Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

KNU ရဲ့သတိပေးချက်ကြောင့် ကော့ကရိတ်မြို့ကနေ ဝန်ထမ်းအချို့ထွက်ခွာ

ကော့ကရိတ်ဒေသခံတစ်ဦး လူမှုကွန်ရက်မှာတင်ထားတဲ့ပုံတွေအရလည်း ကော့ကရိတ်မြို့မှာအသွားအလားမရှိဘဲ ခြောက်ကပ်နေတာတွေ့ရပါတယ်။

ကရင်ပြည်နယ်အတွင်း ကော့ကရိတ်မြို့ရဲ့တည်နေရာ
ကရင်ပြည်နယ်အတွင်း ကော့ကရိတ်မြို့ရဲ့တည်နေရာ

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ် စစ်ကောင်စီအုပ်ချုပ်ရေးယန္တယားမှာ ပါဝင်နေသူတွေ နုတ်ထွက်ကြဖို့ KNU က သတိပေးပြီးနောက် မြို့ကနေ စွန့်ခွာသွားကြသူတွေရှိတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေထံကသိရပါတယ်။

စစ်ကောင်စီယန္တယားမှာပါဝင်နေသူတွေတစ်ပတ်အတွင်းမြို့ကနေ စွန့်ခွာဖို့ KNU ကနောက်ဆုံးအကြိမ်သတိပေးချက်အဖြစ်နိုဝင်ဘာလ ၁၇ ရက်မှာ ထုတ်ပြန်ထားတာပါ။

အဲဒီနောက် တစ်ပတ်ကြာချိန်မှာ မြို့ကနေ စွန့်ခွာသွားကြသူတွေ ၊တာဝန်ကနေနှုတ်ထွက်သူတွေအပြင် KNUထံ ခိုလှုံလာသူတွေရှိကြတယ်လို့မြေပြင်သတင်းရင်းမြစ်က ပြောပါတယ်။

ခိုလှုံလာကြသူတွေထဲမှာဝန်ထမ်းတွေ ၊ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးတွေပါတယ်လို့ သိရပါတယ်။

“ဘယ်နှစ်ဦးလည်းဆိုတာ မသိသေးဘူး၊ နှုတ်ထွက်ပြီး လာတယ်လို့ ပြောလို့ရတယ်” လို့ KNU သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီဝန်ထမ်းတွေနဲ့ နီးစပ်သူတွေရဲ့ပြောပြချက်အရ ကော့ကရိတ်မြို့ပေါ်က ဌာနဆိုင်ရာရုံးတွေမှာ ဝန်ထမ်းအချို့ဟာ မနေ့ နိုဝင်ဘာလ ၂၄ ရက်မှာ မြို့ကနေ ထွက်ခွာကြတာရှိတယ်လို့သိရပါတယ်။

“မြို့ ( ကော့ကရိတ်)ကတော့ ခြောက်ကပ်”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ကော့ကရိတ်ဒေသခံတစ်ဦး လူမှုကွန်ရက်မှာတင်ထားတဲ့ပုံတွေအရလည်း ကော့ကရိတ်မြို့မှာအသွားအလားမရှိဘဲ ခြောက်ကပ်နေတာတွေ့ရပါတယ်။

KNU က ကော့ကရိတ်မြို့နယ်ထဲမှာပါဝင်တဲ့ ဝေါ်လေမြို့ ၊ စုကလိမြို့ ၊ ကျိုက်ဒုံ မြို့ တွေက စစ်ကောင်စီ ယန္တယားမှာပါဝင်သူတွေကို မြို့ကနေ စွန့်ခွာဖို့ သတိပေးထားတာပါ။

ကော့ကရိတ်ဟာ ထိုင်း − မြန်မာနယ်စပ်ကုန်သွယ်ရေးမှာအချက်အချာကြပြီး KNU နဲ့PDF တပ်တွေ မြို့သိမ်းနိုင်ဖို့ ဝင်ရောက်တိုက်ခိုက်တာတွေရှိခဲ့ပါတယ်။

” သေချာတာက တော်လှန်ရေးအင်အားစုတွေ မြို့ထဲမှာ ရအောင်ထိုင်ဖို့ရှိတယ်၊ မြို့ထဲမှာ ကေအဲန်ယူအုပ်ချုပ်ရေး ဖွဲ့နိုင်အောင်လုပ်မယ်” လို့ KNUသတင်းရင်းမြစ်ကဆိုပါတယ်။