Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

အိန္ဒိယထွက်ပြေးတဲ့ စစ်ကောင်စီတပ်သား​တွေကိုသွားခေါ်တဲ့စစ်ကောင်စီလေယာဥ် မ​တော်တဆဖြစ်

အိန္ဒိယထွက်​ပြေးတဲ့ စစ်သား ၂၇၆ ​ယောက်ထဲက ပထမအသုတ် ၁၈၄ ဦး​ကို ဇန်နဝါရီ ၂၂ ရက်မှာ​​လေယာဥ်နဲ့​ခေါ်သွားပြီးဒုတိယအသုတ်ကို ဒီက​နေ့မနက်သွား​ခေါ်တာမှာ​လေယာဥ်မ​တော်တဆဖြစ်ခဲ့တာပါ။

ဓါတ်ပုံ-The Lairam Times
ဓါတ်ပုံ-The Lairam Times

ရက္ခိုင့်တပ်​တော်-AA ကတိုက်ခိုက်၍ စစ်ရှုံးပြီး အိန္ဒိယနိုင်ငံ ၊မီဇိုရမ်ပြည်နယ်သို့ ထွက်ပြေးသွားကြတဲ့ စစ်ကောင်စီတပ်သား ၂၇၆ ဦးကို သွား​ခေါ်တဲ့ စစ်​ကောင်စီ​လေယာဥ်ဟာLengpui လေဆိပ်အဆင်းမှာ ပြေးလမ်းချော်မှုဖြစ်ပွားခဲ့တယ်လို့ အိန္ဒိယ​ဒေသတွင်းသတင်းဌာန​တွေက​ဖော်ပြပါတယ်။

ဓါတ်ပုံ-The Lairam Times
ဓါတ်ပုံ-The Lairam Times

ဒီ​နေ့ အိန္ဒိယစံ​တော်ချိန် မနက် ၁၀ နာရီ ၁၇ မိနစ်မှာ​လေယာဥ်မ​တော်တဆဖြစ်တာဖြစ်ပြီး ထိခိုက်ဒဏ်ရာရရှိမှု​တွေရှိတယ်လို့ သိရပါတယ် ။ ​လေယာဥ်ဟာ ခါကျိုးအက်သွားတာကိုပုံ​တွေမှာ​တွေ့ရပြီး ​လေယာဥ်ဆီက​နေ ထမ်းစင်နဲ့ ဒဏ်ရာရသူအချို့ကို ​ခေါ်ထုတ်​နေတာကိုလည်း The Lairam Times သတင်းဌာနက​ဖော်ပြထားပါတယ် ။

ဓါတ်ပုံ-The Lairam Times
ဓါတ်ပုံ-The Lairam Times

အိန္ဒိယထွက်​ပြေးတဲ့ စစ်သား ၂၇၆ ​ယောက်ထဲက ပထမအသုတ် ၁၈၄ ဦး​ကို ဇန်နဝါရီ ၂၂ ရက်မှာ​​လေယာဥ်နဲ့​ခေါ်သွားပြီးဒုတိယအသုတ်ကို ဒီက​နေ့မနက်သွား​ခေါ်တာမှာ​လေယာဥ်မ​တော်တဆဖြစ်ခဲ့တာပါ။