Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

KNU ဥက္ကဋ္ဌဟောင်းနဲ့စစ်ကောင်စီတို့ နေပြည်တော်မှာတွေ့

စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်မှာ စောမူတူးစေးဖိုး ကို ကရင်တိုင်းရင်းသားခေါင်းဆောင်လို့ သုံးနှုန်းထားပြီး ငြိမ်းရေးရေးကိစ္စရပ်တွေ ဆွေးနွေးတယ်လို့ဖော်ပြတာတွေ့ရပါတယ်။

KNU ဥက္ကဋ္ဌဟောင်းနဲ့စစ်ကောင်စီတို့ နေပြည်တော်မှာတွေ့
KNU ဥက္ကဋ္ဌဟောင်းနဲ့စစ်ကောင်စီတို့ နေပြည်တော်မှာတွေ့

ကရင်အမျိုးသားအစည်းအရုံး(KNU) ဥက္ကဋ္ဌဟောင်း စောမူတူးစေးဖိုးနဲ့အာဏာသိမ်းစစ်ခေါင်းဆောင်တို့ ဒီနေ့မနက်ပိုင်းက နေပြည်တော်မှာတွေ့ဆုံပြီး ငြိမ်းချမ်းရေး ဆွေးနွေးတယ်လို့စစ်ကောင်စီက ထုတ်ပြန်ပါတယ်။

စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်မှာ စောမူတူးစေးဖိုး ကို ကရင်တိုင်းရင်းသားခေါင်းဆောင်လို့ သုံးနှုန်းထားပြီး ငြိမ်းရေးရေးကိစ္စရပ်တွေ ဆွေးနွေးတယ်လို့ဖော်ပြတာတွေ့ရပါတယ်။

တွေ့ဆုံပွဲမှာ KNU ဥက္ကဟောင်း စောမူတူးစေးဖိုး အပြင် ဗဟိုကော်မတီဝင်ဟောင်း ပဒိုစောရော်ဂျာခင် ၊ ဒူးပလာယာခရိုင် (ကြာအင်းဆိပ်ကြီး)ဥက္ကဋ္ဌ ပဒိုစောရွှေမောင်းတို့ပါကြတယ်လို့ စစ်ကောင်စီရဲ့ဖော်ပြချက်အရသိရပါတယ်။

KNU စစ်ရေးလှုပ်ရှားရာနယ်မြေတွေမှာ စစ်ကောင်စီတပ်နဲ့တိုက်ပွဲတွေဖြစ်နေချိန် KNU ဥက္ကဋ္ဌ ဟောင်းနဲ့ စစ်ကောင်စီ တို့ တွေ့ဆုံတာနဲ့ပတ်သက်ပြီး KNU ပြောရေးဆိုခွင့်ရှိသူထံ ဆက်သွယ်မေးမြန်းနေဆဲပါ။