Connect with us
close

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

လေပြွန်ရောင်တဲ့ ဝေဒနာကို ပြင်းပြင်းထန်ထန် ခံစားခဲ့ရတဲ့ ပုပ်ရဟန်းမင်းကြီး

ပုပ်ရဟန်းမင်းကြီးဟာ နောက်ပိုင်းနှစ်တွေမှာ ကျန်းမာရေး အကျပိုင်းကို ရောက်နေပြီး မတ်လတုန်းကလည်း အသက်ရှူလမ်းကြောင်းမှာ ပိုးဝင်တဲ့ အခြေအနေ တခုကြောင့် ဆေးရုံ တက်ခဲ့ရဖူးပါတယ်။

လေပြွန်ရောင်တဲ့ ဝေဒနာကို ပြင်းပြင်းထန်ထန် ခံစားခဲ့ရတဲ့ ပုပ်ရဟန်းမင်းကြီး
လေပြွန်ရောင်တဲ့ ဝေဒနာကို ပြင်းပြင်းထန်ထန် ခံစားခဲ့ရတဲ့ ပုပ်ရဟန်းမင်းကြီး

ပုပ်ရဟန်းမင်းကြီးဟာ အတော့်ကို ဆိုးရွားပြင်းထန်တဲ့ လေပြွန်ရောင် ဝေဒနာကို ခံစားနေရတယ်လို့ အနီးကပ် ကုသပေးနေတဲ့ ဆရာဝန်တွေက ပြောပါတယ်။

ရိုမန် ကက်သလစ် ခရစ်ယာန် ဘာသာရေးရဲ့ အထွဋ်အခေါင် ပုဂ္ဂိုလ်ကြီးဟာ မူလက ဒူဘိုင်းကို သွားရောက်ဖို့ စီစဉ်ထားပေမယ့် ရာသီဥတု အပူချိန် အပြင်းအထန် ပြောင်းလဲမယ့် အခြေအနေကို ရှောင်လွှဲဖို့ ဆရာဝန်တွေရဲ့ အကြံပြုချက်အရ ခရီးစဉ် ဖျက်သိမ်းခဲ့ရပါတယ်။

ဒီလထဲမှာ အသက် ၈၇ နှစ်ပြည့်မယ့် ပုပ်ရဟန်းမင်းကြီး ဖရန်ဆစ်က သူဟာ နမိုးနီးယား အဆုတ်ရောင်ရောဂါ မဖြစ်တာပဲ ကျေးဇူးတင်မိကြောင်း၊ ဒါပေမဲ့ ပိုးမွှားဝင်ရောက်ပြီး လေပြွန်ရောင်တဲ့ ကိစ္စကလည်း အတော် ဆိုးရွားကြောင်း၊ အခုတော့ အဖျားကျသွားပေမယ့် ပိုးသတ်ဆေး ဆက်သောက်နေရကြောင်း နိုဝင်ဘာ ၃၀ မနက်တုန်းက ဗာတီကန်မှာ ဝတ်ပြုသူတွေကို ပြောကြားခဲ့ပါတယ်။

ပုပ်ရဟန်းမင်းကြီးဟာ ဒူဘိုင်း ခရီးစဉ်ကို မဖြစ်မနေ ဖျက်သိမ်းလိုက်ရပေမယ့် ဗာတီကန်မှာတော့ ပုံမှန် လုပ်ငန်း တာဝန်တွေကို ဆက်လက် ထမ်းဆောင်နေဆဲပါ။ အစောပိုင်းတုန်းက ဗာတီကန် နန်းတော် ထုတ်ပြန်ချက်မှာ ပုပ်ရဟန်းမင်းကြီးဟာ အဆုတ်ရောင်ပြီး တုပ်ကွေးဆန်တဲ့ ဝေဒနာတွေကြောင့် အသက်ရှူ မွန်းကျပ်တဲ့ ပြဿနာမျိုး ရင်ဆိုင်နေရကြောင်း ဖော်ပြခဲ့ပါတယ်။

လေပြွန်တွေ ရောင်ရမ်းမှုဟာ တုပ်ကွေး ဗိုင်းရပ်စ်ကြောင့် ဖြစ်နိုင်သလို ဘက်တီးရီး ပိုးမွှားဝင်ရောက်မှုတွေကြောင့်လည်း ဖြစ်ပေါ်တတ်ပါတယ်။ ဗာတီကန်မှာ CT Scanဖတ် စစ်ဆေးမှုတွေ အပြီးမှာတော့ ဆရာဝန်တွေက ပုပ်ရဟန်းမင်းကြီးရဲ့ လေပြွန်ရောင် ရောဂါဟာ နမိုးနီးယားကြောင့် မဟုတ်ဘူးလို့ ဆုံးဖြတ်ခဲ့ကြပါတယ်။

Public Service Announcement

Public Service Announcement

ဒူဘိုင်း ခရီးစဉ် ဖျက်သိမ်းဖြစ်ခဲ့တာနဲ့ ပတ်သက်ပြီး ပုပ်ရဟန်းမင်းကြီးက ဆရာဝန်တွေက သူ့ကို သွားခွင့် မပေးခဲ့ကြောင်း၊ အဓိက အကြောင်းရင်းက ဒူဘိုင်းမှာ အရမ်းပူပြီး အဲကွန်းခန်းထဲ ဝင်လိုက်၊ အပြင်နေပူထဲ ထွက်လိုက်နဲ့ ခဏခဏ အပူချိန် အပြောင်းအလဲတွေ ကြုံလာနိုင်တာက လေပြွန်ရောင် လူနာအတွက် အတော်လေး အဆင်မပြေလို့ဖြစ်ကြောင်း ပုပ်ရဟန်းမင်းကြီးက ပြောကြားခဲ့ပါတယ်။

ပုပ်ရဟန်းမင်းကြီးဟာ နောက်ပိုင်းနှစ်တွေမှာ ကျန်းမာရေး အကျပိုင်းကို ရောက်နေပြီး မတ်လတုန်းကလည်း အသက်ရှူလမ်းကြောင်းမှာ ပိုးဝင်တဲ့ အခြေအနေ တခုကြောင့် ဆေးရုံ တက်ခဲ့ရဖူးပါတယ်။