Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ကျောက်တံခါးမြို့နယ်တွင် လမ်းပိုင်းစစ်ဆေးမှုလုပ်နေသည့် PDFနှင့် စစ်ကောင်စီတပ် တိုက်ပွဲဖြစ်

အဆိုပါထိတွေ့တိုက်ပွဲအတွင်း ဒဏ်ရာရရှိသွားသော စစ်ကောင်စီတပ်ဖွဲ့ဝင်များ သေဆုံးခြင်းရှိ၊ မရှိကို အတည်ပြုနိုင်ခြင်း မရှိသေးဘဲ ဆက်လက်စုံစမ်းနေဆဲဖြစ်ပြီး ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့ဝင်များမှာ အထိအခိုက်အန္တရယ်မရှိ တိုက်ခိုက်နိုင်ခဲ့ကြောင်း အသိပေးထားသည်။

(မင်းလှ-စိန်ကန့်လန့် ပဲခူးရိုးမဖြတ်လမ်း၌ လမ်းပိုင်းစစ်ဆေးရေးလုပ်ဆောင်နေသော ပဲခူးခရိုင် တပ်ရင်း ၃၇၀၁ မှ ရဲဘော်များအား တွေ့ရစဥ်။ ဓာတ်ပုံ - Bago Region PDF)

ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်၊ မင်းလှ – စိန်ကန့်လန့်လမ်းပိုင်းတွင် နယ်မြေစိုးမိုးရေးအတွက် စစ်ဆေးမှုများလုပ်ဆောင်နေစဥ် စစ်ကောင်စီတပ်နှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း စစ်တိုင်းဌာန-ပဲခူးတိုင်းမှ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ယမန်နေ့(ဇန်နဝါရီ ၂၃)နံနက် ၆ နာရီခန့်မှ စတင်ကာ မင်းလှ – စိန်ကန့်လန့် ပဲခူးရိုးမဖြတ် လမ်း၌ ပဲခူးခရိုင် တပ်ရင်း ၃၇၀၁၊ တပ်ခွဲ (၅) (Dike-U Defence Force)က နယ်မြေစိုးမိုးရေးစစ်ဆေးမှုများ ပြုလုပ်နေစဉ် နံနက် ၁၀နာရီခန့်တွင် စစ်ကောင်စီတပ်မှ စစ်ကားနှစ်စီးဖြင့် လာရောက်တိုက်ခိုက်ခဲ့ရာ နှစ်ဘက်တိုက်ပွဲဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

(မင်းလှ-စိန်ကန့်လန့် ပဲခူးရိုးမဖြတ်လမ်း၌ လမ်းပိုင်းစစ်ဆေးရေးလုပ်ဆောင်နေသော ပဲခူးခရိုင် တပ်ရင်း ၃၇၀၁ မှ ရဲဘော်များအား တွေ့ရစဥ်။ ဓာတ်ပုံ - Bago Region PDF)
(မင်းလှ-စိန်ကန့်လန့် ပဲခူးရိုးမဖြတ်လမ်း၌ လမ်းပိုင်းစစ်ဆေးရေးလုပ်ဆောင်နေသော ပဲခူးခရိုင် တပ်ရင်း ၃၇၀၁ မှ ရဲဘော်များအား တွေ့ရစဥ်။ ဓာတ်ပုံ – Bago Region PDF)

“မနေ့(ဇန်နဝါရီ ၂၃)က မနက်ပိုင်းမှာ ကျနော်တို့ရဲဘော်တွေက မင်းလှ-စိန်ကန့်လန့်လမ်းပိုင်းမှာ လုံခြုံရေးဆောင်ရွက်တယ်၊ နယ်မြေစိုးမိုးရေးအတွက် အဲဒီအချိန်မှာ မနက် ၁၀ နာရီလောက်မှာ စစ်ကောင်စီဘက်က ကားနှစ်စီးနဲ့တက်လာတဲ့အတွက် ထိတွေ့တိုက်ပွဲဖြစ်တယ်။ ဒီပွဲမှာ စစ်ကောင်စီဘက်က ငါးဦးထိ ခိုက်ဒဏ်ရာရသွားပါတယ်”ဟု တိုင်းစစ်ဌာ န-ပဲခူးတိုင်းမှ ပြန်ကြားရေးတာဝန်ခံက People’s Spring သို့ ပြောသည်။

(မင်းလှ-စိန်ကန့်လန့် ပဲခူးရိုးမဖြတ်လမ်း၌ လမ်းပိုင်းစစ်ဆေးရေးလုပ်ဆောင်နေသော ပဲခူးခရိုင် တပ်ရင်း ၃၇၀၁ မှ ရဲဘော်များအား တွေ့ရစဥ်။ ဓာတ်ပုံ - Bago Region PDF)
(မင်းလှ-စိန်ကန့်လန့် ပဲခူးရိုးမဖြတ်လမ်း၌ လမ်းပိုင်းစစ်ဆေးရေးလုပ်ဆောင်နေသော ပဲခူးခရိုင် တပ်ရင်း ၃၇၀၁ မှ ရဲဘော်များအား တွေ့ရစဥ်။ ဓာတ်ပုံ – Bago Region PDF)

ထိတွေ့တိုက်ပွဲမှာ တစ်နာရီခန့်ကြာမြင့်ခဲ့ပြီး စစ်ကောင်စီတပ်မှ ငါးဦးခန့် ဒဏ်ရာရရှိခဲ့ရာ ၎င်းတို့ဘက်မှ အင်အား ၂၀ခန့်ဖြင့် ဝိုင်းဝန်းတိုက်ခိုက်ခဲ့သော်လည်း တော်လှန်ရေးရဲဘော်များ၏ ကြိုတင်ပြင်ဆင်ထားရှိမှု၊ ပစ်ခတ်တိုက်ခိုက်မှုများကြောင့် အထိအခိုက်မရှိခဲ့ဘဲ စစ်ကောင်စီဘက်မှ ဒဏ်ရာရသူများကို ကားပေါ်ဆွဲတင်၍ တောင်ငူမြို့ဘက်သို့ တပ်ဆုတ် သွားခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။

(မင်းလှ-စိန်ကန့်လန့် ပဲခူးရိုးမဖြတ်လမ်း၌ လမ်းပိုင်းစစ်ဆေးရေးလုပ်ဆောင်နေသော ပဲခူးခရိုင် တပ်ရင်း ၃၇၀၁ မှ ရဲဘော်များအား တွေ့ရစဥ်။ ဓာတ်ပုံ - Bago Region PDF)
(မင်းလှ-စိန်ကန့်လန့် ပဲခူးရိုးမဖြတ်လမ်း၌ လမ်းပိုင်းစစ်ဆေးရေးလုပ်ဆောင်နေသော ပဲခူးခရိုင် တပ်ရင်း ၃၇၀၁ မှ ရဲဘော်များအား တွေ့ရစဥ်။ ဓာတ်ပုံ – Bago Region PDF)

အဆိုပါထိတွေ့တိုက်ပွဲအတွင်း ဒဏ်ရာရရှိသွားသော စစ်ကောင်စီတပ်ဖွဲ့ဝင်များ သေဆုံးခြင်းရှိ၊ မရှိကို အတည်ပြုနိုင်ခြင်း မရှိသေးဘဲ ဆက်လက်စုံစမ်းနေဆဲဖြစ်ပြီး ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့ဝင်များမှာ အထိအခိုက်အန္တရယ်မရှိ တိုက်ခိုက်နိုင်ခဲ့ကြောင်း အသိပေးထားသည်။

Public Service Announcement

Public Service Announcement