Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

Non-CDMဝန်ထမ်းများ ပြည်သူ့ဘက်ရပ်တည်ရန် နောက်ဆုံးအခွင့်အရေးအားလိုက်နာရန် NUG ပြည်ထဲရေး ထုတ်ပြန်

ကောလင်းမြို့နယ်ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့မှ Non-CDM ဝန်ထမ်းများ အလင်းဝင်ရောက်ရန် အမိန့်ကြေညာစာထုတ်ပြန်ပြီးနောက် Non-CDM ဝန်ထမ်းများ အလင်းဝင်ရောက်လာမှု အခြေအနေကို ဖော်ပြရာ၌ အထက်ပါအတိုင်း ထည့်သွင်း ဖော်ပြခဲ့ခြင်းဖြစ်သည်။

(ကောလင်းမြို့ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက သိမ်းပိုက်ပြီးနောက် တွေ့ရစဉ်။ ဓာတ်ပုံ - KL)
(ကောလင်းမြို့ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက သိမ်းပိုက်ပြီးနောက် တွေ့ရစဉ်။ ဓာတ်ပုံ - KL)

▪️ကောလင်းတွင်တစ်ပတ်အတွင်း Non-CDM ဝန်ထမ်း ၁၀၀နီးပါး အလင်းဝင်ခဲ့ဟု အသိပေး

စစ်ကောင်စီ လက်အောက်တွင် တာဝန်ထမ်းဆောင်နေသည့် Non CDM ဝန်ထမ်းများ အနေဖြင့် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)မှ ပေးအပ်သည့် နောက်ဆုံးသောအခွင့်အရေးအနေဖြင့် ပြည်သူလူထုဘက်မှ ရပ်တည်ကြရန် NUG ပြည်ထဲရေးနှင့် လူဝန်မှုကြီးကြပ်ရေး ဝန်ကြီးဌာနက ယနေ့ ထုတ်ပြန်သည်။

ကောလင်းမြို့နယ်ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့မှ Non-CDM ဝန်ထမ်းများ အလင်းဝင်ရောက်ရန် အမိန့်ကြေညာစာထုတ်ပြန်ပြီးနောက် Non-CDM ဝန်ထမ်းများ အလင်းဝင်ရောက်လာမှု အခြေအနေကို ဖော်ပြရာ၌ အထက်ပါအတိုင်း ထည့်သွင်း ဖော်ပြခဲ့ခြင်းဖြစ်သည်။

လိုက်နာဆောင်ရွက်ခြင်းမရှိပါက ဥပဒေများအရ ပြင်းထန်စွာ အရေးယူဆောင်ရွက်ခြင်းကို မလွဲမသွေ ခံယူရဖွယ်ရှိမည်ဖြစ်ကြောင်းလည်း အသိပေးထားသည်။

စစ်ကိုင်းတိုင်း၊ ကောလင်းခရိုင် ကောလင်းမြို့ကို အမှတ်(၁)စစ်ဒေသ ခရိုင်ကွပ်ကဲမှု အစီအစဉ်ဖြင့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပြည်သူ့ကာကွယ် ရေးအဖွဲ့(ပကဖ)နှင့်တော်လှန်ရေးအဖွဲ့များက နိုဝင်ဘာ၆ ရက်တွင် မြို့သိမ်းတိုက်ပွဲ သိမ်းပိုက်ဆောင်ရွက်ခဲ့ပြီးနောက် ကောလင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ နိုဝင်ဘာ ၂၅ ရက်တွင် စစ်ကောင်စီ လက်အောက်ရှိ Non-CDMဝန်ထမ်းများ ယခု ဒီဇင်ဘာ ၂၅ရက် နောက်ဆုံးထား အလင်းဝင်ရန် အမိန့်ထုတ်ပြန်ခဲ့သည်။

ထိုသို့ အမိန့်ထုတ်ပြန်ပြီး မြို့နယ် Non-CDM ဝန်ထမ်းများ စီမံခန့်ခွဲရေးကော်မတီကို ဖွဲ့စည်းဆောင်ရွက်ခဲ့ရာ ကောလင်း မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့သို့ စစ်ကောင်စီ လက်အောက်ရှိ Non-CDMဝန်ထမ်းများဖြစ်‌သော ထွေအုပ်(၁) ဦး၊ ပညာရေး(၃၃) ဦး၊ စည်ပင်(၅) ဦး၊ လျှပ်စစ်(၅) ဦး၊ အခွန်(၂)ဦး၊ သစ်တော(၂)ဦး၊ သစ်ထုတ်လုပ်ရေး(၄)ဦး၊ သစ်လုပ်ငန်း(၁)ဦး၊ မီးသတ်(၁)ဦး၊ စိုက်ပျိုးရေး(၂)ဦး၊ မြန်မာ့စီးပွားရေးဘဏ်(၂)ဦး၊ မီးရထား(၂၀)ဦး၊ မီးရထားရဲ(၁)ဦး၊ ဆက်သွယ်ရေး(၁)ဦး၊ အား/ကာ(၂)ဦး၊ မြေစာရင်း(၁၃)ဦး၊လူဝင်မှုကြီးကြပ်ရေး(၁)ဦး၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး(၂)ဦး၊ စုစုပေါင်း (၉၈)ဦး အလင်းဝင်ရောက်ခဲ့သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

အဆိုပါ Non CDM များသည်နိုဝင်ဘာ ၂၈ရက်မှ ဒီဇင်ဘာ ၃ရက်အတွင်း အလင်းဝင်လာသူများဖြစ်သည်ဟု ဖော်ပြသည်။

အလင်းဝင်ရောက်သူများအား အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီက ထုတ်ပြန်ထားသည့် နိုင်ငံ့ဝန်ထမ်း CDM မူဝါဒနှင့်အညီ စီမံခန့်ခွဲနိုင်ရန် ညွှန်ကြားချက်များအရ ဆောင်ရွက်သွားမည်ဖြစ်ပြီး လူ့အခွင့်အရေးများနှင့်အညီ ဆောင်ရွက်လျက်ရှိကြောင်း အသိပေးသည်။