Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ရွှေဘိုမြို့ နယ်သီးလုံးရွာမှ ပျူစောထီးတစ်ဦး လက်နက်နှင့်အတူ အလင်းဝင်လာ

အလင်းဝင်လာသည့် ပျူစောထီးအဖွဲ့ဝင်သည် တော်လှန်ရေး၌ ဆက်လက်ပါဝင်နေပြီး ၎င်း၏ မိသားစုဝင်များကို လုံခြုံသည့်နေရာတွင် စားသောက်နေထိုင်ရေးစီစဥ်ပေးထားကြောင်း အထက်ပါတာဝန်ခံက ရှင်းပြသည်။

(သီးလုံးပျူရွာမှ ပျူစောထီးအဖွဲ့ဝင်အား ဆုငွေချီးမြှင့်နေစဥ်။ ဓာတ်ပုံ-ဗိုလ်ကျားရိုင်း)
(သီးလုံးပျူရွာမှ ပျူစောထီးအဖွဲ့ဝင်အား ဆုငွေချီးမြှင့်နေစဥ်။ ဓာတ်ပုံ-ဗိုလ်ကျားရိုင်း)

▪️ကျပ်သိန်း ၅၀ ချီးမြှင့်ခံရ

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ သီးလုံးပျူရွာမှ ပျူစောထီးအဖွဲ့ဝင်တစ်ဦး လက်နက်နှင့်အတူ အလင်းဝင်လာ၍ ကျပ်သိန်း ၅၀ ချီးမြှင့်ခဲ့ကြောင်း ဗိုလ်ကျားရိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

သီးလုံးပျူရွာမှ ပျူစောထီးအဖွဲ့ဝင်တစ်ဦးသည် G3 တစ်လက်၊ G3ကျည်ဘောက် ၄ခု၊ ကျည် ၁၅၀ ဖြင့် အလင်းဝင်ရောက်လာ၍ ကျပ်သိန်း ၅၀ ဂုဏ်ပြုချီးမြှင့်ခဲ့ခြင်းဖြစ်ကြောင်း ဗိုလ်ကျားရိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

“ဝင်တာက သီးလုံးဝင်မသိမ်းခင်ထဲကပါ။ ဆုကိုတော့ ခုမှ ချီးမြှင့်နိုင်တာပါ။ အရင်က ပျူပေါ့။

သူ့ရဲ့ပြောပြချက်အရ သီးလုံးရဲ့ အတွင်းကိစ္စတွေကို သိခဲ့ရတာပါ။သူက ဝင်ချင်နေတာက ကြာပြီ။ ဖရဲသီးအနေနဲ့ အတွင်းသတင်းရအောင် အထဲမှာပဲ နေခိုင်းထားခဲ့တာ တစ်နှစ်ကျော်ဝန်းကျင်ရှိပြီ။”ဟု ဗိုလ်ကျားရိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

Public Service Announcement

Public Service Announcement

အလင်းဝင်လာသည့် ပျူစောထီးအဖွဲ့ဝင်သည် တော်လှန်ရေး၌ ဆက်လက်ပါဝင်နေပြီး ၎င်း၏ မိသားစုဝင်များကို လုံခြုံသည့်နေရာတွင် စားသောက်နေထိုင်ရေးစီစဥ်ပေးထားကြောင်း အထက်ပါတာဝန်ခံက ရှင်းပြသည်။

သီးလုံးရွာပျူစောထီးစခန်းကို ဗိုလ်ကျားရိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် ဒေသတွင်း တော်လှန်ရေးအင်အားစုများက ဇန်နဝါရီ ၂၀ ရက် ညတွင် စခန်းသိမ်းသွားရောက်တိုက်ခိုက်ရာ ပျူစောထီးအဖွဲ့ဝင် ၁၄ဦး အရှင်ဖမ်းမိပြီး လက်နက်ခဲယမ်းအချို့သိမ်းဆည်းရမိခဲ့သည်။