Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

နောင်ချို – ကျောက်မဲ – သီပေါလမ်းပိုင်း၌ ယနေ့ တိုက်ပွဲပြင်းထန်နေ

နောင်ချို- ကျောက်မဲ- သီပေါလမ်းပိုင်းမှ တံတားများကို စစ်ကောင်စီက ပြင်ဆင်ပြီးဖြစ်၍ ဖြတ်သန်းသွားလာ၍ရပြီဖြစ်ကြောင်း စစ်ကောင်စီ လော်ဘီများက မကြာခဏရေးသားဖော်ပြနေကြသည်။

(တိုက်ပွဲကြောင့် နောင်ချို - ကျောက်မဲလမ်းပိုင်းတနေရာ ပျက်စီးနေသည်ကို ယခုရက်ပိုင်းအတွင်းက တွေ့ရစဉ်။ ဓာတ်ပုံ - CJ)
(တိုက်ပွဲကြောင့် နောင်ချို - ကျောက်မဲလမ်းပိုင်းတနေရာ ပျက်စီးနေသည်ကို ယခုရက်ပိုင်းအတွင်းက တွေ့ရစဉ်။ ဓာတ်ပုံ - CJ)

ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချို- ကျောက်မဲ- သီပေါ ပြည်ထောင်စုလမ်းပိုင်း၌ ယနေ့နံနက် တိုက်ပွဲအပြင်းအထန်ဖြစ်နေကြောင်း ဒေသခံများကပြောသည်။

ဂုတ်တွင်း(နောင်ချို)နဲ့ ကျောက်မဲကြားရော၊ ကျောက်မဲနဲ့ သီ‌ပေါကြားမှာရော ချနေတယ်။ စစ်တပ်နဲ့ လော်ဘီတွေက လမ်းပွင့်ပြီ ပြောနေတာကို အမှန်ထင်ပြီး မလာကြပါနဲ့”ဟု သီပေါမြို့ခံတစ်ဦးက ပြောသည်။

သီပေါမြို့တွင် ယမန်နေ့ ညနှင့် ယနေ့ နံနက်အစောပိုင်းကလည်း လက်နက်ကြီးပစ်ခတ်သံများရော၊ သေနတ်သံများပါ ကြားခဲ့ရပြီး ယနေ့နံနက် ၆နာရီမှစတင်ကာ ပြည်ထောင်စုလမ်းမအနီး၌ ရင်ဆိုင်တိုက်ပွဲ ဖြစ်နေသည်ဟု ဒေသခံများကပြောသည်။

စစ်ကောင်စီသည် နောင်ချို- ကျောက်မဲ- သီပေါလမ်းပိုင်းကို အသုံးပြု၍ ရှမ်းပြည်နယ်မြောက်ပိုင်းသို့ စစ်ကူပို့နိုင်ရေး ကြိုးစားနေပြီး မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့က တားဆီးနေသည်။

နောင်ချို- ကျောက်မဲ- သီပေါလမ်းပိုင်းမှ တံတားများကို စစ်ကောင်စီက ပြင်ဆင်ပြီးဖြစ်၍ ဖြတ်သန်းသွားလာ၍ရပြီဖြစ်ကြောင်း စစ်ကောင်စီ လော်ဘီများက မကြာခဏရေးသားဖော်ပြနေကြသည်။

Public Service Announcement

Public Service Announcement