Connect with us
close

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

မြောက်ကိုရီးယားဟာ အမေရိကန်နဲ့ နောက်တစ်ကြိမ် ဘယ်တော့မှ ထပ်မဆွေးနွေးဘူးလို့ ကင်မ်ဂျုံအန်းရဲ့ ညီမပြော

သူက ကုလသမဂ္ဂ လုံခြုံရေး ကောင်စီဟာ မြောက်ကိုရီးယားရဲ့ ဂြိုဟ်တု လွှတ်တင်မှုကို ရှုတ်ချဖို့ ဂိုဏ်းစတားဆန်ဆန် တစ်ဖက်သတ် တောင်းဆိုနေတဲ့ အမေရိကန်ကို လိုက်လျောလွန်းနေတယ်လို့လည်း ဝေဖန်ခဲ့ပါတယ်။

မြောက်ကိုရီးယားဟာ အမေရိကန်နဲ့ နောက်တစ်ကြိမ် ဘယ်တော့မှ ထပ်မဆွေးနွေးဘူးလို့ ကင်မ်ဂျုံအန်းရဲ့ ညီမပြော
မြောက်ကိုရီးယားဟာ အမေရိကန်နဲ့ နောက်တစ်ကြိမ် ဘယ်တော့မှ ထပ်မဆွေးနွေးဘူးလို့ ကင်မ်ဂျုံအန်းရဲ့ ညီမပြော

အမေရိကန်နဲ့ မျက်နှာချင်းဆိုင် ဆွေးနွေးတာမျိုး မြောက်ကိုရီးယားဟာ နောက်တစ်ကြိမ် ဘယ်တော့မှ မလုပ်တော့ဘူးလို့ နိုင်ငံခေါင်းဆောင် ကင်မ်ဂျုံအန်းရဲ့ ညီမဖြစ်သူက ပြောကြားလိုက်ပါတယ်။

အစ်ကိုဖြစ်သူရဲ့ အနီးကပ် အကြံပေး တာဝန်ယူထားပြီး မြောက်ကိုရီးယား အစိုးရ အဖွဲ့ထဲမှာ ဩဇာ အကြီးမားဆုံး အမျိုးသမီး အနေနဲ့ သတ်မှတ်ခံထားရသူ ကင်မ်ယိုဂျောင်က အခုလို ကြုံးဝါးခဲ့တာ ဖြစ်ပါတယ်။ အမေရိကန်မှာ သမ္မတ ဒေါ်နယ်လ်ထရမ့် လက်ထက်တုန်းက မြောက်ကိုရီးယားနဲ့ တွေ့ဆုံ ဆွေးနွေးမှုတွေ ရှိခဲ့ပေမယ့် ရလဒ်ပိုင်းအရ မအောင်မြင်ခဲ့ဘဲ အခြေအနေတွေ ပြန်လည် ခါးသီး အေးစက်သွားခဲ့ပါတယ်။

အဲဒီ ဆွေးနွေးပွဲတွေမှာ ကိုယ်တိုင် ပါဝင်စီစဉ်ခဲ့ဖူးသူ ယိုဂျောင်က မြောက်ကိုရီးယားရဲ့ ဂြိုဟ်တု လွှတ်တင်မှုကို ရှုတ်ချတဲ့ ကုလသမဂ္ဂဆိုင်ရာ အမေရိကန် သံအမတ်ကြီး လင်ဒါ သောမတ်စ် ဂရင်းဖီးလ်ကို တင်းတင်းမာမာ တုံ့ပြန်ရင်း နောက်တစ်ကြိမ် အမေရိကန်နဲ့ ဆွေးနွေးမှုတွေ လုံးဝ ရှိမလာစေရဘူးလို့ ပြောဆိုသွားခဲ့တာပါ။ ဒါ့အပြင် နိုဝင်ဘာလမှာ မြောက်ကိုရီးယား လွှတ်တင်ခဲ့တဲ့ သူလျှိုဂြိုဟ်တုမျိုးတွေ နောက်ထပ်လည်း ထပ်ပြီး လွှတ်တင်ဦးမယ်လို့ ယိုဂျောင်က ဆိုပါတယ်။

သူက ကုလသမဂ္ဂ လုံခြုံရေး ကောင်စီဟာ မြောက်ကိုရီးယားရဲ့ ဂြိုဟ်တု လွှတ်တင်မှုကို ရှုတ်ချဖို့ ဂိုဏ်းစတားဆန်ဆန် တစ်ဖက်သတ် တောင်းဆိုနေတဲ့ အမေရိကန်ကို လိုက်လျောလွန်းနေတယ်လို့လည်း ဝေဖန်ခဲ့ပါတယ်။

လောလောဆယ်တော့ မြောက်ကိုရီးယားဟာ တောင်ကိုရီးယားနဲ့ နှစ်နိုင်ငံ နယ်စပ်မှာ စစ်အင်အားတွေ လျှော့ချရေး သဘောတူညီချက်ကနေလည်း နုတ်ထွက်ခဲ့ပြီး နယ်စပ်စည်းတလျှောက် လုံခြုံရေး ကင်းစခန်းတွေ တိုးမြှင့်တည်ဆောက်နေကြောင်း သိရပါတယ်။

Public Service Announcement

Public Service Announcement