Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ပုလဲမြို့နယ်ရှိ မြကုန်းရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးပြီး စိတ်ကျန်းမာရေးမကောင်းသူတစ်ဦးကို သတ်ဖြတ်

နိုဝင်ဘာ၁၂ ရက်ကလည်း ပုလဲမြို့နယ် အေးကုန်းကျေးရွာကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့ရာ နေအိမ် ၁၆လုံး မီးလောင်ပျက်စီးခဲ့သည်။

မြကုန်းကျေးရွာအား စစ်တပ်က မီးရှို့ဖျက်ဆီးသွားပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ - ပုလဲ(ပအဖ)
မြကုန်းကျေးရွာအား စစ်တပ်က မီးရှို့ဖျက်ဆီးသွားပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ - ပုလဲ(ပအဖ)

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်ရှိ မြကုန်းကျေးရွာကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးပြီး စိတ်ကျန်းမာရေးမကောင်းသူကလေးတစ်ဦးကို သတ်ဖြတ်ကာ ပြည်သူ့ကာကွယ်ရေးတပ်(PDF)ဝတ်စုံဝတ်ပေးသွားကြောင်း ပုလဲမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ပြောသည်။

ဒီဇင်ဘာ ၁ ရက်က မြကုန်းကျေးရွာအား စစ်ကောင်စီတပ်များက ဝင်ရောက်စီးနင်းပြီး မီးရှို့ဖျက်ဆီးရာ နေအိမ် ၁၈လုံး ပျက်စီးဆုံးရှုံးခဲ့ကြောင်း၊ ထို့အပြင် စိတ်ကျန်းမာရေးမကောင်းသည့် အသက် (၁၆)နှစ်အရွယ် ယောကျာ်းလေးတစ်ဦးကိုလည်း သတ်ဖြတ်ပြီး PDF ဝတ်စုံ ဝတ်ပေးသွားကြောင်း ပုလဲ(ပအဖ)အဖွဲ့၏ လူသားစာနာတာဝန်ခံက ပြောသည်။

မြကုန်းကျေးရွာအား စစ်တပ်က မီးရှို့ဖျက်ဆီးသွားပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ - ပုလဲ(ပအဖ)
မြကုန်းကျေးရွာအား စစ်တပ်က မီးရှို့ဖျက်ဆီးသွားပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ – ပုလဲ(ပအဖ)

“စိတ်မနှံ့တဲ့ကလေးကိုဖမ်းပြီး ဓားနဲ့ထိုးသတ်သွားတယ်။ အဲဒီကလေးက​ဘောင်းဘီမဝတ်တတ်တဲ့ကလေးကို PDF ​ဘောင်းဘီဝတ်ပေးပြီးတော့ အလောင်းလည်းထားခဲ့တယ်။”ဟု အထက်ပါတာဝန်ခံက ပြောသည်။

ထိုနေ့က မြကုန်းကျေးရွာအနီး၌ စစ်ကောင်စီတပ်နှင့် ဒေသတွင်း PDFအဖွဲ့အချို့ ထိတွေ့မှုဖြစ်ပွားပြီး စစ်အုပ်စုထိခိုက်မှုရှိကြောင်း၊ ပြည်သူ့ရဲဘော်တစ်ဦးလည်းကျဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

မြကုန်းကျေးရွာအား စစ်တပ်က မီးရှို့ဖျက်ဆီးသွားပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ - ပုလဲ(ပအဖ)
မြကုန်းကျေးရွာအား စစ်တပ်က မီးရှို့ဖျက်ဆီးသွားပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ – ပုလဲ(ပအဖ)

နိုဝင်ဘာ၁၂ ရက်ကလည်း ပုလဲမြို့နယ် အေးကုန်းကျေးရွာကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့ရာ နေအိမ် ၁၆လုံး မီးလောင်ပျက်စီးခဲ့သည်။

Public Service Announcement

Public Service Announcement