Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

အပစ်ရပ်ပြီးနောက် ၁၀၂၇စစ်ဆင်ရေး ရှမ်းမြောက်မှ အခြားနေရာသို့ ရွေ့လျားသည့်ပုံစံဖြစ်နေဟု ညီနောင်သုံးဖွဲ့ အသိပေး

ရှမ်းမြောက်၌ တိုက်ပွဲဝင်နေသည့် ညီနောင်သုံးဖွဲ့အနက်မှ တစ်ဖွဲ့ဖြစ်သည့် ရက္ခိုင့်တပ်တော် (AA) နှင့် စစ်ကောင်စီတို့သည် ရက္ခိုင်ဒေသအပါအဝင် နေရာအချို့၌ တိုက်ပွဲများ ဆက်လက်ရှိနေခဲ့သည့် အခြေအနေကို အထက်ပါအတိုင်း အသိပေးခြင်းဖြစ်သည်။

(ရက္ခိုင့်တပ်​တော်(AA)က ရခိုင်ပြည်နယ် ၊ကျောက်တော်အခြေစိုက် စစ်ကောင်စီတပ်​၏ အမှတ် (၃၇၇) အမြောက်တပ်ရင်းနှင့် ခမရ (၅၃၉) တပ်ရင်းတို့အားတိုက်ခိုက်သိမ်းပိုက်ပြီးသိမ်းဆည်းရရှိသည့် လက်နက်ခဲယမ်း​များအား ထုတ်ပြန်ပြသထားစဉ်။ ဓာတ်ပုံ-AAInfoDesk)
(ရက္ခိုင့်တပ်​တော်(AA)က ရခိုင်ပြည်နယ် ၊ကျောက်တော်အခြေစိုက် စစ်ကောင်စီတပ်​၏ အမှတ် (၃၇၇) အမြောက်တပ်ရင်းနှင့် ခမရ (၅၃၉) တပ်ရင်းတို့အားတိုက်ခိုက်သိမ်းပိုက်ပြီးသိမ်းဆည်းရရှိသည့် လက်နက်ခဲယမ်း​များအား ထုတ်ပြန်ပြသထားစဉ်။ ဓာတ်ပုံ-AAInfoDesk)

▪️ရက္ခိုင်ဒေသ၌ တိုက်ပွဲများ ပြင်းထန်နေ၊ ပလက်၀မှ ထွက်ပြေးသွားသည့် စစ်ကောင်စီတပ်သား ၄၀၀ကျော် ရက္ခိုင်ဒေသ၌ တိုက်ပွဲဝင်နေဟုဆို

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ညီနောင်မဟာမိတ် သုံးဖွဲ့ ဆင်နွှဲလျက်ရှိသော ၁၀၂၇ စစ်ဆင်ရေးကြီးမှာ အခြေအနေတစ်ခုအောက်တွင် ပစ်ခတ်တိုက်ခိုက်မှု ရုတ်တရက်ရပ်တန့်ခဲ့ရသောကြောင့် ရှမ်းမြောက်မှ အခြားနေရာသို့ ရွေ့လျားသည့်ပုံစံမျိုးဖြစ်ခဲ့ကြောင်း တအာင်း၊ ကိုးကန့်၊ ရက္ခိုင် ညီနောင်မဟာမိတ်သုံးဖွဲ့က ယနေ့(ဇန်နဝါရီ ၂၂ရက်) သတင်းထုတ်ပြန်သည်။

ရှမ်းမြောက်၌ တိုက်ပွဲဝင်နေသည့် ညီနောင်သုံးဖွဲ့အနက်မှ တစ်ဖွဲ့ဖြစ်သည့် ရက္ခိုင့်တပ်တော် (AA) နှင့် စစ်ကောင်စီတို့သည် ရက္ခိုင်ဒေသအပါအဝင် နေရာအချို့၌ တိုက်ပွဲများ ဆက်လက်ရှိနေခဲ့သည့် အခြေအနေကို အထက်ပါအတိုင်း အသိပေးခြင်းဖြစ်သည်။

ရက္ခိုင့်တပ်တော်အနေဖြင့်လည်း စစ်ကောင်စီ၏ ကြည်း၊ ရေ၊ လေ ပူးပေါင်းတိုက်ခိုက်မှုများကြားမှ စခန်းသိမ်းတိုက်ပွဲများအပြင် ခုခံစစ်နှင့် တန်ပြန်ထိုးစစ်များကိုပါ ဗျူဟာမြောက်စွာ ဆင်နွှဲလျက်ရှိရာ ရက္ခိုင်ဒေသတွင်း၌မူ တိုက်ပွဲများမှာ တစ်ရက်ပြီးတစ်ရက် ပြင်းထန်လျက်ရှိသည်ဟုဆိုသည်။

ရက္ခိုင်ပြည်နယ် ပေါက်တော၊ မင်းပြား၊ ကျောက်တော်၊ မြောက်ဦး၊ ရသေ့တောင်နှင့် ရမ်းဗြဲမြို့နယ်များ၌ ရက္ခိုင့်တပ်တော် (AA)နှင့် စစ်ကောင်စီတို့ကြား တိုက်ပွဲများမှာ ဆက်လက်ပြင်းထန်နေခဲ့သည်ဟု အသိပေးသည်။

Public Service Announcement

Public Service Announcement

“ရခိုင်မှာ တရုတ်အကျိုးစီးပွားတွေရှိနေတာကိုး။ ဒီအကျိုးစီးပွားတွေကနေ နေ့စဉ် ဒေါ်လာသန်းနဲ့ချီရနေတော့။ ရေနံနဲ့ သဘာဝဓာတ်ငွေ့ကရတာရှိတယ်။ ရေနံစိမ်း စီးဆင်းတာတွေလည်းရှိတယ်။ တိုက်ပွဲဖြစ်နေဆဲကာလမှာတောင် ရေနံစိမ်းသင်္ဘောကြီးတွေ ဝင်၊ထွက်သွားလာနေတာရှိတယ်။ တရုတ်အကျိုးစီးပွားရှိတဲ့အတွက် ကျန်တဲ့ဒေသတွေထက်စာရင် ရခိုင်ကိုတော့ စစ်တပ်က လွယ်လွယ်နဲ့လက်လွှတ်မယ့်သဘောတော့ မရှိဘူး။ စစ်တွေမှာလည်း ကုလားတန်မြစ်ကြောင်းစီမံကိန်း၊ ကျောက်ဖြူမြို့မှာလည်း အထူးစီးပွားရေးဇုန်အပါအဝင် ကျန်တဲ့ ဂတ်စ်လုပ်ငန်းတွေလည်းရှိတယ်။ အထူးစီးပွားရေးဇုန်မှာ တိုက်ပွဲဖြစ်နေဆဲကာလမှာတောင် လက်မှတ်ထိုးပြုလုပ်တာတွေ တွေ့ရတယ်။ AA ကလည်း ကြွေးကြော်ထားတဲ့အတိုင်းပဲ ပထမ ၂၀၂၀မှာ ရအောင်လုပ်မယ်ဆိုပြီးပေါ့။ နယ်မြေစိုးမိုးမှုနဲ့ လက်နက်အင်အားမရှိတဲ့အတွက် နောက်ထပ် ၅နှစ်တိုးပြီးတော့ ၂၀၂၅မှာတော့ ရအောင်လုပ်မယ်ဆိုပြီး ကြွေးကြော်ထားတာရှိတဲ့အတွက် ၂၀၂၄မှာ အဆုံးအဖြတ်တခုခုကို ပေးရမယ့်အချိန်ရောက်လာပြီပေါ့လေ။ AA အနေနဲ့က ၂၄မှာ အပြီးလုပ်ရမယ်ဆိုပြီး ပြည်သူကို ယုံကြည်မှုရအောင် လုပ်ပေးရမယ်ဆိုတော့ နွေဦးတော်လှန်ရေးနဲ့လည်း ကိုက်နေတယ်လေ။ လက်နက်အင်အားအကုန်ထုတ်သုံးပြီးတော့ အစွမ်းကုန်လုပ်မှာဘဲ”ဟု ရခိုင်ဒေသခံတစ်ဦးက ပြောသည်။

ယမန်နေ့ညပိုင်းတွင် မင်းပြားမြို့အား စစ်ကောင်စီ၏ Y-12 လေယာဉ်သည် လေကြောင်းမှ လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် မင်းပြားမြို့၊ ပြည်တော်လှရပ်ကွက်၊ ရွှေပြည်စိုးရပ်ရှိ လူနေအိမ်အချို့ မီးလောင်ပြာကျခဲ့သည်ဟု ဆိုသည်။

AA၏ တိုက်ခိုက်မှုကြောင့် ပလက်ဝဒေသတိုက်ပွဲများမှ အိန္ဒိယနိုင်ငံအတွင်းသို့ ထွက်ပြေးလွတ်မြောက်သွားသော စစ်ကောင်စီတပ်သား ၄၀၀ကျော်အနက်မှ အများစုတို့သည်လည်း ရက္ခိုင်ဒေသစစ်မျက်နှာ၌ တိုက်ပွဲဝင်နေကြပြီဖြစ်သည်ဟု အသိပေးသည်။

အိန္ဒိယနိုင်ငံသို့ ထွက်ပြေးသွားသည့်စစ်ကောင်စီတပ်သားများကို စစ်ကောင်စီက လေယာဉ်ဖြင့် ခေါ်ယူကာ စစ်တွေမြိုသို့ ပြန်လည်ပို့ဆောင်နေခြင်းဖြစ်သည်။

အိန္ဒိယတပ်မ​တော်ကာကွယ်​ရေးဦးစီးချုပ် ဗိုလ်ချုပ်ပန်ဒီကလည်း လွန်ခဲ့သည့် နှစ်လအတွင်း မြန်မာနိုင်ငံဘက်မှ စစ်​ကောင်စီတပ်သား ၄၁၆ ဦး နယ်စပ်ဖြတ်​ကျော်၍ အိန္ဒိယနိုင်ငံသို့ ဝင်​ရောက်လာခဲ့​ကြောင်း​ပြောသည်။ ဇန်နဝါရီ ၁၇ ရက်ကလည်း စစ်ကောင်စီတပ်ဖွဲ့၀င် ၂၇၈ဦးသည် မြန်မာနိုင်ငံဘက်ခြမ်းတွင်ဖြစ်ပွား​​​သောတိုက်ပွဲများ​ကြောင့် မြန်မာ-အိန္ဒိယနယ်စပ် မီဇိုရမ်ပြည်နယ်၊ လောင်တလိုင်ခရိုင်၊ ဘန်ဒို့ဘာန်းရွာသို့ ထွက်ပြေးလာကြပြန်​ကြောင်း အိန္ဒိယသတင်းဌာနများက​ဖော်ပြသည်။ ထို​ကြောင့် ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့်စစ်ကိုင်းတိုင်း ခမ်းပါတ်မြို့သိမ်းတိုက်ပွဲများတွင် စစ်ရှုံးပြီး အိန္ဒိယနိုင်ငံဘက်သို့ ထွက်​ပြေး​​သောစစ်​ကောင်စီတပ်သားမှာ နှစ်လ​ကျော်အတွင်း ၇၀၀ ဦးခန့်ရှိ​နေပြီဖြစ်သည်။

ထို့ပြင်စစ်ကောင်စီသည် ရေလမ်းမှလည်း စစ်သင်္ဘောကြီးများဖြင့် လက်နက်ခဲယမ်း၊ လူအင်အားများကို ရက္ခိုင်ဒေသအတွင်း ဆက်လက်ဖြည့်တင်းနေသောကြောင့် တိုက်ပွဲများမှာ နောက်ရက်များတွင် ယခုထက်ပိုမိုပြင်းထန်လာဖွယ်ရှိကြောင်း ညီနောင်သုံးဖွဲ့က ထုတ်ပြန်သည်။

ယမန်နေ့ (ဇန်နဝါရီ ၂၁ရက်) ၁၀၂၇ စစ်ဆင်ရေး (၈၇) ရက်မြောက်တွင် စစ်ကောင်စီဖက်မှ တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့်နေရာများနှင့် အရပ်သားပြည်သူများနေထိုင်ရာ မြို့၊ ရပ်ရွာများအား လက်နက်ကြီး၊ လေကြောင်းတိုက်ခိုက်မှုများမှာ ယခင်ရက်များနည်းတူ ဆက်လက်ရှိနေခဲ့ကြောင်း ဖော်ပြသည်။

တရုတ်နိုင်ငံ၏ ကြားဝင်စေ့စပ်မှုကြောင့် ညီနောင်သုံးဖွဲ့နှင့် စစ်ကောင်စီတို့သည် ဇန်နဝါရီ ဒုတိယပတ်တွင် အပစ်ရပ်စဲရေးသဘောတူညီချက် လုပ်ဆောင်ခဲ့ရသော်လည်း စစ်ကောင်စီက ရှမ်းမြောက်တွင် လေကြောင်း၊ လက်နက်ကြီးတိုက်ခိုက်မှုများနှင့် ထိုးစစ်အချို့ ဆက်ရှိနေသည်ဟု ညီနောင်သုံးဖွဲ့က ယခင်အသိပေးထားသည်။

ရှမ်းမြောက် နမ့်ခမ်းမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းမှ မန်ဝိန်းနှင့် နောင်မကြီး‌ကျေးရွာသို့ ဂျက်ဖိုက်တာဖြင့် လေးကြိမ်တိုင် လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ အဆိုပါ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံအမျိုးသမီးတစ်ဦးအပါအဝင် အမျိုးသားတစ်ဦးတို့မှာ ထိခိုက်ဒဏ်ရာအပြင်းအထန်ရရှိခဲ့ရကြောင်း ထုတ်ပြန်သည်။

ထို့အပြင် မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်ရှိ စစ်ကောင်စီတပ်မှ အထက်ပိန်ပြစ်ကျေးရွာဘုန်းကြီးကျောင်းသို့ တမင်တကာ ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးများဖြင့် သုံးကြိမ်တိုင်တိုင် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဖော်ပြထားသည်။