Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ညနေခင်းသတင်းလွှာ

ဒီနေ့ (ဩဂုတ် ၇ ရက်) ညနေခင်းသတင်းတွေကို People’s Spring က တင်ဆက်ပေးပါမယ်။ဒီနေ့ (ဩဂုတ် ၇ ရက်) ညနေခင်းသတင်းတွေကို People’s Spring က တင်ဆက်ပေးပါမယ်။

ညနေခင်းသတင်း
ညနေခင်းသတင်း

ညနေခင်းသတင်း

▪️ဖားကန့်၊ ကသိုဏ်းတောင်တပ်စစ်စခန်းကို KIA/PDF ပူးပေါင်းတပ်တိုက်ခိုက်သိမ်းပိုက်၊ လက်နက်ခဲယမ်းများရ

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ကသိုဏ်းတောင် စစ်ကောင်စီတပ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နဲ့ ပြည်သူ့ကာကွယ်ရေးတပ်(PDF) ပူးပေါင်းအဖွဲ့က ဒီနေ့မနက်မှာ တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ ကချင်ဒေသခံနဲ့PDF တို့ကပြောပါတယ်။

(KIA တပ်ဖွဲ့ဝင်များ (ပုံအ​ဟောင်း)နှင့် KIA/PDF ပူး​ပေါင်းတပ်ကသိမ်းပိုက်ခဲ့​သော စခန်း​နေရာကို အ​ပေါ်စီးမှ​တွေ့ရစဥ်။ဓါတ်ပုံ-The Kachin Net)
(KIA တပ်ဖွဲ့ဝင်များ (ပုံအ​ဟောင်း)နှင့် KIA/PDF ပူး​ပေါင်းတပ်ကသိမ်းပိုက်ခဲ့​သော စခန်း​နေရာကို အ​ပေါ်စီးမှ​တွေ့ရစဥ်။ဓါတ်ပုံ-The Kachin Net)

ဖားကန့်-တာမခန်လမ်းမှာရှိပြီး အင်အား ၇၀ ခန့်တပ်စွဲထားတဲ့ ကသိုဏ်းတောင်စစ်ကောင်စီစခန်းကို KIA၊ PDF ပူးပေါင်းတပ်ဖွဲ့က ဒီနေ့မနက်ပိုင်းမှာ စီးနင်းတိုက်ခိုက်ပြီး သိမ်းပိုက်ခဲ့တယ်လို့ ဖားကန့်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကပြောပါတယ်။ စစ်ကောင်စီတပ်ရဲ့ သေဆုံးမှုစာရင်းကို မရရှိသေးပေမယ့် လက်နက်ခဲယမ်းများကို သိမ်းဆည်းရရှိတယ်လို့ သိရပါတယ်။ ကသိုဏ်းတောင်စခန်းဟာ ​ဒေသတွင်း စစ်ရေးအရ အ​ရေးပါတဲ့ နေရာလည်း ဖြစ်ပါတယ်။ ကသိုဏ်းတောင်စစ်ကောင်စီတပ်စခန်းကို ဒီနေ့မနက်အ​စောပိုင်းမှာ တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက အတည်ပြုပါတယ်။

(KIA တပ်ဖွဲ့ဝင်များ (ပုံအ​ဟောင်း)နှင့် KIA/PDF ပူး​ပေါင်းတပ်ကသိမ်းပိုက်ခဲ့​သော စခန်း​နေရာကို အ​ပေါ်စီးမှ​တွေ့ရစဥ်။ဓါတ်ပုံ-The Kachin Net)
(KIA တပ်ဖွဲ့ဝင်များ (ပုံအ​ဟောင်း)နှင့် KIA/PDF ပူး​ပေါင်းတပ်ကသိမ်းပိုက်ခဲ့​သော စခန်း​နေရာကို အ​ပေါ်စီးမှ​တွေ့ရစဥ်။ဓါတ်ပုံ-The Kachin Net)

▪️မြေပြိုကျတဲ့ အာရှလမ်းပေါ်အနီးတစ်ဝိုက် ထပ်ပြိုကျနိုင်တဲ့ အန္တရာယ်ရှိနေ

ဒေသအလိုက် မိုးကြီးခဲ့ပြီး သဘာ၀ဘေးဒဏ်ကြုံနေရတဲ့ ကရင်ပြည်နယ်မှာ ဒီနေ့ နေ့ခင်းက မြ၀တီ-ကော့ကရိတ်အာရှလမ်းမပေါ် မြေပြိုကျခဲ့ပြီး လမ်းပန်းဆက်သွယ်ရေးပြတ်တောက်ခဲ့ရတယ်လို့ ဒေသခံများက ပြောပါတယ်။ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဒီနေ့ မနက်ပိုင်းမှာ မြ၀တီမြို့ အာရှလမ်းမပေါ် မြေနီကုန်းဘက်မှာ ရေကြီးရေလျှံမှုဖြစ်ပွားခဲ့သလို ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်ရေး အဓိကလမ်းကြောင်းဖြစ်တဲ့ မြ၀တီ-ကော့ကရိတ်အာရှလမ်းမ တောနောရေတံခွန်အနီးမှာလည်း ကားလမ်းမြေသားပြိုကျမှု ဖြစ်ပွါးခဲ့ပါတယ်။ အဲဒီလို ကားလမ်းအောက်ခံမြေသားပြိုကျမှုကြောင့် လမ်းပန်းဆက်သွယ်ရေးပြတ်တောက်နေပြီး ခရီးသွားလာလို့မရတော့သလို အဲဒီအနီးတဝိုက်မှာ တောင်မြေထပ်မံပြိုကျဖွယ်လည်းရှိနေတယ်လို့ ခရီးသွားများက ပြောပါတယ်။

မြေပြိုကျသည့် အာရှလမ်းပေါ်အနီးတစ်ဝိုက် ထပ်ပြိုကျနိုင်သည့်အန္တရာယ်ရှိနေ
မြေပြိုကျသည့် အာရှလမ်းပေါ်အနီးတစ်ဝိုက် ထပ်ပြိုကျနိုင်သည့်အန္တရာယ်ရှိနေ

▪️လဲချားတိုက်ပွဲ စစ်ကောင်စီ ထိခိုက်သေဆုံးမှုများဟု SSPP ထုတ်ပြန်

ရှမ်းပြည်နယ်တောင်ပိုင်း လဲချားမြို့နယ်မှာ မနေ့က ဖြစ်ပွါးခဲ့တဲ့ တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်က သေဆုံးထိခိုက်များပြားတယ်လို့ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP/SSA)က ဒီနေ့ ထုတ်ပြန်ပါတယ်။ စစ်ကောင်စီတပ်က ထိုးစစ်ဆင်လာလို့ မနေ့က တစ်နေကုန်နီးပါး တိုက်ပွဲဖြစ်ပွားခဲ့ရာ SSPP ရဲဘော် တစ်ဦးကျဆုံးပြီး စစ်ကောင်စီဘက်က ၁၀ ဦးထက်မနည်း သေဆုံးကာ ဒဏ်ရာရ စာရင်းကို သီးခြားအတည်မပြုနိုင်သေးဘူးလို့ဖော်ပြပါတယ်။ စစ်ကောင်စီတပ်သား နှစ်ဦးအရှင်ဖမ်းမိပြီး စစ်သုံးယာဉ် တစ်စီးကိုလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ ဆိုပါတယ်။ နှစ်ဖက်တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီဟာ ပင်လုံ-လဲချား-မိုင်းနောင် နဲ့ လဲချားမြိုနယ်ရှိ နမ့်တိန်းတံတားအဝင် နေရာများမှာ သွားလာခွင့်ပိတ်ထားတယ်လို့ သိရပါတယ်။

(စစ်ကောင်စိတပ်အား တိုက်ခိုက်ခဲ့သော SSPP ရဲဘော်များနှင့် တိုက်ပွဲဖြစ်ပြီးနောက် စစ်ကောင်စီတပ်က လမ်းပိတ်ဆို့ထားသည်ကို တွေ့ရစဥ်။ ဓာတ်ပုံ - SSPP)
(စစ်ကောင်စိတပ်အား တိုက်ခိုက်ခဲ့သော SSPP ရဲဘော်များနှင့် တိုက်ပွဲဖြစ်ပြီးနောက် စစ်ကောင်စီတပ်က လမ်းပိတ်ဆို့ထားသည်ကို တွေ့ရစဥ်။ ဓာတ်ပုံ – SSPP)

▪️ဒီးမော့ဆိုအရှေ့ခြမ်း တိုက်ပွဲပြင်းထန်နေ

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့အရှေ့ခြမ်းမှာ စစ်ကောင်စီက စစ်ကြောင်းသုံးခုဖြင့် ထိုးစစ်ဆင်နေလို့ တိုက်ပွဲပြင်းထန်နေကြောင်း ကရင်နီပူးပေါင်းတပ်ဖွဲ့ဝင်များက ပြောပါတယ်။ ဒီးမော့ဆိုမြို့နယ် သဲတောင်ဒေသမှာ ဩဂုတ် ၂ ရက်ကစလို့ ထိတွေ့မှုဖြစ်ပွားခဲ့ပြီးနောက်ပိုင်း တိုက်ပွဲမှာ နေ့စဉ်နီးပါးရှိလာတယ်လို့ ဆိုပါတယ်။ ကရင်နီပြည်ရဲ့ အဓိကလမ်းမကြီးတွေကို နယ်မြေစိုးမိုးနိုင်ရေးအတွက် စစ်ကောင်စီဘက်က အသည်းအသန် ကြိုးပမ်းနေတယ်လို့ ဒီးမော့ဆိုမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်မှ တာဝန်ရှိသူက ပြောပါတယ်။ ဒီးမော့ဆိုအရှေ့ခြမ်းတိုက်ပွဲမှာ နှစ်ဖက်ထိခိုက်မှုများရှိပေမယ့် သက်ဆိုင်ရာတပ်ဖွဲ့များက ထုတ်ပြန်ခြင်းမရှိသေးပါဘူး။

(ကရင်နီဒေသအတွင်းရှေ့တန်းမှ ကရင်နီတပ်ဖွဲ့ဝင်များအား တွေ့ရစဉ်။ ဓာတ်ပုံ - We Are Karenni)
(ကရင်နီဒေသအတွင်းရှေ့တန်းမှ ကရင်နီတပ်ဖွဲ့ဝင်များအား တွေ့ရစဉ်။ ဓာတ်ပုံ – We Are Karenni)

▪️လွိုင်ကော်-မိုးဗြဲလမ်းမကြီးမှာ တိုက်ပွဲပြန်ဖြစ်

လွိုင်ကော်-မိုးဗြဲလမ်းမကြီးမှာ တိုက်ပွဲပြန်ဖြစ်နေပြီး ပိုမိုပြင်းထန်လာနိုင်ကြောင်း ကရင်နီအမျိုးသား များကာကွယ်ရေးတပ်(KNDF) တပ်ရင်း(၂) က ထုတ်ပြန်ပါတယ်။ လွိုင်ကော်-မိုးဗြဲလမ်းမကြီးရှိ‌ ကျေးရွာအချို့မှာ စစ်ကောင်စီတပ်များက ဩဂုတ် ၄ ရက်မှာ လှုပ်ရှားမှုများရှိခဲ့ပြီးနောက် မနေ့က ထိတွေ့မှုရှိခဲ့တာလို့ အသိပေးပါတယ်။ တိုက်ပွဲမှာ ပြင်းထန်လာနိုင်တာကြောင့် ပြည်သူများ စစ်ရေးသတိပြု သွားလာပေးဖို့လည်း KNDFက တိုက်တွန်းပါတယ်။

▪️စစ်တပ်က အငြိမ်းစားကျောင်းဆရာနဲ့ ပရဟိတယာဉ်မောင်းတို့ကို ပစ်ခတ်သတ်ဖြတ်

မန္တလေးတိုင်း၊ ငါန်းဇွန်နဲ့ နွားထိုးကြီးမြို့နယ်တို့မှာ စစ်ကောင်စီတပ်က အငြိမ်းစားကျောင်းဆရာနဲ့ ပရဟိတယာဉ်မောင်းတို့ကို ပစ်ခတ်သတ်ဖြတ်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။ သြဂုတ် ၅ ရက်က ငါန်းဇွန်မြို့နယ်၊ ရေလယ်သောင်ကျေးရွာမှာ စစ်ကြောင်းထိုးလာတဲ့ အင်အား ၇၀ ခန့်ပါ စစ်ကောင်စီတပ် ပစ်ခတ်ခဲ့လို့ (၆၂)နှစ်အရွယ် အငြိမ်းစားကျောင်းဆရာ ဦးမောင်စိုး ကျည်ထိမှန်ကာသေဆုံးခဲ့တယ်လို့ ဖော်ပြပါတယ်။ တစ်ရက်တည်းမှာပဲ နွားထိုးကြီးမြို့နယ်၊ ဗောဓိကုန်းရွာအနီးမှာ ပရဟိတကားမောင်းနေတဲ့ ကိုနေလင်းကို စစ်ကောင်စီတပ်က ပစ်ခတ်သတ်ဖြတ်ခဲ့တယ်လို့ NUG ကာကွယ်ရေးက ထုတ်ပြန်ပါတယ်။ ဒါ့အပြင် စစ်ကောင်စီတပ်ဟာ မနေ့ညပိုင်းက ငါန်းဇွန်မြို့နယ်၊ နဘဲပင်ရွာဝင်ရောက်ဖျက်ဆီးပြီး ဒေသခံပြည်သူ ခုနစ်ဦး ဖမ်းဆီးကာ နေအိမ် နှစ်လုံးကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။

▪️လာမယ့်ရက်အနည်းငယ်အတွင်း ရခိုင်နဲ့ ချင်းပြည်နယ်တို့မှာ မိုးကြီးနိုင်​ဟု NUG သတိပေး

ဒေသအချို့ရေဘေးကြုံနေစဉ် လာမယ့် ရက်အနည်းငယ်အတွင်း ရခိုင်နဲ့ ချင်းပြည်နယ်တို့မှာ မိုးကြီးနိုင်​တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရNUG လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေး၀န်ကြီးဌာန(MOHADM)က သတိပေးချက် ထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လကုန်ပိုင်းနဲ့ ဒီလဆန်းမှာ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ရခိုင်ပြည်နယ်နဲ့ တင်္နသာရီတိုင်းတို့မှာ မိုးကြီးပြီး မွန်နဲ့ ကရင်ပြည်နယ်တို့မှာ ရေကြီးနစ်မြုပ်မှုဖြစ်ပေါ်ခဲ့ပါတယ်။ မွန်ပြည်နယ်မှာ ရေအနည်းငယ်ပြန်ကျပေမယ့် ကရင်ပြည်နယ်အတွင်း သံလွင်မြစ်နဲ့ သောင်ရင်းမြစ် စိုးရိမ်ရေမှတ်အထက်သို့ မြင့်တက်လာပြီးနောက် ဘားအံ၊ လှိုင်းဘွဲ့၊ ကော့ကရိတ်၊ မြဝတီမြို့တို့မှာ ရေကြီးနစ်မြုပ်မှု ကြုံတွေ့နေရဆဲ ဖြစ်ပါတယ်။

(သောင်းရင်းမြစ်​ရေကြီးမှုကြောင့် ကရင်ပြည်နယ် မြဝတီမြို့နှင့် ဘားအံမြို့တို့ရှိ ရပ်ကွက်အချို့ရေးကြီးမှုများဖြစ်ပေါ်နေသည်။ ဓာတ်ပုံ - ကရင်အမျိုးသားမီဒီယာ)
(သောင်းရင်းမြစ်​ရေကြီးမှုကြောင့် ကရင်ပြည်နယ် မြဝတီမြို့နှင့် ဘားအံမြို့တို့ရှိ ရပ်ကွက်အချို့ရေးကြီးမှုများဖြစ်ပေါ်နေသည်။ ဓာတ်ပုံ – ကရင်အမျိုးသားမီဒီယာ)

▪️မြိုင်နယ်ရှိ ပျူစောထီးရွာ ပူးပေါင်းအဖွဲ့များ ခြောက်ရက်ဆက်တိုက်ခိုက်

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်ရှိ စစ်ကောင်စီတပ်လက်အောက်ခံ သရက်ကွပျူစောထီး ကျေးရွာကို ဒေသတွင်းတော်လှန်ရေးအဖွဲ့များက ခြောက်ရက်ဆက် ပစ်ခတ်တိုက်ခိုက်ပြီး အမြန်ဆုံးအလင်းဝင်ဖို့ သတိပေးကြောင်း မြိုင်မြို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ခေါင်းဆောင် ဗိုလ်လက်ယျာက ပြောပါတယ်။ သရက်ကွရွာကို သြဂုတ် ၂ ရက်မှ ဒီနေ့အထိ မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း(၃)တပ်ခွဲ-၁ ဝံပုလွေပြောက်ကျားတပ်ဖွဲ့က ဦးဆောင်ပြီး အဖွဲ့ပေါင်း ၃၀ ကျော်က လက်နက်ကြီး၊ မောင်းသူမဲ့လေယာဉ်ငယ်များဖြင့် အီနာဂါဗုံးသီး ၁၀ လုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

(စစ်ကောင်စီတပ်က လေ့ကျင့် လက်နက်တပ်ဆင်ပေးထားသော ပျူစောထီးအဖွဲ့ဝင်များအား တွေ့ရစဥ်။ ဓာတ်ပုံ - CJ)
(စစ်ကောင်စီတပ်က လေ့ကျင့် လက်နက်တပ်ဆင်ပေးထားသော ပျူစောထီးအဖွဲ့ဝင်များအား တွေ့ရစဥ်။ ဓာတ်ပုံ – CJ)

▪️ကောလင်းမြို့ စစ်ကောင်စီတပ်စွဲရာ ထွေအုပ်ရုံးကို PDF တိုက်ခိုက်

စစ်ကိုင်းတိုင်း ကောလင်းမြို့ရှိ စစ်ကောင်စီတပ်စွဲရာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးကိုတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က ထိခိုက်မှုရှိတယ်လို့ ကောလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်(PDF)က ဒီနေ့ သတင်းထုတ်ပြန်ပါတယ်။ ဩဂုတ် ၅ ရက်က စစ်ကောင်စီတပ်ဖွဲ့ဝင်များ အမာခံခြေကုပ်ယူထားတဲ့ ကောလင်းမြို့ ထွေအုပ်ရုံးကို တိုက်ခိုက်ခဲ့တာဖြစ်ပြီး တိုက်ခိုက်မှုကြောင့် ထွေအုပ်ရုံး ပျက်စီးမှု၊ ထိခိုက်မှုများရှိတယ်လို့ ဖော်ပြပါတယ်။ Kawlin Revolutionရဲ့ တိုက်ပွဲသတင်းဖော်ပြချက်မှာ ကောလင်းရဲစခန်းနဲ့ ထွေအုပ်ရုံးကို ကောလင်းခရိုင် PDFတပ်ရင်းများက တိုက်ခိုက်ခဲ့ပြီး ရဲစခန်းတိုက်ခိုက်မှုမှာ ဒုရဲအုပ်တစ်ဦးနဲ့ ရဲမေတစ်ဦး သေဆုံးပြီး ထိခိုက်သူ အချို့ရှိပေမယ့် အတည်မပြုနိုင်သေးဘူးလို့ ဆိုပါတယ်။