Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ကလေးမြို့ ရန်ကြီးအောင်စခန်းတိုက်ပွဲတွင် ထွက်ပြေးသွားသည့် စစ်ကောင်စီတပ်သားအချို့ ထပ်မံဖမ်းမိ

ဗိုလ်မှူးသန်းနိုင်ကို ကာကွယ်ရေးတပ်များက နယ်မြေရှင်းလင်းရေးလုပ်ဆောင်နေစဉ်မြိုသာကျေးရွာအနီးလယ်တောတွင် ဖမ်းဆီးရမိခြင်းဖြစ်သည်ဟု ကာကွယ်ရေးတပ်များကပြောသည်။

(ပြန်လည်ဖမ်းမိသော စစ်ကောင်စီတပ်သားအချို့အား တွေ့ရစဥ်။ ဓာတ်ပုံ - CDF-KKG)
(ပြန်လည်ဖမ်းမိသော စစ်ကောင်စီတပ်သားအချို့အား တွေ့ရစဥ်။ ဓာတ်ပုံ - CDF-KKG)

စစ်ကိုင်းတိုင်း ကလေးမြို့နယ်တောင်ပိုင်း ရန်ကြီးအောင်ကျေးရွာရှိ စစ်ကောင်စီစခန်းအား တိုက်ခိုက်သိမ်းပိုက်စဉ် ထွက်ပြေးသွားသည့် စစ်ကောင်စီတပ်သားအချို့ ထပ်မံဖမ်းဆီးရမိကြောင်း ပြည်သူ့ကာကွယ်ရေးတပ်များက ပြောသည်။

အင်အား ၅၀ကျော်ရှိသည့် ရန်ကြီးအောင်ကျေးရွာ စစ်ကောင်စီစခန်းအား ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်က နိုဝင်ဘာ ၂၃ ရက် နံနက်ပိုင်းက ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ရာတွင် စစ်ကောင်စီတပ်သား ၂၀ကျော်မှာ ထွက်ပြေးသွား၍ ကာကွယ်ရေးတပ်များက လိုက်လံဖမ်းဆီးနေခြင်းဖြစ်သည်။

(ပြန်လည်ဖမ်းမိသော စစ်ကောင်စီတပ်သားအချို့အား တွေ့ရစဥ်။ ဓာတ်ပုံ - CDF-KKG)
(ပြန်လည်ဖမ်းမိသော စစ်ကောင်စီတပ်သားအချို့အား တွေ့ရစဥ်။ ဓာတ်ပုံ – CDF-KKG)

“ထွက်ပြေးတဲ့နေ့က ၄ယောက်မှာ ၂ယောက်အရှင်၊ ၂ယောက်အသေ။ နိုဝင်ဘာ၂၄ရက်မှာ ၅ယောက် မိတယ်။ တိုက်ပွဲနေ့က ၂ယောက်အရှင် မိတယ်။ ရဲတစ်ယောက် သေနတ်နဲ့အလင်းဝင် စုစုပေါင်း ၁၁ယောက်ရှိပြီ”ဟု CDF-KKGမှတာဝန်ရှိသူတစ်ဦးကပြောသည်။

နိုဝင်ဘာ ၂၅ ရက် ယနေ့တွင်လည်း ကာကွယ်ရေးတပ်များက စစ်ကောင်စီတပ်သား ၄ ဦးကိုထပ်မံဖမ်းဆီးရမိသေးသည်ဟု ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ဆိုသော်လည်း People’s Springက အတည်မပြုနိုင်သေးပေ။

(ပြန်လည်ဖမ်းမိသော စစ်ကောင်စီတပ်သားအချို့အား တွေ့ရစဥ်။ ဓာတ်ပုံ - CDF-KKG)
(ပြန်လည်ဖမ်းမိသော စစ်ကောင်စီတပ်သားအချို့အား တွေ့ရစဥ်။ ဓာတ်ပုံ – CDF-KKG)

ဖမ်းဆီးရမိသူများတွင် တပ်ကြပ်နှစ်ဦးပါဝင်သည်ဟု ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ပြောသည်။ထို့အပြင် စခန်းတာဝန်ခံ ဗိုလ်မှူးသန်းနိုင်ကိုလည်း ဖမ်းဆီးရမိကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) လက်အောက်ခံ၊ ကလေးခရိုင်တပ်ရင်းများက အတည်ပြုထားသည်။

Public Service Announcement

Public Service Announcement

ဗိုလ်မှူးသန်းနိုင်ကို ကာကွယ်ရေးတပ်များက နယ်မြေရှင်းလင်းရေးလုပ်ဆောင်နေစဉ်မြိုသာကျေးရွာအနီးလယ်တောတွင် ဖမ်းဆီးရမိခြင်းဖြစ်သည်ဟု ကာကွယ်ရေးတပ်များကပြောသည်။