Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ရွှေကျင်မှာတစ်နှစ်အတွင်း ဒေသခံ ပြည်သူသုံးသောင်းနီးပါးစစ်ရှောင်ရ

လက်နက်ကြီးကျရောက်ပေါက်ကွဲမှုတွေကြောင့် ချောင်းဝရွာက အသက် ၅၂ နှစ်အရွယ် ဦးမင်းနိုင်နဲ့ ဝိုင်သစ်ဆိပ်ရွာက အသက် ၅၄ နှစ်အရွယ် ဒေါ်တင်ဌေးတို့ သေဆုံးခဲ့ရတယ်လို့သိရပါတယ်။

ရွှေကျင်မှာတစ်နှစ်အတွင်း ဒေသခံ ပြည်သူသုံးသောင်းနီးပါးစစ်ရှောင်ရ
ရွှေကျင်မှာတစ်နှစ်အတွင်း ဒေသခံ ပြည်သူသုံးသောင်းနီးပါးစစ်ရှောင်ရ

ပဲခူးတိုင်းအရှေ့ခြမ်း ၊ ရွှေကျင်မြို့နယ်ထဲမှာ ၂၀၂၃ ခုနှစ် တစ်နှစ်တာအတွင်း စစ်ကောင်စီတပ်ရဲ့တိုက်ခိုက်မှုတွေကြောင့် ကျေးရွာပေါင်း ၃၀ ကျော်က ဒေသခံပြည်သူသုံး သောင်းနီးပါး ထွက်ပြေးတိမ်းရှောင်ရတယ်လို့ KNU ဗဟိုက ဒီနေ့မှာ ဖော်ပြပါတယ်။

ကျေးရွာထဲ လက်နက်ကြီးနဲ့ပစ်ခတ်တာ ၊ လေကြောင်းတိုက်ခိုက်တာတွေကြောင့် ကျေးရွာ ၃၁ ရွာက ပြည်သူတွေ ထွက်ပြေးခဲ့ရတာလို့ KNU က ဆိုပါတယ်။

နိုဝင်ဘာလ တစ်လထဲမှာတင် ရွှေကျင်မြို့နယ်ထဲက ကျေးရွာ ၁၉ ရွာထဲကို လက်နက်ကြီး အလုံးရေ ၈၀ ကျော်ကျရောက်ပေါက်ကွဲခဲ့တယ်လို့ KNU ရဲ့ဖော်ပြချက်မှာတွေ့ရပါတယ်။

လက်နက်ကြီးကျရောက်ပေါက်ကွဲမှုတွေကြောင့် ချောင်းဝရွာက အသက် ၅၂ နှစ်အရွယ် ဦးမင်းနိုင်နဲ့ ဝိုင်သစ်ဆိပ်ရွာက အသက် ၅၄ နှစ်အရွယ် ဒေါ်တင်ဌေးတို့ သေဆုံးခဲ့ရတယ်လို့သိရပါတယ်။

ဒါအပြင်ဂွေးကုန်းရွာက အသက် ၇ နှစ်အရွယ် ကလေး အပါအဝင် ဒေသခံ ၃ ဦး လက်နက်ကြီးစ ထိမှန်ဒဏ်ရာရတယ်လို့KNU ကပြောပါတယ်။

Public Service Announcement

Public Service Announcement

အရပ်သားနေအိမ်တွေ ပျက်စီးတာ ၊ဒေသခံတွေရဲ့ နွားတွေ ထိခိုက်သေဆုံးမှု ရှိခဲ့တယ်လို့သိရပါတယ်။

ရွှေကျင်ဟာ ကရင်ပြည်နယ်နဲ့ထိစပ်နေတဲ့ ပဲခူးတိုင်းအရှေ့ခြမ်းညောင်လေးပင်ခရိုင်ထဲမှာပါပြီး KNU ၊ PDF တပ်တွေနဲ့ စစ်ကောင်စီတပ်တွေကြားတိုက်ပွဲတွေ မကြာခဏ ဖြစ်လေ့ရှိပါတယ်။