Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ရွှေကျင်မှာ ဒေသခံ ၅၀၀ကျော်ထွက်ပြေးနေရ

စခန်းသိမ်းခံရပြီးနောက် စစ်ကောင်စီတပ်ဟာ အနီးတဝိုက်က ရွာတွေဆီ လက်နက်ကြီးနဲ့ လှမ်းပစ်တာ ၊ ဂျက်တိုက်လေယာဉ်နဲ့ လာရောက်ပစ်ခတ်တာတွေ လုပ်ဆောင်ခဲ့တယ်လို့ KNU က ပြောပါတယ်။

ရွှေကျင်မှာ ဒေသခံ ၅၀၀ကျော်ထွက်ပြေးနေရ
ရွှေကျင်မှာ ဒေသခံ ၅၀၀ကျော်ထွက်ပြေးနေရ

ပဲခူးတိုင်းအရှေခြမ်း ရွှေကျင်မြို့နယ်ထဲက စစ်ကောင်စီရဲ့ တောင်ခြေစခန်းငယ်တစ်ခု သိမ်းခံရပြီးနောက် တန်ပြန်တိုက်ခိုက်မှုတွေကြောင့် ကျေးရွာ ၃ ရွာက ဒေသခံ ၅၀၀ ကျော် စစ်ရှောင်နေရတယ်လို့ KNU ဗဟိုက အသိပေးပါတယ်။

ပြီးခဲ့တဲ့သောကြာနေ့ က ရွှေကျင်မြို့နယ်ထဲက စစ်ကောင်စီခြေမြန်တပ်ရင်း ခမရ ၃၅၁ ရဲ့ တောင်ခြေစန်းငယ်ကို KNU နဲ့ ပူးပေါင်းတပ်တွေက သိမ်းယူခဲ့တာပါ။

စခန်းသိမ်းခံရပြီးနောက် စစ်ကောင်စီတပ်ဟာ အနီးတဝိုက်က ရွာတွေဆီ လက်နက်ကြီးနဲ့ လှမ်းပစ်တာ ၊ ဂျက်တိုက်လေယာဉ်နဲ့ လာရောက်ပစ်ခတ်တာတွေ လုပ်ဆောင်ခဲ့တယ်လို့ KNU က ပြောပါတယ်။

ဒါကြောင့် စစ်တောင်းမြစ်ဘေးက ကျားချောင်းရွာ ၊ ထီးခေးလော့ ၊ အောက်ချင်းကျော် ရွာတွေက ဒေသခံ ၅၇၂ ဦး ထွက်ပြေးနေရတယ်လို့သိရပါတယ်။