Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

KNU လှုပ်ရှားရာနယ်မြေမှာ စစ်ကောင်စီတပ်စခန်း ၆၀ ကျော် လက်လွှတ်ဆုံးရှုံး

နိုင်ပကောင်း/People’ Spring

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNU/ KNLA) နဲ့မဟာမိတ်တွေရဲ့ စစ်ရေးထိုးစစ်ကြောင့် အာဏာသိမ်းစစ်ကောင်စီဟာ တပ်စခန်း ၆၂ ခု ဆုံးရှုံးထားတယ်လို့ ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ရက် က ဒီနေ့မှာ စာတမ်းထုတ်ပြန်ပါတယ်။

အာဏာဟန်ချက်အပြောင်းအလဲအမည်ပေးထားတဲ့ အဲဒီစာတမ်းမှာ အာဏာသိမ်းချိန်ကစတင်ပြီး ၂၀၂၃ နှစ်လယ်ပိုင်းအထိ စစ်ကောင်စီဟာ KNU စစ်ရေးလှုပ်ရှားရာနယ်မြေတွေမှာစစ်စခန်း ၆၂ ခု ဆုံးရှုံးထားတယ်လို့ ဖော်ပြပါတယ်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီလက်လွှတ်ခဲ့ရတဲ့ စခန်းတွေဟာ သထုံခရိုင်မှာ ၁၇ ခု ၊ တောင်ငူမှာ ၆ ခု ၊ ညောင်လေးပင်မှာ ၁၃ ခု ၊ တနင်္သာရီမှာ ၁ ခု ၊ဖာပွန်မှာ ၂၁ ခု ၊ ကြာအင်းဆိပ်ကြီးမှာ ၅ ခုတို့ဖြစ်ပါတယ်။

စစ်ကောင်စီတပ်စခန်းလက်လွတ်ရမှုအများဆုံးဟာ ကရင်ပြည်နယ်အတွင်း ဖာပွန်ဒေသမှာဖြစ်တာကို

ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ရက် ရဲ့စာတမ်းအရသိရပါတယ်။

သံလွင်မြစ်ကမ်းတလျောက်က အဓိက စစ်စခန်းတွေကို စစ်ကောင်စီတပ်ဟာ ဆုံးရှုံးထားတယ်လို့ ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ရက် ရဲ့တာဝန်ရှိသူ နော်ဝါးခူးရှီ က ပြောပါတယ်။

” သံလွင်မြစ်ကမ်းတလျှောက်မှာဆိုလို့ရှိရင် KNU က အပြည့်အဝကို ထိန်းချုပ်ထားတာကို တွေ့ရပါတယ်” လို့နော်ဝါးခူးရှီကဆိုပါတယ်။

KNU ရဲ့ ဗျုဟာအရ အောင်မြင်မှုကတော့ ထိုင်းနိုင်ငံနဲ့ထိစပ်နေတဲ့ နယ်နိမိတ်တွေကို ထိန်းချုပ်မှုပိုရလာတယ်လို့ ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ရက် က ဆိုပါတယ်။

ပြီးခဲ့တဲ့ရက်သတ္တပတ်အတွင်းကတင် ထိုင်းနယ်စပ်က ရေတလျှောက်စခန်းကို KNU နဲ့ ပူးပေါင်းတပ်တွေက သိမ်းပိုက်ထားခဲ့ပါသေးတယ်။

လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီး ပစ်ကူသုံးတိုက်ခိုက်မှုတွေဟာ စစ်ကောင်စီအတွက် ဆုံးရှုံးလိုက်ရတဲ့နယ်မြေတွေကို ပြန်မရပေမယ့် KNU နယ်မြေမှာ စစ်ရှောင် အရေအတွက် ၆ သိန်းကျော် ရှိလာစေတယ်လို့ သိရပါတယ်။