Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

တနိုင်ငံလုံးအတိုင်းအတာ စစ်ဆင်ရေးကို နိုဝင်ဘာ ၂၇ရက်တွင်စတင်ရန် အသင့်ဖြစ်ဟု ညီနောင်မဟာမိတ် သုံးဖွဲ့ ထုတ်ပြန်

စစ်ဆင်ရေး ၂၉ရက်မြောက်နေ့ စစ်ရေးအခြေအနေများကို ယမန်နေ့ညပိုင်းက ထုတ်ပြန်စဉ် ထိုသို့ ထည့်သွင်း အသိပေးလိုက်ခြင်းဖြစ်သည်။

(ညီနောင်မဟာမိတ် သုံးဖွဲ့မှ ရဲဘော်များနှင့် ၁၀၂၇ စစ်ဆင်​ရေးတွင် စစ်​ကောင်စီတပ်ထံမှ သိမ်းဆည်းရရှိ​သော တင့်ကား ၊အတွဲလိုက်ပစ်ဒုံး ၊လက်နက်ကြီးများအား တွေ့ရစဉ်။ ဓာတ်ပုံ - AA ၊ The Kokang ၊ TNLA)
(ညီနောင်မဟာမိတ် သုံးဖွဲ့မှ ရဲဘော်များနှင့် ၁၀၂၇ စစ်ဆင်​ရေးတွင် စစ်​ကောင်စီတပ်ထံမှ သိမ်းဆည်းရရှိ​သော တင့်ကား ၊အတွဲလိုက်ပစ်ဒုံး ၊လက်နက်ကြီးများအား တွေ့ရစဉ်။ ဓာတ်ပုံ - AA ၊ The Kokang ၊ TNLA)

▪️လူတိုင်းပါဝင်သောစစ်ဆင်ရေးဖြစ်မှသာ စစ်အာဏာရှင်စနစ် အမြစ်ပြတ်နိုင်မည်ဖြစ်ဟု အသိပေး

တစ်နိုင်ငံလုံးအတိုင်းအတာ ဆောင်ရွက်မည့် စစ်ဆင်ရေး Nationwide Operation သည်လည်း ၁၀၂၇ စစ်ဆင်ရေး တစ်လပြည့်သည့် နိုဝင်ဘာလ ၂၇ရက်တွင် နောက်တစ်ဆင့် တက်ရန် အသင့်ဖြစ်နေပြီဖြစ်ကြောင်း ညီနောင်မဟာမိတ် ၃ဖွဲ့က ထုတ်ပြန်သည်။

စစ်ဆင်ရေး ၂၉ရက်မြောက်နေ့ စစ်ရေးအခြေအနေများကို ယမန်နေ့ညပိုင်းက ထုတ်ပြန်စဉ် ထိုသို့ ထည့်သွင်း အသိပေးလိုက်ခြင်းဖြစ်သည်။

(ညီနောင်မဟာမိတ် သုံးဖွဲ့မှ ရဲဘော်များနှင့် ၁၀၂၇ စစ်ဆင်​ရေးတွင် စစ်​ကောင်စီတပ်ထံမှ သိမ်းဆည်းရရှိ​သော တင့်ကား ၊အတွဲလိုက်ပစ်ဒုံး ၊လက်နက်ကြီးများအား တွေ့ရစဉ်။ ဓာတ်ပုံ - AA ၊ The Kokang ၊ TNLA)
(ညီနောင်မဟာမိတ် သုံးဖွဲ့မှ ရဲဘော်များနှင့် ၁၀၂၇ စစ်ဆင်​ရေးတွင် စစ်​ကောင်စီတပ်ထံမှ သိမ်းဆည်းရရှိ​သော တင့်ကား ၊အတွဲလိုက်ပစ်ဒုံး ၊လက်နက်ကြီးများအား တွေ့ရစဉ်။ ဓာတ်ပုံ – AA ၊ The Kokang ၊ TNLA)

ဟန်ချက်ညီစစ်ဆင်ရေးမှတစ်ဆင့် ပြည်သူကို လက်နက်ကြီးများဖြင့် ပစ်ခတ်သတ်ဖြတ်နေ သော ရန်သူ၏ စစ်စခန်းများ၊ မဟာဗျူဟာမြောက် အချက်အချာကျသောကုန်းများအား အပြီးသတ်ချေမှုန်းတိုက်ခိုက်သည့် စစ်ဆင်ရေးတိုင်းတွင် တော်လှန်ရေးတပ်ဖွဲ့ဝင်များ၏ အသက်၊ သွေး၊ ချွေး၊ အရင်းအနှီး၊ ပေးဆပ်မှုများစွာဖြင့် ရယူနိုင်ခဲ့ကြသည်ဟု ဖော်ပြသည်။

၁၀၂၇ စစ်ဆင်ရေးစတင်သည့်အချိန်မှ ယနေ့အချိန်အထိ သမိုင်းဝင်စစ်ဆင်ရေးများကို တစ်ခုပြီးတစ်ခု ဆင်နွှဲခဲ့ပြီးဖြစ်ကြောင်း၊ စစ်ဆင်ရေးကာလအတွင်း ပေးဆပ်မှုများစွာဖြင့် နေ့ရက်တိုင်းကိုကျော်ဖြတ်ပြီး တစ်ဖွဲ့ချင်းစီ၏ ရည်မှန်းချက်၊ ဘုံရည်မှန်းချက် များကို စည်းလုံးညီညွတ်စွာဖြင့် တစ်ဆင့်ချင်းအကောင်အထည် ဖော်လျက်ရှိကြောင်း အသိပေးထားသည်။

စစ်ဆင်ရေးကာလအတွင်း ရဲဘော်တစ်ယောက်ချင်းစီ၏ ပေးဆပ်မှုတိုင်းကို အလေးအနက်အသိအမှတ် ဂုဏ်ပြုကြောင်းလည်း ဖော်ပြသည်။

Public Service Announcement

Public Service Announcement

(ညီနောင်မဟာမိတ် သုံးဖွဲ့မှ ရဲဘော်များနှင့် ၁၀၂၇ စစ်ဆင်​ရေးတွင် စစ်​ကောင်စီတပ်ထံမှ သိမ်းဆည်းရရှိ​သော တင့်ကား ၊အတွဲလိုက်ပစ်ဒုံး ၊လက်နက်ကြီးများအား တွေ့ရစဉ်။ ဓာတ်ပုံ - AA ၊ The Kokang ၊ TNLA)
(ညီနောင်မဟာမိတ် သုံးဖွဲ့မှ ရဲဘော်များနှင့် ၁၀၂၇ စစ်ဆင်​ရေးတွင် စစ်​ကောင်စီတပ်ထံမှ သိမ်းဆည်းရရှိ​သော တင့်ကား ၊အတွဲလိုက်ပစ်ဒုံး ၊လက်နက်ကြီးများအား တွေ့ရစဉ်။ ဓာတ်ပုံ – AA ၊ The Kokang ၊ TNLA)

စစ်ဆင်ရေး (၂၉) ရက်မြောက်နေ့ဖြစ်သောယမန်နေ့ နိုဝင်ဘာ၂၄ရက်တွင်လည်း ယခင်ရက်များနည်းတူ ရန်သူ၏ စစ်ရေးအရအရေးပါသော ဗျူဟာကုန်းများ၊ စစ်ဘက်၊ ရဲဘက်ဆိုင်ရာတပ်စခန်းများအား ထပ်မံသိမ်းပိုက်ရယူနိုင်ခဲ့သည်ဟု ဆိုသည်။

ရန်သူတပ်ဖွဲ့ဝင်များကို ဆက်လက်သုတ်သင်နိုင်ခဲ့ကာ ရန်သူ၏စစ်လက်နက်ခဲယမ်းနှင့် စစ်အသုံးအဆောင်ပစ္စည်းများကိုလည်း သိမ်းဆည်းရရှိခဲ့ကြောင်း ထုတ်ပြန်သည်။

ယခုရက်ပိုင်းအတွင်း ကိုးကန့်ဒေသရှိ တပ်စခန်းများကို ဆက်လက်တိုက်ခိုက်သိမ်းပိုက်မှုများ လုပ်ဆောင်ခဲ့ရာ စစ်ဆင်ရေး ၂၉ရက်အတွင်း တပ်စခန်း ၁၇၁ခု သိမ်းပိုက်ထားပြီးဖြစ်သည်ဟု MNDAAက အသိပေးသည်။

အလားတူ TNLAကလည်း တိုက်ပွဲသတင်းထုတ်ပြန်ရာ စစ်ဆင်ရေးစတင်ချိန်ကတည်းက တိုက်ခိုက်ခဲ့သည့် လားရှိုးမြို့နယ် မိုင်းကျက်စခန်းကို နိုဝင်ဘာ ၂၃ရက်တွင် အပြီးသတ်သိမ်းပိုက်နိုင်ခဲ့သည်ဟုဆိုသည်။ မိုင်းကျက်စခန်း မကျရှုံးရေးအတွက် စစ်ကောင်စီတပ်က လေယာဉ်၊ ရဟတ်ယာဉ်များဖြင့် အကြိမ် ၁၃၇ကြိမ် ထက်မနည်း လေကြောင်းတိုက်ခိုက်မှု သုံးခဲ့သော်လည်း စခန်းကို သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း အသိပေးထားသည်။

(ညီနောင်မဟာမိတ် သုံးဖွဲ့မှ ရဲဘော်များနှင့် ၁၀၂၇ စစ်ဆင်​ရေးတွင် စစ်​ကောင်စီတပ်ထံမှ သိမ်းဆည်းရရှိ​သော တင့်ကား ၊အတွဲလိုက်ပစ်ဒုံး ၊လက်နက်ကြီးများအား တွေ့ရစဉ်။ ဓာတ်ပုံ - AA ၊ The Kokang ၊ TNLA)
(ညီနောင်မဟာမိတ် သုံးဖွဲ့မှ ရဲဘော်များနှင့် ၁၀၂၇ စစ်ဆင်​ရေးတွင် စစ်​ကောင်စီတပ်ထံမှ သိမ်းဆည်းရရှိ​သော တင့်ကား ၊အတွဲလိုက်ပစ်ဒုံး ၊လက်နက်ကြီးများအား တွေ့ရစဉ်။ ဓာတ်ပုံ – AA ၊ The Kokang ၊ TNLA)

ထို့ပြင် စစ်ကောင်စီသည် ၎င်းတို့ စခန်းမကျရေးအတွက် နိုင်ငံတကာမှ တားမြစ်ထားသော ဓာတုလက်နက်များကို အသုံးပြုတိုက်ခိုက်ခဲ့ရသည့်အထိ အဆုံးတိုင် ခုခံခဲ့ရသော တိုက်ပွဲတစ်ပွဲဖြစ်ခဲ့သည် ဟုထုတ်ပြန်သည်။

မိုင်းကျက်စခန်းသိမ်းတိုက်ပွဲအတွင်း ရန်သူထံမှ ဟောင်ဝစ်ဇာလက်နက်ကြီးအပါအဝင် စစ်လက်နက်ခဲယမ်းနှင့် စစ်အသုံးအဆောင်ပစ္စည်းအများအပြား သိမ်းဆည်းရရှိခဲ့ကြောင်း အသိပေးထားသည်။

စစ်ကောင်စီဘက်ကလ်း မိုင်းကျက်စခန်းပြန်ရရေး တိုက်ခိုက်ရေးရဟတ်ယာဉ်များ ဖြင့် ထပ်မံလာရောက်တိုက်ခိုက်ခဲ့သည်ဟုဆိုသည်။

TNLAသည် မိုင်းကျက်စခန်းအပါအဝင် စစ်ကောင်စီတပ်စခန်း ၄၇ခုထက်မနည်းကို ၁၀၂၇ စစ်ဆင်ရေးကာလအတွင်း သိမ်းပိုက်ခဲ့သည်။

ထို့ကြောင့် ညီနောင်မဟာမိတ် သုံးဖွဲ့နှင့် မဟာမိတ်တပ်များ သိမ်းပိုက်ခဲ့သည့်တပ်စခန်း ပေါင်း ၂၁၈ခုထက်မနည်းရှိလာပြီဖြစ်သည်။

စစ်ကောင်စီတပ်သည် ရှမ်းမြောက်ဒေသသို့ လက်နက်ကြီး ပစ်ခတ်မှုများ လုပ်ဆောင်ခဲ့၍ အရပ်သားသေဆုံးထိခိုက်မှုများလည်းရှိခဲ့သည်။

ထို့ပြင် MNDAA သိမ်းပိုက်ထားသည့် သိန္နီမြို့နယ် နမ့်စလပ်တောင်ကုန်းစခန်းထဲသို့ စစ်ကောင်စီတပ်မှ ဓာတု(အဆိပ်) ဗုံးလေးလုံး လာရောက်ပစ်ခတ်ခဲ့ခြင်းကြောင့် တပ်ဖွဲ့ဝင်များ အဆိပ်ငွေ့ရှူမိပြီး ခေါင်းမူးခြင်း၊ အော့အန်ခြင်းများဖြစ်ခဲ့ဟု အသိပေးထားသည်။

ရခိုင်ဒေသ စစ်ရေးအခြေအနေကိုလည်း ဖော်ပြထားရာ ပေါက်တောမြို့အတွင်း ဓားစာခံကယ်တင်ရေးလုပ်ငန်းများကို ဆက်လက်ပြုလုပ်လျက်ရှိသည်ဟု အသိပေးသည်။

ယမန်နေ့ တိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ လက်နက်ချအညံ့ခံမှုများရှိခဲ့ကြောင်း ထုတ်ပြန်ထားပြီး လက်နက်ချအညံ့မခံသောသူများကို ဆက်လက်ချေမှုန်း တိုက်ခိုက်လျက်ရှိသည်ဟု ဖော်ပြသည်။

စစ်ကောင်စီရေတပ်နှင့် စစ်တွေရှိ ရဲတပ်ရင်းတို့က လက်နက်ကြီးများဖြင့် ပစ်ခတ်၍ ပေါက်တောမြိုရှိ နေအိမ်အချို့ မီးလောင်ပျက်စီးခဲ့သည်ဟု ထုတ်ပြန်သည်။

မင်းပြားမြို့၊ မယ်တော်တောင်တွင် တပ်စွဲထားသော စစ်ကောင်စီတပ်မှ မည်သည့်တိုက်ပွဲမှ ဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးဖြင့် ရမ်းသန်းပစ်ခတ်ခဲ့၍ မင်းပြားမြို့နယ်၊ ကေသာ ချောင်းဝကျေးရွာအတွင်းသို့ ကျရောက်ပေါက်ကွဲပြီး ၁ဦးသေ၊ ၁ဦး ဒဏ်ရာရခဲ့သည်ဟု ထုတ်ပြန်သည်။

နိုဝင်ဘာ၂၄ရက် နေ့လယ် ၂နာရီကျော်တွင် စစ်ကောင်စီတပ်မှ ရမ်းသန်းပစ်ခတ်မှုကြောင့် ရက္ခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့မဈေးတစ်ခုလုံး မီးလောင်ပြာကျခဲ့ရကြောင်း၊ ညနေ ၄နာရီခွဲအချိန်ခန့်ကလည်း ရသေ့တောင် မြို့နယ်ရှိ စစ်ကောင်စီ တပ်စွဲထားသော ရေစိုးချောင်းဗျူဟာမှ လက်နက်ကြီးဖြင့် ရမ်းသန်းပစ်ခတ်ခဲ့မှုကြောင့် ရသေ့တောင်၊ လိုင်ဂွင်ကျေးရွာမှ သက်ကြီးပိုင်းအမျိုးသား တစ်ဦး သေဆုံးခဲ့ပြီး အမျိုးသမီး လေးဦး ဒဏ်ရာရရှိခဲ့ကြောင်း ထုတ်ပြန်သည်။

ထို့ပြင် မြေပုံမြို့နယ်အတွင်း စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော်တို့ ထိတွေ့တိုက်ခိုက်မှုဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်က ၁၀ဦးသေဆုံးခဲ့ကြောင်း ညီနောင်သုံးဖွဲ့က ထုတ်ပြန်သည်။

ထို့ပြင် နိုဝင်ဘာ ၁၄ရက်ကတည်းက တိုက်ခိုက် နေသည့် ချင်းပြည်နယ် ပလက်၀မြို့နယ်ရှိ “တရွန်အိုင်” ဗျူဟာ နှင့် “နှုံးဘူး” ဗျူဟာနှစ်ခုကိုလည်း အပြီးသတ်သိမ်းပိုက်နိုင်ရေး ဆက်လက် တိုက်ပွဲဝင်နေပြီး စစ်ကောင်စီတပ်က လေကြောင်းပစ်ကူအကြိမ်ကြိမ်ပေး တိုက်ခိုက်နေသည်ဟု ဖော်ပြသည်။

ရည်မှန်းထားသော စစ်ဆင်ရေးအစီအမံများကို တစ်ခုပြီးတစ်ခု ဆက်လက်အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိပြီး စစ်ဆင်ရေးအရှိန်ကိုလည်း ရပ်တန့်မသွားရအောင် အခြားသောမိတ်ဖက်အဖွဲ့အစည်းများ၊ နွေဦး တော်လှန်ရေး အဖွဲ့အစည်းထဲမှ ပေါက်ဖွားလာသော တော်လှန်ရေးအဖွဲ့အစည်းများ၊ ဘုံရည်မှန်းချက်တူညီသောအဖွဲ့အစည်းများနှင့်အတူတကွ ဆင်နွှဲလျက်ရှိကြောင်း ထုတ်ပြန်သည်။

စစ်ဆင်ရေးအောင်မြင်မှုများနှင့်အတူ ဟန်ချက်ညီစစ်ဆင်ရေးမှသည် Nationwide Operation တစ်နိုင်ငံလုံးမှ လူတိုင်း ပါဝင်သောစစ်ဆင်ရေးကြီး ဖြစ်ပေါ်လာမှသာလျှင် စစ်အာဏာရှင်စနစ် အမြစ်ပြတ်နိုင်မည်ဖြစ်သော ကြောင့် ဤစစ်ဆင်ရေးကြီး ထဲတွင် လူတိုင်း၊ တစ်ယောက်ချင်းစီတိုင်း ပါဝင်ကြရန် တိုက်တွန်းထားသည်။

စစ်အာဏာရှင်စနစ်အမြစ်ပြတ်ရန် လူတိုင်းတွင် တာဝန်ရှိပြီး တာဝန်သိစိတ်ဖြင့် လူတိုင်းပါဝင်ကြရန် ဖိတ်ခေါ်တိုက်တွန်းလိုက်ကြောင်း ထုတ်ပြန်သည်။