မဘိမ်းမြို့ကို KIAနှင့် ပူးပေါင်းတပ်ဖွဲ့များကတိုက်ခိုက်သိမ်းယူလျြက်ပြီးနောက် စစ်ကောင်စီတပ်က ကသာမြိုနယ်နှင့်မဘိမ်းမြို့နယ်ကြားရှိ ငါးအိုးရွာတွင် ခံစစ်ပြင်ဆင်နေကြောင်း ဒေသခံများကပြောသည်။
ရှမ်းပြည်နယ် မြောက်ပိုင်းမှ မဘိမ်းမြို့ကို KIA ၊ KPDF ၊ ABSDF နှင့် PDF ပူးပေါင်းတပ်က ဇန်နဝါရီလ ၁၉ ရက်နေ့မှ စတင်၍ တိုက်ခိုက်ခဲ့ကြပြီး သုံးရက်အကြာဇန်နဝါရီလ ၂၁ ရက်နေ့ နံနက်တွင် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။ မဘိမ်းမြို့သည် ရှမ်းပြည်နယ် ၊ကချင်ပြည်နယ် ၊စစ်ကိုင်းတိုင်း အစပ်ရှိမြို့ဖြစ်သည်။
![(မဘိမ်းမြို့နယ် ၊ငါးအိုးရွာကို Google Earth တွင်တွေ့ရမှု)](https://i0.wp.com/www.ludunwayoo.com/wp-content/uploads/2024/01/421836751_716144283917700_2373551820515151567_n.jpg?resize=880%2C953&ssl=1)
![(မဘိမ်းမြို့နယ် ၊ငါးအိုးရွာကို Google Earth တွင်တွေ့ရမှု)](https://i0.wp.com/www.ludunwayoo.com/wp-content/uploads/2024/01/420055382_716144360584359_5779165835076641235_n.jpg?resize=608%2C1080&ssl=1)
၂၀၁၉ စက်တင်ဘာလအထိစာရင်းအရ မဘိမ်းမြို့ပေါ်တွင်ပြည်သူ ၄၃၅၉ ဦး ၊ မဘိမ်းမြို့နယ် အတွင်းရှိ ကျေးရွာများတွင် ၃၇၂၇၆ ဦးနေထိုင်ပြီး တစ်မြို့နယ်လုံးတွင်ပြည်သူ လေူသောင်းတစ်ထောင်ကျော်နေထိုင်သည်။
ငါးအိုးရွာသည် မဘိမ်းမြို့နယ်ထဲတွင်ပါရှိသော်လည်း စစ်ကိုင်းတိုင်း၊ ကသာမြို့နှင့် နီးသည်။၂၀၁၄ သန်းခေါင်းစာရင်းအရ လူဦးရေ ၁၁,၀၀၀ ကျော်ရှိသောရွာကြီးဖြစ်သည်။ငါးအိုးရွာ အခြေစိုက် ခလရ(၁၂၁) ထဲတွင် စစ်ကောင်စီက လက်နက်ကြီးများ ပြင်ဆင်ထားသလို ရမ်းသမ်းပစ်ခတ်မှုများ ပြုလုပ်နေကြောင်း ဒေသခံများက ပြောသည်။
” ငါးအိုးတပ်ထဲမှာ ခြေရှုပ်နေတယ်။ ခံစစ်ပြင်မယ်လို့ တပ်ရင်းထဲကနေ ပြန်ကြားရတယ်။ ညကလည်း လက်နက်ကြီးတွေရမ်းသမ်းပစ်တယ်” ဟု ငါးအိုး ဒေသခံတဦးကပြောသည်။
![Public Service Announcement](https://i0.wp.com/www.ludunwayoo.com/wp-content/uploads/2024/01/PSA_Inside_Story_Nutrition-First-1000-Days-scaled.jpg?resize=880%2C215&ssl=1)
Public Service Announcement
ထို့ကြောင့် ငါးအိုးရွာမှဒေသခံပြည်သူများသည် ကသာမြို့ဘက်သို့ ထွက်ပြေးတိမ်းရှောင်နေကြကြောင်း ဒေသခံများကပြောသည်။
မဘိမ်းမြို့ကို ကချင်လွတ်လပ်ရေးတပ်မတော် KIA၊ KPDF၊ PDFများနှင့် ပူးပေါင်းတိုက်ခိုက်ခဲ့ပြီးသိမ်းပိုက်ထိန်းချုပ်ထားကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး(ABSDF) က သတင်းထုတ်ပြန်ထားသည်။
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းထိစပ်ဒေသများ၌ စစ်ရေးတင်းမာလာနိုင်သည့်အခြေ အနေကို ကြိုတင်သတိပြုရန် ကသာမြို့နယ်ပြည်သူ့အုပ်ချုပ်အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
![](https://i1.wp.com/ludunwayoo.com/wp-content/uploads/2021/08/banner-logo1-50px.png)