Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်ကောင်စီရေတပ်ပစ်ခတ်၍ ပုဏ္ဏားကျွန်းမြို့မဈေး တစ်ဈေးလုံး မီးလောင်ဆုံးရှုံး

စစ်ကောင်စီတပ်သည် ရခိုင်လူထုကို ဦးတည်၍ ပစ်မှတ်ထားသတ်ဖြတ်ခြင်း၊ စစ်ရာဇဝတ်မှုကျူးလွန်နေကြောင်း AAက နိုဝင်ဘာလ ၁၆ရက် တွင် သတင်းထုတ်ပြန်သည်။

ပုဏ္ဏားကျွန်းဈေးမီးလောင်နေသည်ကို ယမန်နေ့က တွေ့ရစဉ်။ ဓာတ်ပုံ - CJ
ပုဏ္ဏားကျွန်းဈေးမီးလောင်နေသည်ကို ယမန်နေ့က တွေ့ရစဉ်။ ဓာတ်ပုံ - CJ

ဆိုင်ခန်း ၁၅၀ခန့်ရှိသော ပုဏ္ဏားကျွန်းမြို့ရှိ မြို့မဈေးသည် စစ်ကောင်စီရေတပ်က ပစ်ခတ်သော လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့သောကြောင့် တစ်ဈေးလုံး မီးလောင်ဆုံးရှုံးခဲ့ရကြောင်း အဆိုပါ မြို့ခံများက ပြောသည်။

ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့ရှိ မြို့မဈေးသည် ယမန်နေ့(နိုဝက်ဘာ၂၄ရက်) ညနေ ၃နာရီခန့်ကလက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့ပြီး မီးလောင် ခဲ့ခြင်းဖြစ်သည်။

“တစ်ခန်းမှ အကောင်းပြန်မရပါဘူး။ အကုန်လောင်သွားတယ်” ဟု မြို့ခံတစ်ဦးကပြောသည်။

ပုဏ္ဏားကျွန်းဈေးမီးလောင်နေသည်ကို ယမန်နေ့က တွေ့ရစဉ်။ ဓာတ်ပုံ - CJ
ပုဏ္ဏားကျွန်းဈေးမီးလောင်နေသည်ကို ယမန်နေ့က တွေ့ရစဉ်။ ဓာတ်ပုံ – CJ

ယမန်နေ့က ဈေးမီးလောင်နေစဉ် မီးငြိမ်းသတ်ရန် လာသည့် မီးသတ်ကားများအား ပုဏ္ဏားကျွန်း အခြေစိုက် ခမရ(၅၅၀)တပ်ရင်းက သေနတ်ဖြင့်ပစ်ခတ် တားဆီးခဲ့သောကြောင့် မီးမထိန်းနိုင်ခဲ့ခြင်းဟု ရက္ခိုင့်တပ်တော်(AA)နှင့် နီးစပ်သူတစ်ဦးကပြောသည်။

ထို့အပြင် ယမန်နေ့ညက စစ်ကောင်စီက လက်နက်ကြီးပစ်ခတ်မှုကြောင့် ပုဏ္ဏားကျွန်းမြို့မှအရပ်သားတစ်ဦး ဒဏ်ရာရခဲ့သည်ဟုသတင်းရရှိသည်။

Public Service Announcement

Public Service Announcement

ပုဏ္ဏားကျွန်းဈေးမီးလောင်နေသည်ကို ယမန်နေ့က တွေ့ရစဉ်။ ဓာတ်ပုံ - CJ
ပုဏ္ဏားကျွန်းဈေးမီးလောင်နေသည်ကို ယမန်နေ့က တွေ့ရစဉ်။ ဓာတ်ပုံ – CJ

စစ်ကောင်စီတပ်သည် ရခိုင်လူထုကို ဦးတည်၍ ပစ်မှတ်ထားသတ်ဖြတ်ခြင်း၊ စစ်ရာဇဝတ်မှုကျူးလွန်နေကြောင်း AAက နိုဝင်ဘာလ ၁၆ရက် တွင် သတင်းထုတ်ပြန်သည်။

ရက္ခိုင့်တပ်တော်သည် ရက္ခိုင်ပြည်သူလူထု၏ အသက်၊ အိုးအိမ်၊ စည်းစိမ်တို့ကို အမြဲတမ်းကာကွယ်ပေးလျက်ရှိပြီး ပြည်သူလူထုအားဒုက္ခရောက်ရန် ပြုလုပ်သော မည်သူ့ကိုမဆို တားဆီးတိုက်ဖျက်သွားမည်ဖြစ်ပြီး အာရက္ခပြည်သူလူထုများအား သတ်ဖြတ်နေသော စစ်ကောင်စီတပ်ဖွဲ့ ဝင်များကိုလည်း လက်စားချေ တုံ့ပြန်သွားမည်ဟု AAက ထုတ်ပြန်ထားသည်။