Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ကနီနှင့် မင်းကင်းတွင် ရဲနှစ်ဦးနှင့် ပျူစောထီးတစ်ဦး လက်နက်ဖြင့် အလင်းဝင်လာ

အဆိုပါရဲတပ်သားအား သွားလိုရာသွားလာနိုင်ရန် လိုအပ်သော ငွေကြေးထောက်ပံ့မှုများ စီစဥ်ပေးခဲ့ကြောင်း A-DPRA အဖွဲ့၏ တာဝန်ရှိသူက ပြောသည်။

အလင်းဝင်လာသော ရဲနှစ်ဦးနှင့် ပျူတစ်ဦးအား ၎င်းတို့ပါလာသည့် လက်နက်ခဲယမ်းများနှင့်အတူ တွေ့ရစဥ်။ ဓာတ်ပုံ-A-DPRA
အလင်းဝင်လာသော ရဲနှစ်ဦးနှင့် ပျူတစ်ဦးအား ၎င်းတို့ပါလာသည့် လက်နက်ခဲယမ်းများနှင့်အတူ တွေ့ရစဥ်။ ဓာတ်ပုံ-A-DPRA

စစ်ကိုင်းတိုင်း၊ ကနီနှင့် မင်းကင်းမြို့နယ်မှ ရဲတပ်သားနှစ်ဦးနှင့် ပျူစောထီးတစ်ဦးတို့ လက်နက်နှင့်အတူ အလင်းဝင်လာကြောင်း အာဏာရှင်တော်လှန်ရေး ပြည်သူ့တပ်မတော် (Anti- Dictatorship People Revolution Army) အဖွဲ့က ထုတ်ပြန်သည်။

နိုဝင်ဘာ ၁၉ ရက်တွင် ကနီမြို့ရဲစခန်းမှ ရဲတပ်သား မင်းထက်ပိုင်စိုးသည် G3 တစ်လက်၊ ကျည်ဘောက်၃ခု၊ ကျည် ၁၅၆တောင့်ဖြင့် အလင်းဝင်လာ၍ ဂုဏ်ပြုဆု​ငွေ ကျပ်သိန်း ၃၀ ချီးမြှင့်ခဲ့ကြောင်း A-DPRA အဖွဲ့က အသိပေးသည်။

အလင်းဝင်လာသော ရဲနှစ်ဦးနှင့် ပျူတစ်ဦးအား ၎င်းတို့ပါလာသည့် လက်နက်ခဲယမ်းများနှင့်အတူ တွေ့ရစဥ်။ ဓာတ်ပုံ-A-DPRA
အလင်းဝင်လာသော ရဲနှစ်ဦးနှင့် ပျူတစ်ဦးအား ၎င်းတို့ပါလာသည့် လက်နက်ခဲယမ်းများနှင့်အတူ တွေ့ရစဥ်။ ဓာတ်ပုံ-A-DPRA

အလားတူ နိုဝင်ဘာ ၂၀ရက်ကလည်း မင်းကင်းမြို့နယ်၊ မောက်ကတော်ရဲစခန်းမှ ရဲတပ်သားမျိုးမင်းအောင်သည် ကနီမြို့ပေါ်မှတဆင့် ဆက်သွယ်ကာ ဆိုင်ကယ်တစ်စီးဖြင့် အလင်းဝင်ရောက်လာခဲ့သည်။

အဆိုပါရဲတပ်သားအား သွားလိုရာသွားလာနိုင်ရန် လိုအပ်သော ငွေကြေးထောက်ပံ့မှုများ စီစဥ်ပေးခဲ့ကြောင်း A-DPRA အဖွဲ့၏ တာဝန်ရှိသူက ပြောသည်။

နိုဝင်ဘာ ၂၁ ရက်တွင်လည်း ကနီမြို့နယ်၊ အလယ်ကျွန်းပျူစောထီးရွာမှ ပြည်သူ့စစ်တစ်ဦးဖြစ်သူ ငမင်းသည် ကာဘိုင်အမျိုးအစားသေနတ်တစ်လက်၊ ကာဘိုင်ကျည် ၂၀၀၊ 5.56 ကျည် ၁၂၂တောင့်၊ ကျည်ဘောက်နှစ်ဘောက်ဖြင့် အလင်းဝင်လာ၍ ဆုငွေကျပ်သိန်း၂၀ ဆုချီးမြှင့်ခဲ့ကြောင်း A-DPRA အဖွဲ့က ထပ်မံအသိပေးသည်။

Public Service Announcement

Public Service Announcement

အလင်းဝင်လာသော ရဲနှစ်ဦးနှင့် ပျူတစ်ဦးအား ၎င်းတို့ပါလာသည့် လက်နက်ခဲယမ်းများနှင့်အတူ တွေ့ရစဥ်။ ဓာတ်ပုံ-A-DPRA
အလင်းဝင်လာသော ရဲနှစ်ဦးနှင့် ပျူတစ်ဦးအား ၎င်းတို့ပါလာသည့် လက်နက်ခဲယမ်းများနှင့်အတူ တွေ့ရစဥ်။ ဓာတ်ပုံ-A-DPRA

“သူတို့က အရင်ကာလကတည်းက CDM ဝင်ဖို့ကြိုးစားဖူးတယ်။ ဒါပေမယ့် မအောင်မြင်ခဲ့တာ။ တစ်ခါဆက်သွယ်ဖူးတာ။ အခုတော့ ဘယ်လိုမှမနေနိုင်တော့ဘူး။ မရမကကို ထွက်လာတဲ့အခြေအနေဗျ။”ဟု A-DPRA အဖွဲ့၏ တာဝန်ရှိသူက ပြောသည်။

အလင်းဝင်လာသူများကို ကြိုဆိုပြီး ၎င်းတို့ဆန္ဒအတိုင်းစီစဥ်ပေးနေကြောင်း၊ ထပ်မံအလင်းဝင်လာမည့်သူများကိုလည်း ကြိုဆိုပြီး ထိုက်သင့်သည့်ဆုငွေ ချီးမြှင့်မည်ဖြစ်ကာ တိုက်ပွဲအတွင်းမှ လက်နက်ချပါက စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးအရေးယူမည်ဖြစ်ကြောင်း အာဏာရှင်တော်လှန်ရေး ပြည်သူ့တပ်မတော် (Anti- Dictatorship People Revolution Army) အဖွဲ့က ထုတ်ပြန်ထားသည်။