင်းရထားပြီး ၂၄နာရီ နေ့ညမပြတ်စောင့်ဆိုင်းနေ၍ အမြန်ဆုံးအလင်းဝင်ရန်နှင့် စခန်းသိမ်းပိုက်ပြီးမှ လက်နက်ချအညံ့ခံမည်ကို လက်မခံကြောင်း မြိုင်(ပကဖ)အဖွဲ့က သတိပေးထားသည်။

မြိုင်(ပကဖ)အဖွဲ့နှင့် တော်လှန်ရေးအင်အားစုများသည် ဇူလိုင်လကုန်ပိုင်းကလည်း မြိုင်မြို့နယ်ရှိ ယာကြီးပြင်နှင့် ပြင်ထောင်ပျူရွာများကို တိုက်ခိုက်ခဲ့သေးသည်။