Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ကနီမြို့နယ် ဆယ်ရွာချောင်စခန်းကို PDFများ တိုက်ခိုက်၊ နှစ်ဖက်ထိခိုက်မှုရှိ

စစ်ကောင်စီတပ် ထိခိုက်သေဆုံးမှုများရှိပြီး ပြည်သူ့ရဲဘော်နှစ်ဦးကျဆုံးကာ ရဲဘော် ၆ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

ဆယ်ရွာချောင်ရွာရှိ ဆက်သွယ်ရေးတာဝါတိုင်ကုန်းစခန်းအား ဒေသတွင်း PDFများ တိုက်ခိုက်ခဲ့စဥ်။ ဓာတ်ပုံ-ပြည့်အောင်နိုင်(ကနီ)
ဆယ်ရွာချောင်ရွာရှိ ဆက်သွယ်ရေးတာဝါတိုင်ကုန်းစခန်းအား ဒေသတွင်း PDFများ တိုက်ခိုက်ခဲ့စဥ်။ ဓာတ်ပုံ-ပြည့်အောင်နိုင်(ကနီ)

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ ဆယ်ရွာချောင်ကျေးရွာရှိ စစ်ကောင်စီတပ်၏ ဆက်သွယ်ရေးတာဝါတိုင်ကုန်းစခန်းကို ဒေသတွင်း PDFများက သွားရောက်တိုက်ခိုက်ရာ နှစ်ဖက်ထိခိုက်မှုရှိကြောင်း သတင်းရရှိသည်။

ယမန်နေ့ (နိုဝင်ဘာ ၂၃ ရက်) နံနက်ပိုင်းက ကနီမြို့နယ်၊ ဆယ်ရွာချောင်ရွာရှိ ဆက်သွယ်ရေးတာဝါတိုင်ကုန်း၌ တပ်စွဲထားသော စစ်ကောင်စီတပ်နှင့် ဒေသတွင်းတော်လှန်ရေးအင်အားစုများ တိုက်ပွဲဖြစ်ပွားခဲ့သည်။

စစ်ကောင်စီတပ် ထိခိုက်သေဆုံးမှုများရှိပြီး ပြည်သူ့ရဲဘော်နှစ်ဦးကျဆုံးကာ ရဲဘော် ၆ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

ထို့နောက် စစ်ကောင်စီတပ်က နံနက် ၈ နာရီ၊ နေ့လယ် ၁၂နာရီခန့်နှင့် ည ၁၂နာရီခန့်တို့တွင် ဂျက်ဖိုက်တာတစ်စီးဖြင့် ပျံသန်းပစ်ခတ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

“မနက်၈နာရီက ဂျက်နဲ့ဝဲရုံသာဝဲတယ်။ နောက် တော့ဂျက်တွေနဲ့ပဲ ပစ်တယ်။ နေ့လယ် ၁၂နာရီမှာ ပစ်တာ သုံးလုံး။ ပြည်သူ့အချို့ထိတယ်။ ညမှာ နှစ်လုံးကြဲတာ တစ်လုံးပဲ ပေါက်တယ်။”ဟု ကနီနယ် တက်ကြွလှုပ်ရှားသူ ကိုပြည့်အောင်နိုင်(ကနီ) က အသိပေးသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်၏ ပစ်ခတ်မှုကြောင့် ဒေသခံပြည်သူ လေးဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။ ဖြစ်စဥ်နှင့်ပတ်သက်၍ ဒေသတွင်းတော်လှန်ရေးအင်အားစုများက ထုတ်ပြန်ခြင်းမရှိသေးပေ။

ယနေ့ (နိုဝင်ဘာလဒ၂၃ ရက်) နံနက်ပိုင်းကလည်း စစ်ကောင်စီ၏ လေယာဥ်တစ်စီး ပျံဝဲခဲ့ကြောင်း သိရသည်။