Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

တောင်ငူလေတပ်စခန်းကို ဗုံးသီးနှစ်လုံးကြဲချတိုက်ခိုက်

လေတပ် CDM အရာရှိတစ်ဦးက အထက်ပါ စစ်ရေးတိုက်ခိုက်မှု၏ အားနည်းချက်၊အားသာချက်အချို့ကို ယခုကဲ့သို့ နှိုင်းချိန်ဝေဖန်ထောက်ပြသည်။

(တောင်ငူလေတပ်စခန်းကို ဗုံးသီးနှစ်လုံးကြဲချတိုက်ခိုက်နေစဥ်။ ဓာတ်ပုံ - File Photo)
(တောင်ငူလေတပ်စခန်းကို ဗုံးသီးနှစ်လုံးကြဲချတိုက်ခိုက်နေစဥ်။ ဓာတ်ပုံ - File Photo)

ပဲခူးတိုင်း၊ တောင်ငူမြို့အခြေစိုက် စစ်ကောင်စီလေတပ်စခန်းအတွင်းသို့ မောင်းသူမဲ့ယာဥ်ငယ်အသုံးပြုကာ ဗုံးသီးနှစ်လုံးကြဲချ တိုက်ခိုက်ခဲ့ကြောင်း ကျားသံလုံးစစ်ကြောင်း-သံတောင်မြောက်ပိုင်းအထူးဒေသမှ အသိပေးထုတ်ပြန်သည်။

ဒီဇင်ဘာ ၁ ရက် နံနက် ၁၁နာရီခန့်တွင် ကရင်ပြည်နယ်၊ တပ်မဟာ(၂)၊ သံတောင်မြောက်ပိုင်း(အထူးဒေသ)၊ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်(KNLA) သံတောင်မြောက်ပိုင်းအထူးတပ်ရင်း၏ စစ်ကြောင်းဖြစ်သော ကျားသံလုံးစစ်ကြောင်း-သံတောင်မြောက်ပိုင်းအထူးဒေသ နှင့် Shar Htoo Waw၊ Drone တပ်ဖွဲ့ Lethal Prop တို့ပူးပေါင်းပြီး တောင်ငူလေတပ်စခန်းအတွင်းသို့ အထူးစစ်ဆင်ရေးတစ်ရပ် အနေဖြင့် မောင်းသူမဲ့လေယာဉ်သုံးကာ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

“တောင်ငူလေယာဉ်ကွင်းအတွင်းရှိ Aircraft Hanger များရှိသော နေရာသို့ ပေါက်ကွဲအားပြင်းထန်သော ဗုံးသီး(၂)လုံး ပစ်ချ၍ စစ် ဆင်ရေးတစ်ရပ်ကို ဆင်နွှဲနိုင်ခဲ့ပါကြောင်း ရုပ်သံမှတ်တမ်းထုတ်ပြန် ပေးလိုက်ပါသည်”ဟု တိုက်ခိုက်မှုနှင့်စပ်လျဥ်ပြီး အသိပေးထားသည်။

အဆိုပါတိုက်ခိုက်မှုနှင့်ပတ်သက်၍ ပစ်မှတ်ထိရောက်မှုရှိ၊မရှိနှင့် နောက်ဆက်တွဲအခြေအနေများအား သိရှိနိုင်ရန် ကျားသံလုံးစစ် ကြောင်း-သံတောင်မြောက်ပိုင်းအထူးဒေသထံ People’s Spring က ဆက်သွယ်မေးမြန်းထားသော်လည်း အဆက်အသွယ်မရသေးပေ။

လေတပ် CDM အရာရှိတစ်ဦးက အထက်ပါ စစ်ရေးတိုက်ခိုက်မှု၏ အားနည်းချက်၊အားသာချက်အချို့ကို ယခုကဲ့သို့ နှိုင်းချိန်ဝေဖန်ထောက်ပြသည်။

Public Service Announcement

Public Service Announcement

“လေတပ်စခန်းတစ်ခုကို drone နဲ့ ဗုံးကြဲတာကိုတွေ့တော့ စဉ်းစားမိတာတွေရှိလာတယ်။

စကစဟာ အဲ့လောက်အရေးကြီးတဲ့နေရာတွေတောင် jammerနဲ့ အသေအချာ ကာကွယ်နိုင်တဲ့ system မရှိသေးဘူးဆိုတာပါပဲ။ တော်လှန်ရေးဘက်က ကြတော့လဲ ကိုယ့်တပ်ဖွဲ့တစ်ခုထဲရဲ့ mission အောင်မြင်ရေးကိုပဲ အဓိကထားတာကို တွေ့ရတယ်။ ဘာကြောင့်ပြောတာလဲဆိုတော့ အရမ်းအရေးကြီးတဲ့ ရန်သူ့နေရာ၊ဧရိယာအရမ်းကျယ်တဲ့လေတပ် စခန်းကို တိုက်ခိုက်ဖို့ drone တစ်စီးထဲပဲ သုံးခဲ့တာကို ကြည့်ရင်တွေ့နိုင်ပါတယ်”ဟု ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားသည်။

ထို့အပြင် လေတပ်စခန်းများသည် ဒေသစုံက တော်လှန်ရေးတပ်ဖွဲ့များကို ဒုက္ခပေးခြိမ်းခြောက်နေသည့် နေရာဖြစ်ပြီး စစ်ကောင်စီအတွက် အသက်တမျှအရေးကြီးသည့် နေရာလည်းဖြစ်ရာ တပ်စခန်းအသေးလေးတစ်ခုကိုတိုက်သကဲ့သို့ တိုက်ရန်မသင့်ကြောင်း ထောက်ပြသည်။

“ဒီအချိန်မှာ စကစဟာ Jammer system ကို အဆင့်မြှင့်ဖို့ ကြိုးစားနေပေမယ့် ချက်ချင်းတော့ မရနိုင်ပါဘူး။ တော်လှန်ရေးdrone တပ်ဖွဲ့တွေရဲ့ skill နဲ့ နည်းပညာကတော့ ဒီပုံစံအတိုင်းဆောင်ရွက်နိုင်ပါတယ်။ အဲ့ဒါကြောင့် ရန်သူကိုနလံမထူနိုင်အောင် မဟာဗျူမြောက်စုပေါင်းဆောင်ရွက်ကြပါလို့ အကြံပြုတိုက်တွန်းအပ်ပါတယ်ဗျာ”ဟု အထက်ပါ လေတပ် CDM အရာရှိက ဆိုသည်။

တောင်ငူမြို့နယ်အတွင်း တော်လှန်ရေးအင်အားစုများက ခုခံစစ်မှ ထိုးစစ်ဆင်တိုက်ခိုက်လျှက်ရှိရာ စစ်ကောင်စီတပ်စွဲထားသည့် မိုင်ဒါကွင်းမြောက်ဘက်၊ မင်းကြီးညိုလမ်းအရှေ့ဘက်ရှိ ခပေါင်းခန်းမကို မြို့ပြအထူးပြောက်ကျားတပ်ဖွဲ့က ပြီးခဲ့သည့် နိုဝင်ဘာ ၂၄ ရက်တွင် အနီးကပ်မိုင်းဆွဲတိုက်ခိုက်ခဲ့သေးသည်။