Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ကရင်နီတွင် ဒဏ်ရာအပြင်းအထန်ရခဲ့ပြီး အသက်ရှင်ကျန်ခဲ့​သောစစ်​ကောင်စီတပ်သား​ဆေးဖိုးမ​လောက်၍ အလှူခံ​

ကရင်နီ​ဒေသတွင် စစ်တပ်အာဏာသိမ်းပြီး​နောက်ပိုင်း ခုခံ​တော်လှန်စစ်ပွဲများတွင် စစ်​ကောင်စီတပ်သား ၂၃၀၀ ​ကျော်​သေဆုံးခဲ့​ကြောင်း ကရင်နီ​ပြည်စစ်​ရေးအချက်အလက်များ​စောင့်ကြည့်မှတ်တမ်းတင်​နေ​သော PKPF က​ဖော်ပြထားသည်။

(ကရင်နီတိုက်ပွဲမှ အမာရွတ်များကိုပြသ​နေ​သောစစ်​ကောင်စီတပ်သား တပ်ကြပ်ဇင်မင်းထက်အောင်။ ဓါတ်ပုံ-ဇင်မင်းထက်​အောင်၏ရုပ်သံဖိုင်မှ)
(ကရင်နီတိုက်ပွဲမှ အမာရွတ်များကိုပြသ​နေ​သောစစ်​ကောင်စီတပ်သား တပ်ကြပ်ဇင်မင်းထက်အောင်။ ဓါတ်ပုံ-ဇင်မင်းထက်​အောင်၏ရုပ်သံဖိုင်မှ)

ကရင်နီ(ကယား)ပြည်နယ် စစ်ဆင်ရေးတွင် ဒဏ်ရာများအပြင်းအထန်ရရှိခဲ့ပြီးအသက်ရှင်ကျန်ခဲ့သော်လည်း ဆေးဝါးလုံလောက်စွာမရရှိသည့်အတွက် နည်းများမဆို လှူဒါန်းပေးရန် စစ်ကောင်စီတပ်သားတစ်ဦးက ၎င်း၏လူမှုကွန်ယက်မှတဆင့် အလှူငွေကောက်ခံလျက်ရှိသည်။

တပ်ကြပ်ဇင်မင်းထက်အောင် ဟု ဆိုသည့် စစ်ကောင်စီတပ်သားသည် ၂၀၂၂ ခုနှစ် ခြောက်လပိုင်း၌ ကယားပြည်နယ်ကိုစစ်ဆင်ရေးဝင်ရောက်ခဲ့ပြီး ၂၀၂၃ သုံးလပိုင်း ၇ ရက်နေ့တွင် ကရင်နီ​တော်လှန်​ရေးအဖွဲ့များက ဒရုန်းဖြင့်တိုက်ခိုက်မှုတွင် အပြင်းအထန်ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

“ကျွန်တော် ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ကျွန်တော်နဲ့အတူ ငါးယောက် ထိခိုက်ခဲ့ပြီး လေးယောက်ကတော့ ကျဆုံးသွားပါတယ်။ကျွန်တော်တစ်ယောက်တည်းအသက်ရှင်ကျန်ရစ်ခဲ့ပြီး နေပြည်တော်မှာ ဆေးကုသမှုခံယူခဲ့ရပါတယ်။ပထမအကြိမ်ဆေးရုံဆင်းတယ်။နောက်တစ်ကြိမ်ဆေးကုသမှုခံယူတယ်။ဆေးတွေပေးပါတယ်ဆိုပေမယ့်လည်း တစ်ပါတ်တန်သည် ၊တစ်လတန်သည်၊ နှစ်လတန်သည် စာ ပဲပေးတဲ့အချိန်မှာ ကျွန်တော်လည်း ရက်ချိန်းနဲ့ ဆေးနဲ့က မမျှဘူး။

(ကရင်နီတိုက်ပွဲမှ အမာရွတ်များကိုပြသ​နေ​သောစစ်​ကောင်စီတပ်သား တပ်ကြပ်ဇင်မင်းထက်အောင်။ ဓါတ်ပုံ-ဇင်မင်းထက်​အောင်၏ရုပ်သံဖိုင်မှ)
(ကရင်နီတိုက်ပွဲမှ အမာရွတ်များကိုပြသ​နေ​သောစစ်​ကောင်စီတပ်သား တပ်ကြပ်ဇင်မင်းထက်အောင်။ ဓါတ်ပုံ-ဇင်မင်းထက်​အောင်၏ရုပ်သံဖိုင်မှ)

မလောက်တော့ ကြတော့ ကျွန်တော့်မှာ ဝယ်သောက်နေရတဲ့ဗျ။အဲဒါကြောင့် ကျွန်တော့်ကို ချစ်တဲ့အမျိုးတွေအားလုံးကို အလှူခံပါတယ်ဗျ။ကျွန်တော် ဆေးဖိုးလေးအလှူခံပါတယ်”ဟု စစ်ကောင်စီတပ်သား ဇင်မင်းထက်အောင်က ပြောသည်။

ရုပ်သံဖိုင် မှတ်တမ်းအရ ၎င်း၏ မျက်နှာ ၊ လက် ချောင်းများနှင့် ညာဘက်ကျောပြင်တို့တွင် အပြင်းအထန်ထိခိုက်ဒဏ်ရာများရရှိထားပြီး လက်ချောင်းအချို့မှ ပြတ်​နေသလို ကျန်လက်​ချောင်းများမှာလည်း ပူးကပ်​နေပြီးအလုပ်မလုပ်တော့ဟု အသိပေးထား သည်။ မီး​လောင်ကျွမ်းထား​သောဒဏ်ရာ မှ ကျန်ရစ်​သောအမာရွတ်များစွာ​တွေ့ရပြီး ညာဘက်လက်ပြင်တွင် အ​ဆိုးဝါးဆုံးဖြစ်သည်။​အောက်ပိုင်းတွင်လည်း​ခြေ​ထောက်မှ ​ပေါင်ရင်းအထိ့ဒဏ်ရာများရရှိခဲ့​ကြောင်း၎င်းက​ပြောကြားထားသည်။

Public Service Announcement

Public Service Announcement

၎င်းသောက်ရသည့် ဆေး နှင့် လက်ရှိကုန်စျေးနှုန်းကြီးမြင့်တက်နေသည့် ကာလကြောင့် ဆေးဖိုးဝါးခ မှာ အမှန်တကယ်အခက်အခဲ ရှိ၍ဟု ဆိုသည်။

“နည်းများမဆို ၅၀ တက်နိုင် ၅၀ပေါ့။ ၁၀၀ တက်နိုင် ၁၀၀ လှူပေးကြပါဦးလို့ ဆေးဖိုး တကယ်အခက်အခဲ ဖြစ်လို့ အကူအညီတောင်းရတာပါ”ဟု စစ်ကောင်စီတပ်သားက ပြောသည်။

တပ်ကြပ်ဇင်မင်ထက်​အောင်က စစ်တပ်တွင်တာဝန်ထမ်း​ဆောင်ခဲ့စဥ်က ဆုတံဆိပ်များရရှိခဲ့သည်ကိုလည်း ၃ မိနစ်​ကျော်ကြာ​သောရုပ်သံဖိုင်တွင် ပြသသည်။ အဆိုပါပိုစ်ကို စစ်​ကောင်စီတပ်​ထောက်ခံသူများက ပြန်လည်မျှ​ဝေပြီး အလှူ​ငွေထည့်ကြရန် နိုး​ဆော်ထားသည်ကိုလည်း​တွေ့ရသည်။

ယခုဖြစ်စဥ်အရနိုင်ငံတကာ အဆင့်မီစစ်တပ်ဟုကြွေးကြော်နေသော်လည်း မိမိ၏ တပ်သားတစ်ဦးကိုပင်ကောင်းမွန်စွာဆေးကုသ မှုမရှိသည်မှာ စစ်ကောင်စီ(စစ်တပ်)က အောက်ခြေစစ်သားများကို ကျွန်အဖြစ်သတ်မှတ်ထားခြင်းဟု CDM ဗိုလ်ကြီး ထက်မြက်က မှတ်ချက်ပြုသည်။

“ဒါဟာ အခြားသောစစ်ကျွန်တွေအတွက် အကောင်းဆုံးသက်​သေပဲ။ အခုလိုအလှူခံတဲ့ video ကြောင့် အရေးတောင် ယူချင်ယူဦးမှာ။ ဒါကိုကျန်တဲ့စစ်သားတွေ သေချာနားလည်သင့်တယ်။ အချို့လည်း နားလည်တယ်။ ဇွတ်ကို အဘမှန်တယ်လုပ်နေကြတာ။ ကိုယ်တိုင်ကြုံမှ သိကြမှာပဲ။ အ

(ကရင်နီတိုက်ပွဲမှ အမာရွတ်များကိုပြသ​နေ​သောစစ်​ကောင်စီတပ်သား တပ်ကြပ်ဇင်မင်းထက်အောင်။ ဓါတ်ပုံ-ဇင်မင်းထက်​အောင်၏ရုပ်သံဖိုင်မှ)
(ကရင်နီတိုက်ပွဲမှ အမာရွတ်များကိုပြသ​နေ​သောစစ်​ကောင်စီတပ်သား တပ်ကြပ်ဇင်မင်းထက်အောင်။ ဓါတ်ပုံ-ဇင်မင်းထက်​အောင်၏ရုပ်သံဖိုင်မှ)

မှန်တော့ အခုလိုအဖြစ်ဆိုးတွေမကြုံချင်ရင် ရအောင်ရုန်းထွက်ရမှာပဲ။ တစ်ကယ်ရုန်းထွက်ချင်ရင် နည်းလမ်းတွေအများကြီးရှိပါတယ်”ဟု ၎င်းက ပြောသည်။

ကရင်နီ စစ်ရေးအချက်အလက်များအရ ယခုနှစ် မတ်လ ၇ ရက်နေ့တွင် ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းတိုက်ပွဲ မှာပြင်းထန်ခဲ့သည်။

ထို့အတူ မတ်လ ၆ ရက်က သံလွင်အရှေ့ခြမ်းရှိ စစ်ကောင်စီ၏ ရှေ့တန်းခလရ(၅၄)နှင့် နယ်ခြားစောင့်တပ်တို့ ပူးတွဲထိုင်သော ဟွေအွမ်တပ်စခန်းကို ကရင်နီကွန်မာဒိုတပ်ဖွဲ့မှဝင်ရောက်စီးနင်းတိုက်ခိုက်မှု၌ စစ်ကောင်စီတပ်သားအလောင်း ခြောက်လောင်းနှင့် လက်နက်ခဲယမ်းများရရှိခဲ့သည်။

ကရင်နီ​ဒေသတွင် စစ်တပ်အာဏာသိမ်းပြီး​နောက်ပိုင်း ခုခံ​တော်လှန်စစ်ပွဲများတွင် စစ်​ကောင်စီတပ်သား ၂၃၀၀ ​ကျော်​သေဆုံးခဲ့​ကြောင်း ကရင်နီ​ပြည်စစ်​ရေးအချက်အလက်များ​စောင့်ကြည့်မှတ်တမ်းတင်​နေ​သော PKPF က​ဖော်ပြထားသည်။

ထို့အပြင် စစ်​ကောင်စီတပ်ကို စွန့်ခွာ၍ ပြည်သူနှင့်ပူး​ပေါင်းလာ​သော စစ်​ကောင်စီတပ်သားများမှာ ၂၀၂၂ ခုနှစ်​မေလမှ ၂၀၂၃ စက်တင်ဘာလကုန်အထိ့ ၁၅၀ ​ကျော်ရှိ​ကြောင်း ကရင်နီ ပြည်သူ့ရင်ခွင် မှ သိရသည်။

စစ်​ကောင်စီတပ်မှာ စစ်တပ်အာဏာသိမ်းပြီး​နောက်ပိုင်းငြိမ်းချမ်းစွာဆန္ဒပြ​သောပြည်သူများကို ပစ်ခတ်အကြမ်းဖက်ခဲ့ရာမှ စ၍ စစ်​ခေါင်း​ဆောင်များအလိုကြ နိုင်ငံတစ်ဝန်း ပြည်သူများကို ဖမ်းဆီးနှိပ်စက် သတ်ဖြတ်ပြီး ​နေအိမ်များမီးရှို့ကာ လူအစုလိုက်အပြုန်လိုက်သတ်ဖြတ်​သောစစ်ရာဇဝတ်မှုများ ကျူးလွန်ထား​သော​ကြောင့် ပြည်သူအများစုက စစ်​ကောင်စီတပ်ကို ရွံရှာမုန်းတီး​နေကြသည်။